9/16/2014

♪ ရန်ကုန်နှင့် မန္တလေးမြို့များတွင် MPT နှင့် KDDI ပူးပေါင်းပြီး ဖိုက်ဘာဆက်ကြောင်း တည်ဆောက်မှုများ လုပ်ကိုင်မည် ♫

http://www.m-mediagroup.com/wp-content/uploads/2013/11/Bandwidth.jpg

ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍအတွက် အကျိုးတူဆောင်ရွက်နေသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT နှင့်  ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ KDDI တို့သည် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖိုက်ဘာဆက်ကြောင်း တည်ဆောက်သည့် လုပ်ငန်းများကို လုပ်ကိုင်သွားရန် စီစဉ်နေကြပြီဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ သတင်းရရှိသည်။
MPT နှင့် KDDI တို့၏ ရန်ကုန်၊ မန္တလေးဖိုက်ဘာဆက်ကြောင်း စီမံကိန်းသည် ထိုဒေသနှစ်ခုရှိ စက်ရုံ၊ အလုပ်ရုံများ၊ အစိုးရရုံးဌာနများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ စာသင်ကျောင်းနှင့် ဆေးရုံများအစရှိသည့် နေရာများတွင် အင်တာနက် ဆက်သွယ်ရေးစနစ်ကို အလွယ်တကူ အသုံးပြုနိုင်ကြစေရန် အတွက်ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ မန္တလေးမြို့ကြီး နှစ်မြို့၏လိုအပ်ချက်ရှိသော နေရာများတွင် ဆက်သွယ်တည်ဆောက်မည့် ဖိုက်ဘာ ဆက်ကြောင်း တည်ဆောက်မှုလုပ်ငန်းကို ယခုနှစ်အတွင်း အကောင်အထည် ဖော်နိုင်ရန် နှစ်ဖက်ဆက်သွယ်ရေး ကုမ္ပဏီများမှ ဆွေးနွေးမှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။ ထို့အပြင် လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာ အားဖြင့် သုံးစွဲမှုနည်းပါးနေသေးသော အဆိုပါ ဖိုက်ဘာဆက်ကြောင်း ဝန်ဆောင်မှုကို သင့်တင့်သော ဝန်ဆောင်ခ များဖြင့် ရောင်းချနိုင်ရန်လည်း ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြည်တွင်း၌ ဖိုက်ဘာဆက်ကြောင်း ဆက်သွယ်ရေး ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဝန်ဆောင် မှုပေး ရောင်းချနေသည်မှာ အချိန်ကြာမြင့် နေပြီဖြစ်သော်လည်း ယခုအချိန်အထိ သုံးစွဲသူအရေအတွက်မှာ နည်းပါး လွန်းသေးပြီး ရန်ကုန်၊ မန္တလေးမြို့များရှိ ပုဂ္ဂလိကလုပ်ငန်းရှင် အနည်းငယ်သာ ချိတ်ဆက်အသုံးပြု နေကြကြောင်း သိရသည်။
-ယုဇနကိုကို




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>