9/12/2014

♪ Lenovo Vibe X2 နှင့် Vibe Z2 တို့ကို ကြေညာ ♫


Lenovo က Vibe X2 နှင့် Vibe Z2 စမတ်ဖုန်းများကို ကြေညာလိုက်ပါသည်။

Vibe X2 တွင် ငါးလက်မ 1080p Display , 2GB RAM, 2.0GHz Octa-Core Processor တပ်ဆင်ထားပါသည်။ 32GB Internal Storage ပါရှိပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 5MP Camera တပ်ဆင်ထားပါသည်။ 2300mAh Battery တပ်ဆင်ထားပါသည်။ ငါးလက်မအရွယ် စမတ်ဖုန်း ဖြစ်သော်လည်း အလေးချိန်မှာ ၁၂၀ ဂရမ် ရှိပါသည်။ ၇.၂၇ မီလီမီတာ အထူရှိပါသည်။ Android 4.4 KitKat ကို Lenovo ၏ Vibe UI 2.0 နှင့် တွဲဖက် အသုံးပြုထားပါသည်။



Vibe Z2 တွင် ၅.၅ လက်မ 720p Display , 64-bit 1.2GHz Octa-Core Snapdragon 410 Chipset ကို တပ်ဆင်ထားပါသည်။ 2GB RAM ပါရှိပါသည်။ အနောက်ဘက်တွင် 13MP နှင့် မျက်နှာချင်းဆိုင်တွင် 8MP Camera တပ်ဆင်ထားပါသည်။ ၁၅၈ ဂရမ် အလေးချိန်ရှိပြီး Dual-SIM အသုံးပြုနိုင်ပါသည်။

Vibe X2 ကို ဒေါ်လာ ၃၉၉ နှင့် Vibe Z2 ကို ဒေါ်လာ ၄၂၉ သတ်မှတ်ထားပြီး အောက်တိုဘာလတွင် တရုတ်တွင် ရောင်းချမည် ဖြစ်သည်။ နောက်ပိုင်းတွင် အာရှနှင့် ဥရောပနိုင်ငံများ တွင်ရောင်းချ မည် ဖြစ်သည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>