9/02/2014

♪ HTC Desire 820 တွင် Quad-Core 64-bit CPU ကို အသုံးပြုထားမည် ♫

Photo: HTC Desire 820 တွင် Quad-Core 64-bit CPU ကို အသုံးပြုထားမည်
================================================
 
HTC က  64-bit Snapdragon Chipset ကို ပထမဆုံး Android စမတ်ဖုန်းတွင် ထည့်သွင်း၍ Desire 510 အနေဖြင့် မိတ်ဆက်ခဲ့ပါသည်။ ယခုအခါ စွမ်းဆောင်ရည်မြင့် Desire 820 သည်လည်း 64-bit Octa-Core Processor ကို တပ်ဆင်ထားမည့် ပထမဆုံး စမတ်ဖုန်းဖြစ်လာမည်ဟု အင်တာနက် စာမျက်နှာများတွင် သိရပါသည်။ 

HTC က တရားဝင်ကြေညာထားခြင်းမဟုတ်ဘဲ Twitter မှ ထွက်ပေါ်လာသော သတင်းအရ  Desire 820 တွင် ၅.၅ လက်မ 720p Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 2600mAh Battery တပ်ဆင်ထားပါသည်။ 
Chipset မှာ MSM8916 ဟု သိရပြီး Desire 510 တွင် အခြေခံထားသော Quad-Core Processor ပါသည့် Snapdragon 410 Chipset နှင့် တူညီသည်ဟု သိရပါသည်။ Desire 820 တွင် 1.5GB RAM, 8GB Internal Storage ပါရှိပါသည်။ 

Octa-Core နှင့် ပတ်သက်သည့် သတင်းအချက်အလက်များမှာ တရုတ် လူမှုကွန်ရက် Weibo မှ ထွက်ပေါ်လာသဖြင့် Desire 820 ကို နှစ်မျိုးနှစ်စား ထုတ်လုပ်ပေးထားခြင်း ဖြစ်နိုင်ပါသည်။ HTC က အာရှအတွက်သာ ရည်ရွယ်ထားသော ပိုမိုစွမ်းဆောင်ရည်ကောင်းသည့် စမတ်ဖုန်းကို ယခင်က ရောင်းချခဲ့ဖူးပါသည်။

HTC က 64-bit Snapdragon Chipset ကို ပထမဆုံး Android စမတ်ဖုန်းတွင် ထည့်သွင်း၍ Desire 510 အနေဖြင့် မိတ်ဆက်ခဲ့ပါသည်။ ယခုအခါ စွမ်းဆောင်ရည်မြင့် Desire 820 သည်လည်း 64-bit Octa-Core Processor ကို တပ်ဆင်ထားမည့် ပထမဆုံး စမတ်ဖုန်းဖြစ်လာမည်ဟု အင်တာနက် စာမျက်နှာများတွင် သိရပါသည်။

HTC က တရားဝင်ကြေညာထားခြင်းမဟုတ်ဘဲ Twitter မှ ထွက်ပေါ်လာသော သတင်းအရ Desire 820 တွင် ၅.၅ လက်မ 720p Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 2600mAh Battery တပ်ဆင်ထားပါသည်။ Chipset မှာ MSM8916 ဟု သိရပြီး Desire 510 တွင် အခြေခံထားသော Quad-Core Processor ပါသည့် Snapdragon 410 Chipset နှင့် တူညီသည်ဟု သိရပါသည်။ Desire 820 တွင် 1.5GB RAM, 8GB Internal Storage ပါရှိပါသည်။

Octa-Core နှင့် ပတ်သက်သည့် သတင်းအချက်အလက်များမှာ တရုတ် လူမှုကွန်ရက် Weibo မှ ထွက်ပေါ် လာသဖြင့် Desire 820 ကို နှစ်မျိုးနှစ်စား ထုတ်လုပ်ပေးထားခြင်း ဖြစ်နိုင်ပါသည်။ HTC က အာရှအတွက်သာ ရည်ရွယ်ထားသော ပိုမိုစွမ်းဆောင်ရည်ကောင်းသည့် စမတ်ဖုန်းကို ယခင်က ရောင်းချခဲ့ဖူးပါသည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>