9/10/2014

♪♪ Dell ချစ်သူများအတွက် တန်ဖိုးသင့်တင့်တဲ့ Dell Venue 7 Tablet Review ♫♫

http://internetjournal.com.mm/sites/default/files/styles/slider_img/public/images/2014/09/Dell-launched-Venue-7-and-Venue-8-Tablet_0.jpg

ဒီဇိုင်းနှင့် မျက်နှာပြင်
အလျား ၇.၆ လက်မ၊ အနံ ၄.၆၅ လက်မနှင့် အထူ ၀.၃၈ လက်မသာ ရှိပြီး ကိုယ်ထည်ဒီဇိုင်းဖွဲ့စည်းပုံ ကျစ်လျစ်မှုရှိသည်။ အသံအတိုးအကျယ် ခလုတ်များကို ဘယ်ဘက်ဘောင်ပေါ်၌ အားသွင်းပေါက် အောက်ဘက်နားတွင် ထည့်သွင်းထားပြီး နားကြပ်ပေါက်ကို အပေါ်ဘက်ဘောင်တွင် ထည့်သွင်းထားသည်။ စပီကာကို အောက်ဘက်ဘောင်ပေါ်တွင် တပ်ဆင် ထားပြီး ညာဘက်ဘောင်ပေါ်တွင် micro-SIM ပေါက်များ ပါဝင်မည်ဖြစ်သည်။ အလေးချိန် ၃၁၉ ဂရမ်သာရှိပြီး အနည်းငယ် လေးလံသည့် ကိုယ်ထည်က ကိုင်တွယ် အသုံးပြုမှုအတွက် အထူးကောင်းမွန်မည်ဖြစ်သည်။ IPS LCD အမျိုးအစား Capacitive Toucscreen ကို အသုံးပြုထားပြီး resolution 1280x800 pixels အထိ အပြည့်အဝထောက် ပံ့ပေးနိုင်မည်ဖြစ်သည်။ မြင်ကွင်းအကျယ် ဒေါင့်ဖြတ်အတိုင်းအတာ ၇ လက်မရှိပြီး Multitouch စနစ်လည်း ထောက်ပံ့ ပါဝင်မည် ဖြစ်သည်။
စွမ်းဆောင်ရည်
Dual-core 1.6GHz အမျိုးအစား CPU ကို ထည့်သွင်းထားပြီး Intel Atom Z2560 Chipset ကို အသုံးပြုထား သည်။ ဂရပ်ဖစ်စနစ် သီးခြားပါဝင်မှု မရှိသည့်အတွက် Built-in ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ မှတ်ဥာဏ်ပမာဏ 2GB RAM ပါဝင်ပြီး အချက်အလက် သိုလှောင်မှုအတွက် 16GB Internal Storage ပါဝင်သည့်အပြင် microSD ဖြင့် 32GB အထိ တိုးမြှင့်အသုံးပြုနိုင်သည်။ Android OS အမျိုးအစားသည် v4.3 (Jelly Bean) ဖြစ်ပြီး GPS ၊ WiFi ၊ Bluetooth v4.0 စနစ်များ ထောက်ပံ့ပါဝင်မည်ဖြစ်သည်။
ကင်မရာနှင့် ဘက်ထရီ
Resolution 2480x1536 pixels ပမာဏအထိ ပုံရိပ်ဖော်ဆောင်ပေးနိုင်သည့် 3.15MP အမျိုးအစား နောက်ကင်မရာ ကို ကျောဘက်ကာဗာ အပေါ်ပိုင်းတွင် တပ်ဆင်ထားပြီး ရှေ့တွင်တပ်ဆင်ထားသည့် ကင်မရာသည် VGA အမျိုး အစားဖြစ်သည်။ နေ့စဉ်အသုံးပြုမှုအတွက် လုံလောက်မှုရှိသည့် 4100 mAh ပမာဏရှိသော Li-on အမျိုးအစား ဘက်ထရီကို ထည့်သွင်းထားပြီး ဘက်ထရီဖြင့် ၁၅ နာရီ ဝန်းကျင်ခန့် အသုံးပြုနိုင်မည်ဖြစ်သည်။ non-removable ဘက်ထရီဖြစ်သည်။
အားသာချက်
Dell Venue 7 သည် အရည်အသွေး ကောင်းမွန်သည့်အပြင် သာမန်အသုံးပြုသူများ လက်လှမ်းမီသည့် တန်ဖိုး ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ Tablet စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သည့်အပြင် သိုလှောင်မှုပမာဏကို ထပ်မံတိုးမြှင့်နိုင် သည့် microSD ကတ်အပေါက် တွဲဖက်ပါဝင်မည်ဖြစ်သည်။
အားနည်းချက်
အရွယ်အစားကြီးမားသည့်ဖိုင်များ Download ပြုလုပ်ခြင်းနှင့် App များ Update ပြုလုပ်ခြင်းတို့တွင် စွမ်းဆောင်ရည်ပိုင်း အနည်းငယ်နှေးကွေးသွားမည်ဖြစ်သည်။ ထူထဲသည့် ကိုယ်ထည်က ခေတ်ဟောင်း Tablet ဒီဇိုင်းလို့ အထင်ရှိစေ မည်ဖြစ်သည်။
သုံးသပ်ချက်
GSM 2G/3G အမျိုးအစား SIM ကတ်များကို Optional အနေဖြင့် ထည့်သွင်းအသုံးပြုနိုင်သည့်အပြင် မြင်ကွင်း၏ ရုပ်ထွက်အရည်အသွေးပိုင်း အထူးကောင်းမွန်မည်ဖြစ်သည်။ အကောင်းဆုံး Tablet များထဲမှ တစ်ခုဟု ဆိုရမည်ဖြစ်ပြီး Facebook, email, web စသည့် နေ့စဉ်သုံး လုပ်ငန်းဆောင်များကို တည်ငြိမ်ကောင်းမွန်သော စွမ်းဆောင်ရည်များဖြင့် အသုံးပြုနိုင်မည့် Tablet ဖြစ်သည်။
တန်ဖိုး
၁၉၈,၀၀၀ ကျပ်
ဆက်သွယ်ဝယ်ယူနိုင်မည့် လိပ်စာ
KMD
ဖုန်း-၀၁ ၂၄၅၁၈၀



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>