9/01/2014

♪ ဖုန်းဘက်ထရီကို အမြန်ဆုံးအားသွင်းဖို့ အကြံပေးချက်များ ♫

http://cdn.eteknix.com/wp-content/uploads/2014/07/battery-icons.jpg

ဖုန်းတွေပျက်စီးရခြင်းအကြောင်းတွေထဲမှာ ဘက်ထရီကို ကြာရှည်စွာအားသွင်းခြင်းက ထိပ်ဆုံးကပါဝင်ပါတယ်.. ခု သင့်ဘက်ထရီကို လျင်မြန်စွာ အားသွင်းနိုင်မယ့် Tip and trick အချို့ ကို ရှာဖွေရေးသားလိုက်ပါတယ်

- ဖုန်းနဲ့ကိုက်ညီတဲ့ Adaptor
အကောင်းဆုံးကတော့ မိမိဖုန်းဝယ်စဉ်ကပါလာတဲ့ original adaptor ပါ... အပြင်မှာ လွယ်ကူစွာဝယ်လို့ရတဲ့ adaptor တွေရှိပေမယ့် မူရင်းကိုတော့မမီပါဘူး.. နောက်ပြီး နံရံက socket ကမဟုတ်ဘဲ ကွန်ပျူတာ လက်တော့တွေရဲ့ usb hub တွေကနေ အားသွင်းတာကိုလည်းရှောင်ကျဉ်သင့်ပါတယ်။ဘာလို့လဲဆိုတော့ Battery ရဲ့ Speed ကို ကျဆင်းစေလို့ပါ

- Airplane Modeမှာထားရှိခြင်း
Airplane Mode ကို ဖွင့်ထားပြီးအားသွင်းတာကလည်း အားပြည့်မြန်စေပါတယ်။.. Notification Bar လေးကနေ on နိုင်သလို power button ကို ဖိထားပြီးပေါ်လာတဲ့အကွက်ထဲကနေ on နိုင်ပါတယ်။

- ဖုန်းပိတ်ပြီးအားသွင်းခြင်း
တကယ်လို့ ဖုန်းသုံးဖို့ မလိုအပ်တဲ့အချိန်မှာဆိုရင် ပါဝါကို ပိတ်ပြီးအားသွင်းတာဟာ အကောင်းဆုံးပါပဲ... အားပြန်ပြည့် တာအလွန်မြန်ဆန်ပါတယ်။

- မလိုအပ်တဲ့appများကိုပိတ်ထားခြင်း
ဖုန်းရဲ့နောက်ကွယ်မှာ run နေတဲ့ app process တွေကလည်း အားစားပါတယ်...ထို့အတူ အားသွင်းချိန် ကိုလည်းကြန့်ကြာစေပါတယ် ဥပမာ Bluetooth,GPS,Wifi,NFC စသဖြင့်ပါ။ဒါလေးတွေ ပိတ်ပြီးအားသွင်းရင် လည်းအကျိုးရှိပါတယ် ...တကယ်တော့အသေးအဖွဲလေးပါ..ဒါပေမယ့် အသုံးဝင်တဲ့ အသေးအဖွဲလေးတွေပေါ့။

- Screen မဖွင့်ပါနဲ့
ဖုန်းမှာအားစားများတာကတော့ Screen ပါ..ဖုန်းအားသွင်းနေစဉ်မှာ Screen ကို မပွင့်စေခြင်းကလည်း မိမိ ဖုန်းကို အားပြည့်မြန်ပါစေတယ်..
ဒါတွေကတော့ မိမိဖုန်းဘက်ထရီကို အားသွင်းရာမှာ သတိထားသင့်တဲ့အချက်ကလေးတွေဖြစ်ပါတယ်

Credit >sayyoethe.blogspot.com




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download