Acer က Laptop / Tablet နှစ်မျိုးသုံးနိုင်သည့် Aspire Switch 11 ကို IFA နည်းပညာပြပွဲ တွင် ပြသလိုက်ပါသည်။ ယခင်မျိုးဆက် Acer Aspire Switch 10 ကို Full HD Display ဖြင့် အဆင့်မြှင့်ပြီး Aspire Switch 11 အဖြစ် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
Acer Aspire Switch 11 ကို Notebook, Pad, Display , Tent စသည့် Mode လေးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။ တက်ဘလက် ကဲ့သို့ သီးခြား အသုံးပြုနိုင်သကဲ့သို့ ကီးဘုတ်နှင့် ချိတ်ဆက်ပြီး လက်တော့ အဖြစ် အသုံးပြုနိုင် ပါသည်။

Acer Aspire Switch 11 ကို မော်ဒယ်များစွာ
ထုတ်လုပ်ပေးထားပြီး SW5-171 တွင် ၁၁.၆ လက်မ Full HD 1080p Display , HD
Webcam, Intel Core i5 Processor တပ်ဆင်ထားပါသည်။ 4GB RAM, 128GB SATA Hard
Drive ထည့်သွင်းထားပါသည်။
SW5-111 တွင် ၁၁.၆ လက်မ 1366x768 Display သာ တပ်ဆင်ထားပါသည်။ Intel Atom Z3745 Quad-Core Processor , 2GB RAM, 64GB eMMC Storage ပါရှိပါသည်။ အရှေ့ဘက်တွင် 2 MP Camera တပ်ဆင်ထား ပါသည်။
Acer Aspire Switch 11 အမျိုးအစားများကို အောက်တိုဘာလတွင် စတင်ရောင်းချပေး မည် ဖြစ်ပြီး ဈေးအနိမ့် ဆုံး မော်ဒယ်မှာ ဒေါ်လာ ၃၉၉ ရှိသည်ဟု သိရပါသည်။