8/04/2014

♪ မြန်မာရိုးရာ ရုပ်ပြောင် sticker များ viber တွင်သုံးနိုင်ရန် စီစဉ် ♫

Photo: မြန်မာရိုးရာ ရုပ်ပြောင် sticker များ viber တွင်သုံးနိုင်ရန် စီစဉ်
====================================================(4.8.2014)
မင်းလွင်
====================================================
       အခမဲ့စာပို့စနစ်၊HD အရည်အသွေးဖုန်းခေါ်ဆိုမှုစသည့်ဝန်ဆောင်မှုများပေးစွမ်းလျက်ရှိသော
ကမ္ဘာထိပ်တန်းမိုဘိုင်းလ်ဆက်သွယ်ရေးစနစ် (www.viber.com) မှ မြန်မာနိုင်ငံအတွင်းစိတ်လှုပ်ရှားစရာကောင်းသောမိုဘိုင်းလ်
ဆက်သွယ်ရေးဆိုင်ရာမြင်ကွင်းအခမ်းအနားအစီအစဉ်ကို
၂၀၁၄ဇူလိုင်၃၀ရက် (နေ့လည်၁း၀၀မှညနေ၄း၀၀) နာရီအထိလမ်း၅၀ ကော်ဖီဆိုင်တွင်ကျင်းပပြုလုပ်ခဲ့သည်။
       အဆိုပါအခမ်းအနားသည်viber အနေဖြင့်မြန်မာနိုင်ငံရှိမီဒီယာများနှင့်ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး
 မြန်မာနိုင်ငံတွင်viber အသုံးပြုသူပေါင်း၅သန်းအထိရှိနေပြီဖြစ်ကြောင်းviber မှထုတ်ပြန်ကြေ ငြာခဲ့သည်။“ ကျွန်တော်တို့အတွက် မြန်မာနိုင်ငံကအရမ်းအရေးကြီးတဲ့
 ဈေးကွက်တစ်ခုပါ။တိုးတက်လာတဲ့viber သုံးစွဲသူနှုန်းထားကအံ့အားသင့်ဖွယ်ပါပဲ။ မြန်မာနိုင်ငံမှာ
မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေအနေနဲ့viber မိသားစုအဖြစ်ဝင်ရောက်လာတာကိုကျွန်တော်တို့ဂုဏ်ယူဝမ်း
 မြောက်မိပါတယ်။ဒီနေ့အခမ်းအနားမှာလဲviber ရဲ့အကြောင်းအရာ တွေကိုမီဒီယာများထံသို့မျှဝေခွင့်ရတာ
ကျွန်တော်တို့အနေနဲ့အထူးပဲ ပျော်ရွှင်ကျေနပ်မိပါတယ်”ဟုViber ၏CEO  ဖြစ်သူTalmon Marco ကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရေပန်းအစားဆုံးchat application  ဖြစ် စေခဲ့ကြောင်းကမ္ဘာ့ထိပ်တန်းသုတေသန
အဖွဲ့အစည်းဖြစ်သောOn Device Researchမှထုတ်ပြန်ထားသည်။
                Viberသည် မြန်မာနိုင်ငံမှviber အသုံးပြုသူများအတွက်ပထမအဆင့်အနေဖြင့် မြန်မာ့ယဉ်ကျေးမှုကိုအခြေခံ၍ပြုလုပ်ထားသောရုပ်ပုံလေးများကိုအခမဲ့ထည့်သွင်းပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းကာလများတွင်Free and payment အစီအစဉ်များဖြင့်ထည့်သွင်းပေးသွားမည်ဖြစ်သည်။
ထိုအပြင် မြန်မာနိုင်ငံတွင်ဖုန်းအသုံးပြုသူ၁၀သန်းဝန်းကျင်ခန့်ရှိပြီးviber အသုံးပြုသူမှာ၅သန်းကျော်အသုံးပြုလျက်ရှိကြောင်းသိရသည်။        မင်းလွင်

အခမဲ့စာပို့စနစ် ၊ HD အရည်အသွေးဖုန်းခေါ်ဆိုမှု စသည့်ဝန်ဆောင်မှုများ ပေးစွမ်းလျက်ရှိသော ကမ္ဘာ့ ထိပ်တန်း မိုဘိုင်းလ်ဆက်သွယ်ရေးစနစ် (www.viber.com) မှ မြန်မာနိုင်ငံအတွင်း စိတ်လှုပ်ရှား စရာကောင်းသောမိုဘိုင်းလ်ဆက်သွယ်ရေးဆိုင်ရာမြင်ကွင်းအခမ်းအနားအစီအစဉ်ကို ၂၀၁၄ဇူလိုင်၃၀ရက် (နေ့လည်၁း၀၀မှညနေ၄း၀၀) နာရီအထိလမ်း၅၀ ကော်ဖီဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်း အနားသည်viber အနေဖြင့်မြန်မာနိုင်ငံရှိမီဒီယာများနှင့်ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်viber အသုံးပြုသူပေါင်း၅သန်းအထိ ရှိနေပြီဖြစ်ကြောင်း viber မှထုတ်ပြန်ကြေ ငြာခဲ့သည်။

“ ကျွန်တော်တို့ အတွက် မြန်မာနိုင်ငံကအရမ်းအရေးကြီးတဲ့ ဈေးကွက်တစ်ခုပါ။တိုးတက်လာတဲ့ viber သုံးစွဲ သူနှုန်းထားကအံ့အားသင့်ဖွယ်ပါပဲ။ မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေအနေနဲ့viber မိသားစုအဖြစ် ၀င်ရောက်လာတာကိုကျွန်တော်တို့ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ဒီနေ့အခမ်းအနားမှာလဲ viber ရဲ့အကြောင်း အရာ တွေကိုမီဒီယာများထံသို့မျှဝေခွင့်ရတာကျွန်တော်တို့အနေနဲ့အထူးပဲ ပျော်ရွှင်ကျေနပ်မိပါတယ်”ဟုViber ၏ CEO ဖြစ်သူ Talmon Marco ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရေပန်းအစားဆုံး chat application ဖြစ် စေခဲ့ကြောင်းကမ္ဘာ့ထိပ်တန်းသုတေသန အဖွဲ့ အစည်းဖြစ်သောOn Device Researchမှထုတ်ပြန်ထားသည်။ Viber သည် မြန်မာနိုင်ငံမှ viber အသုံးပြုသူများအတွက်ပထမအဆင့်အနေဖြင့် မြန်မာ့ယဉ်ကျေးမှုကိုအခြေခံ၍ပြုလုပ်ထားသောရုပ်ပုံလေးများ ကိုအခမဲ့ထည့်သွင်းပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းကာလများတွင်Free and payment အစီအစဉ်များဖြင့် ထည့်သွင်းပေးသွားမည်ဖြစ်သည်။ ထိုအပြင် မြန်မာနိုင်ငံတွင်ဖုန်းအသုံးပြုသူ ၁၀သန်းဝန်းကျင်ခန့်ရှိပြီး viber အသုံးပြုသူမှာ၅သန်းကျော် အသုံးပြုလျက်ရှိကြောင်းသိရသည်။

မင်းလွင်
Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>