ဂျပန်ဆက်သွယ်ရေးနှင့် အင်တာနက် ကော်ပိုရေးရှင်း
Softbank သည် ဘေးအနားကွပ် လုံးဝမပါသည့် Aquos Crystal ဟုခေါ်သော
အလယ်အလတ်တန်းစား ဟန်းဆက်တစ်မျိုးကို ရောင်းချရန်အတွက်
Sharp နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။ အဆိုပါ ထုတ်ကုန်ကို
Softbank ၏ ဌာနခွဲဖြစ်သော Sprint မှတစ်ဆင့် အမေရိကန်တွင်
ရောင်းချဖွယ်ရှိကြောင်း သိရသည်။
Aquos Crystal သည် ကမ္ဘာ့အဆင့် ဖုန်းတစ်ခု မဟုတ်သော်လည်း ၎င်းကို ၅ လက်မနှင့် ၅.၅ လက်မ 1080p screen တို့ဖြင့် ရရှိနိုင်မည် ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းတွင် Qualcom Snapdragon 400 CPU နှင့် 1.5GB RAM တို့ကို အသုံးပြုထားသည်။
Aquos Crystal ၏ အဓိက အားသာချက်မှာ ဘေးအနားကွပ် လုံးဝမပါခြင်းဖြစ်သည်။ ဖုန်း၏ screen သည် မျက်နှာပြင် တစ်ခုလုံးနီးပါး နေရာယူထားသည်။ အကယ်၍ Softbank အနေဖြင့် သင့်တော် သည့် ဈေးနှုန်းဖြင့် ရောင်းချပါက ဘေးအနားကွပ် မပါသည့် အဆိုပါ ထုတ်ကုန်မှာ အထူးရေပန်းစားလာဖွယ် ရှိသည်။
သို့ရာတွင် ၅.၅ လက်မ Aquos Crystal ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မကုန်မီအထိ မြင်တွေ့ရဖွယ် မရှိသော်လည်း ၅ လက်မ အမျိုးအစားကို သြဂုတ်လ ၂၉ ရက်တွင် ဂျပန်နိုင်ငံ၌ စတင်ဖြန့်ချိဖွယ်ရှိကြောင်း သိရသည်။
Ref: Gigaom