8/11/2014

♪ Samsung က မျက်နှာပြင်သုံးဖက် ပါသော စမတ်ဖုန်းကို တီထွင်နေ ♫

Photo: Samsung က မျက်နှာပြင်သုံးဖက် ပါသော စမတ်ဖုန်းကို တီထွင်နေ
=============================================
 
Samsung က မျက်နှာပြင်ကွေး Samsung Galaxy Round စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့ဖူးပါသည်။ ယခုအခါ Samsung အတွက် ကုန်ကြမ်းများကို ထောက်ပံ့နေသော ကိုရီးယားမှ အဖွဲ့အစည်းများ၏ အဆိုအရ  Samsung က မျက်နှာပြင်သုံးခုပါသော စမတ်ဖုန်းကို တီထွင်နေသည်ဟု သိရပါသည်။

Samsung ၏ မျက်နှာပြင်သုံးခု နည်းပညာနှင့် ပတ်သက်သည့် သတင်းသည် ယခင်က ထွက်ပေါ်ခဲ့ဖူးသော်လည်း ယခုထွက်ပေါ်သော သတင်းမှာ ပိုမိုခိုင်မာပြီး ယခုနှစ်ကုန်တွင် မျက်နှာပြင်သုံးဖက်ပါ ဖုန်းများကို စတင်ထုတ်လုပ်တော့မည်ဟု သိရပါသည်။ 

Samsung Wireless Business Division မှ မန်နေဂျာ ဖြစ်သူ Kim Hyeon Jun က ဒုတိယလပတ် ၀င်ငွေ အစည်းအဝေးပွဲတွင် မျက်နှာပြင်သုံးဖက်ပါ စမတ်ဖုန်းများအကြောင်းကို ပြောကြားခဲ့ဖူးပါသည်။ 
“ ကျွန်တော် အသေးစိတ် မပြောကြားနိုင်သေးပေမယ့် ကျွန်တော်တို့ဟာ နည်းပညာ ဆန်းသစ်တဲ့ မျက်နှာပြင်ကြီး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို ကြေညာဖို့ စီစဉ်နေပါတယ်။ အဲဒီဖုန်းကို ထူးခြားဆန်းသစ်တဲ့ ဒြပ်ထုတွေနဲ့ ပြုလုပ်ထားပါတယ်။ “ ဟု Kim Hyeon Jun က ပြောပါသည်။ 

မျက်နှာပြင် သုံးဖက်ကို ရှားပါးသော ဒြပ်ထုဖြင့် ပြုလုပ်ထားမည် ဖြစ်သဖြင့် စမတ်ဖုန်းကို အမြားအပြားထုတ်လုပ်နိုင်မည်မဟုတ်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ ယခုနှစ်ကုန်တွင် ရောင်းချမည်ဆိုလျှင် ကိုရီးယားနိုင်ငံတွင်သာ ၀ယ်ယူနိုင်မည်ဟု မျှော်လင့်ရပါသည်။

Samsung က မျက်နှာပြင်ကွေး Samsung Galaxy Round စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့ဖူးပါသည်။ ယခုအခါ Samsung အတွက် ကုန်ကြမ်းများကို ထောက်ပံ့နေသော ကိုရီးယားမှ အဖွဲ့အစည်းများ၏ အဆိုအရ Samsung က မျက်နှာပြင်သုံးခုပါသော စမတ်ဖုန်းကို တီထွင်နေသည်ဟု သိရပါသည်။

Samsung ၏ မျက်နှာပြင်သုံးခု နည်းပညာနှင့် ပတ်သက်သည့် သတင်းသည် ယခင်က ထွက်ပေါ်ခဲ့ ဖူးသော်လည်း ယခုထွက်ပေါ်သော သတင်းမှာ ပိုမိုခိုင်မာပြီး ယခုနှစ်ကုန်တွင် မျက်နှာပြင်သုံးဖက်ပါ ဖုန်းများကို စတင်ထုတ်လုပ်တော့မည်ဟု သိရပါသည်။

Samsung Wireless Business Division မှ မန်နေဂျာ ဖြစ်သူ Kim Hyeon Jun က ဒုတိယလပတ် ၀င်ငွေ အစည်းအဝေးပွဲတွင် မျက်နှာပြင်သုံးဖက်ပါ စမတ်ဖုန်းများအကြောင်းကို ပြောကြားခဲ့ဖူးပါသည်။ “ ကျွန်တော် အသေးစိတ် မပြောကြားနိုင်သေးပေမယ့် ကျွန်တော်တို့ဟာ နည်းပညာ ဆန်းသစ်တဲ့ မျက်နှာပြင်ကြီး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို ကြေညာဖို့ စီစဉ်နေပါတယ်။ အဲဒီဖုန်းကို ထူးခြားဆန်းသစ်တဲ့ ဒြပ် ထုတွေနဲ့ ပြုလုပ်ထားပါတယ်။ “ ဟု Kim Hyeon Jun က ပြောပါသည်။

မျက်နှာပြင် သုံးဖက်ကို ရှားပါးသော ဒြပ်ထုဖြင့် ပြုလုပ်ထားမည် ဖြစ်သဖြင့် စမတ်ဖုန်းကို အမြားအပြား ထုတ်လုပ်နိုင်မည်မဟုတ်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ ယခုနှစ်ကုန်တွင် ရောင်းချမည်ဆိုလျှင် ကိုရီးယားနိုင်ငံတွင်သာ ၀ယ်ယူနိုင်မည်ဟု မျှော်လင့်ရပါသည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>