8/12/2014

♪ Nvidia Tegra K1 ပရိုဆက်ဆာပါဝင်သည့် Chromebook 13 ကို Acer မိတ်ဆက် ♫


ယခင်ထက် ပိုမိုကောင်းမွန်သည့် ဂိမ်းကစားခြင်း အတွေ့အကြုံကို ပေးစွမ်းနိုင်သော Nvidia ၏ Tegra-K1 ပရိုဆက်ဆာ အသုံးပြုထားသည့် Chrombook 13 ကို Acer က မိတ်ဆက်ပေးခဲ့သည်။

Chromebook 13 တွင် အင်တာနက် အသုံးပြုခြင်း၊ ရုံးလုပ်ငန်းများ လုပ်ဆောင်ခြင်း စသည့် ပုံမှန်လုပ်ဆောင် ချက်များကို ပြုလုပ်နိုင်ပြီး ၎င်းထုတ်ကုန်သစ်သည် သုံးစွဲသူများအား screen အရွယ်အစား ကြီးမားသည့် desktop များနှင့် laptop များဖြင့် အသုံးပြုသည့် အတွေ့အကြုံကိုလည်း ပေးစွမ်းနိုင်မည် ဖြစ်သည်။

Acer Chromebook 13 တွင် ၁၃ လက်မ screen နှင့်အတူ အရွယ်အစားသေးငယ်သည့် Nvidia Tegra-K1 ချစ်ပ်ကို အသုံးပြုထားသည်။ ထုတ်လုပ်သူများ၏ အဆိုအရ Tegra-K1 သည် အရည်အသွေးမြင့် ဓာတ်ပုံ များနှင့် ဂရပ်ဖစ်များကို ယခင်က မတွေ့ကြုံဖူးသည့် အတွေ့အကြုံများဖြင့် သုံးစွဲသူများအား ပေးစွမ်း နိုင်င်ကြောင်း သိရသည်။

အဆိုပါ Chromebook ကို တစ်ကြိမ်အားသွင်းလျှင် ၁၃ နာရီအကြာ အသုံးပြုနိုင်ခြင်းကလည်း သုံးစွဲသူများကို ဆွဲဆောင်နိုင်စေမည့် အချက်ဖြစ်သည်။

Chromebook 13 ကို ချောမွတ်တောက်ပြောင်သည့် ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး အထူမှာ ၁၈ မီလီမီတာသာ ရှိသည်။ ပြိုင်ဘက် MacBook Air ထက် အထူ ၁ မီလီမီတာသာ ပိုပြီး အလေးချိန်ကလည်း ၃.၃ ပေါင်သာရှိ သည်။ ၎င်းကို စက်တင်ဘာလတွင် ရောင်းချမည်ဖြစ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈၀၊ အမေရိကန်ဒေါ်လာ ၃၀၀ နှင့် အမေရိကန်ဒေါ်လာ ၃၈၀ ဟူ၍ သုံးမျိုးသုံးစားရှိကြောင်း သိရသည်။

Ref: TheNextDigit
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>