8/06/2014

♪ စမတ်ဖုန်းမှ သတင်းအချက်အလက် များကို ကား၏ လေကာမှန်တွင် ပြသပေးမည့် Navdy Projector ♫

Photo: စမတ်ဖုန်းမှ သတင်းအချက်အလက် များကို ကား၏ လေကာမှန်တွင် ပြသပေးမည့် Navdy Projector
=========================================
 
ကားထုတ်လုပ်သူများသည် မြေပုံများ၊ လမ်းညွှန်ပြချက်များ၊ ဖုန်းမှ သတင်းအချက်အလက်များကို ပြသပေးရန် LCD များကို အားထားနေရပါသည်။ သို့သော် အဆိုပါနည်းလမ်းကို အသုံးပြုလျှင် ယာဉ်မောင်းသူသည် LCD သို့ မျက်နှာလွှဲပြောင်းကြည့်ရသည့်အတွက် ကားရှေ့ရှိ လမ်းအခြေအနေများကို ခဏတာ မြင်တွေ့ရမည် မဟုတ်သဖြင့် အန္တရာယ်ရှိနိုင်ပါသည်။

San Francisco အခြေစိုက် Navdy က သတင်းအချက်အလက်များကို ကား၏ လေကာမှန်တွင် ပြသပေးမည့် Head-Up Display (UHD) ကို တီထွင်လိုက်ပါသည်။ အဆိုပါစနစ်တွင် ယာဉ်မောင်းသူသည် စမတ်ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်ရန် မလိုဘဲ Message နှင့် ဖုန်းဝင်လာမှုများ၊ Apps များ၊ Notification များစသည့် သတင်းအချက်အလက်များကို လေကာမှန်မှ သိနိုင်သကဲ့သို့ အနီအောက်ရောင်ခြည် ကင်မရာနှင့် မိုက်ကရိုဖုန်း တပ်ဆင်ထားသဖြင့် ယာဉ်မောင်းသူက အသံဖြင့် သို့မဟုတ် လက်ဝှေ့ယမ်းပြီး စမတ်ဖုန်းကို အမိန့်ပေးခိုင်းစေနိုင်ပါသည်။ 

ကိရိယာ အမည်ကို Navdy ဟု ပေးထားပြီး ကား၏ Dashboard တွင် တပ်ဆင်ထားမည် ဖြစ်သည်။ စမတ်ဖုန်းမှ သတင်းအချက်အလက်များ ပြသပေးမည့် ဖောက်ထွင်းမြင်ရသော Display ကို ယာဉ်မောင်းသူ၏ အရှေ့ဘက် လေကာမှန်နားတွင် တပ်ဆင်ထားမည် ဖြစ်သည်။ Navdy က သရုပ်ပြသခဲ့ရာတွင် မျက်နှာပြင်တွင် ပြသပေးသည့် ဂရပ်ဖစ်ပုံရိပ်များသည် အလွန်ကြည်လင်ပြတ်သားပြီး အရောင်အသွေးစုံလင်ပါသည်။ 

Navdy ကို မည်သည့် ကားများတွင် မဆို တပ်ဆင်အသုံးပြုနိုင်ပါသည်။ တီထွင်သူအဖွဲ့က Navdy သည် ကားများအတွက် Google Glass ဖြစ်သည်ဟု ပြောပါသည်။ Navdy ကို ဒေါ်လာ ၂၉၉ ဖြင့် ကြိုတင်ရောင်းချပေးနေပြီ ဖြစ်ပြီး ၂၀၁၅ ခုနှစ်အစောပိုင်းတွင် ပို့ဆောင်ပေးမည် ဖြစ်သည်။ ကြိုတင်ရောင်းချပေးမှု အစီအစဉ်ပြီးဆုံးသွားလျှင် ဒေါ်လာ ၄၉၉ ကျသင့်မည် ဖြစ်သည်။

ကားထုတ်လုပ်သူများသည် မြေပုံများ၊ လမ်းညွှန်ပြချက်များ၊ ဖုန်းမှ သတင်းအချက်အလက်များကို ပြသပေးရန် LCD များကို အားထားနေရပါသည်။ သို့သော် အဆိုပါနည်းလမ်းကို အသုံးပြုလျှင် ယာဉ်မောင်းသူသည် LCD သို့ မျက်နှာလွှဲပြောင်းကြည့်ရသည့်အတွက် ကားရှေ့ရှိ လမ်းအခြေအနေများကို ခဏတာ မြင်တွေ့ရမည် မဟုတ်သဖြင့် အန္တရာယ်ရှိနိုင်ပါသည်။

San Francisco အခြေစိုက် Navdy က သတင်းအချက်အလက်များကို ကား၏ လေကာမှန်တွင် ပြသပေးမည့် Head-Up Display (UHD) ကို တီထွင်လိုက်ပါသည်။ အဆိုပါစနစ်တွင် ယာဉ်မောင်းသူသည် စမတ်ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်ရန် မလိုဘဲ Message နှင့် ဖုန်းဝင်လာမှုများ၊ Apps များ၊ Notification များစသည့် သတင်းအချက်အလက်များကို လေကာမှန်မှ သိနိုင်သကဲ့သို့ အနီအောက်ရောင်ခြည် ကင်မရာနှင့် မိုက်ကရိုဖုန်း တပ်ဆင်ထားသဖြင့် ယာဉ်မောင်းသူက အသံဖြင့် သို့မဟုတ် လက်ဝှေ့ယမ်းပြီး စမတ်ဖုန်းကို အမိန့်ပေးခိုင်းစေနိုင်ပါသည်။

ကိရိယာ အမည်ကို Navdy ဟု ပေးထားပြီး ကား၏ Dashboard တွင် တပ်ဆင်ထားမည် ဖြစ်သည်။ စမတ်ဖုန်းမှ သတင်းအချက်အလက်များ ပြသပေးမည့် ဖောက်ထွင်းမြင်ရသော Display ကို ယာဉ်မောင်းသူ၏ အရှေ့ဘက် လေကာမှန်နားတွင် တပ်ဆင်ထားမည် ဖြစ်သည်။ Navdy က သရုပ်ပြသခဲ့ရာတွင် မျက်နှာပြင် တွင် ပြသပေးသည့် ဂရပ်ဖစ်ပုံရိပ်များသည် အလွန်ကြည်လင်ပြတ်သားပြီး အရောင်အသွေးစုံလင်ပါသည်။

Navdy ကို မည်သည့် ကားများတွင် မဆို တပ်ဆင်အသုံးပြုနိုင်ပါသည်။ တီထွင်သူအဖွဲ့က Navdy သည် ကားများအတွက် Google Glass ဖြစ်သည်ဟု ပြောပါသည်။ Navdy ကို ဒေါ်လာ ၂၉၉ ဖြင့် ကြိုတင်ရောင်း ချပေးနေပြီ ဖြစ်ပြီး ၂၀၁၅ ခုနှစ်အစောပိုင်းတွင် ပို့ဆောင်ပေးမည် ဖြစ်သည်။ ကြိုတင်ရောင်းချပေးမှု အစီအစဉ်ပြီးဆုံးသွားလျှင် ဒေါ်လာ ၄၉၉ ကျသင့်မည် ဖြစ်သည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>