8/13/2014

♪ Lenovo Yoga Tablet အကြောင်းအသေးစိတ်ရှင်းလင်းချက်များ ♫


ဒီဇိုင်းနှင့် screen

အလျား ၁၀.၂၈ လက်မ၊ အနံ ၇.၀၉ လက်မနှင့် အထူ ၀.၃၂ လက်မသာရှိပြီး Apple ၏ ကြိုးမဲ့ကီးဘုတ်နှင့် ပုံစံ ခပ်ဆင်ဆင်တူမည် ဖြစ်သည်။ ကောင်း စွာကိုင်တွယ် အသုံးပြုနိုင်ရန်၊ စားပွဲပေါ်တင်၍ အသုံးပြုနိုင်ရန်နှင့် ထောင်ပြီး အသုံးပြုနိုင်ရန်အတွက် အောက်ဘက်ပိုင်းတွင် ဒေါက် တွဲဖက်ထည့်သွင်း ထားသည်။ ပါဝါခလုတ်ကို microUSB အားသွင်းပေါက်၏ အောက်ဘက်နား တွင် ထည့်သွင်းထားပြီး အခြားတစ်ဘက်တွင် နားကြပ်ပေါက်တစ်ခု ပါဝင်မည်ဖြစ်သည်။ IPS LCD အမျိုးအစား Capacitive Toucscreen ကို အသုံးပြုထားပြီး screen resolution 1280x800 pixels အထိ အပြည့်အဝ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ စကရင်အကျယ် ထောင့်ဖြတ်အတိုင်းအတာ ၁၀ လက်မရှိပြီး Multitouch စနစ်လည်းထောက်ပံ့ပါဝင်မည်ဖြစ်သည်။

စွမ်းဆောင်ရည်

Quad-core 1.2GHz Cortex-A7 အမျိုးအစား CPU ကို ထည့်သွင်းထားပြီး Mediatek MT8125 Chipset ကို အသုံးပြုထားသည်။ ဂရပ်ဖစ်အတွက် PowerVR SGX544 GPU ထောက်ပံ့ပါဝင်မည်ဖြစ်သည်။ မှတ်ဥာဏ်ပမာဏ 1GB RAM ပါဝင်ပြီး အချက်အလက်သိုလှောင်မှုအတွက် 16GB Internal Storage ပါဝင်သည့်အပြင် microSD ကနေ 64GB အထိတိုးမြှင့် အသုံးပြုနိုင်မည်ဖြစ်သည်။ အသံပိုင်းတွင် စတူဒီယို စပီကာကို တပ်ဆင်ထားပြီး Dolby Digital Plus စနစ် ထောက်ပံ့ပါဝင်မည်ဖြစ်သည်။ Android OS အမျိုးအစား v4.2 (Jelly Bean) ဖြစ်ပြီး Accelerometer, compass sensors စနစ်များ ပါဝင်မည်ဖြစ်သည်။

ကင်မရာနှင့် ဘက်ထရီ

Resolution 2592x1936 pixels ပမာဏ ပုံရိပ်ဖော်ဆောင် ပေးနိုင်သည့် 5MP အမျိုးအစား နောက်ကင်မရာနှင့် ရှေ့တွင် တပ်ဆင်ပေးထားသည့် ကင်မရာမှာ 1.6MP အမျိုးအစား ဖြစ်သည်။ 6000 mAh ပမာဏရှိသော Li-on အမျိုးအစား ဘက်ထရီကို ထည့်သွင်းထားပြီး non-removable အမျိုးအစားဖြစ်သည်။ ဘက်ထရီဖြင့် ပုံမှန်ဖုန်းခေါ်ဆိုမှု 2G ကို ၁၈ နာရီနှင့်အထက် အသုံးပြုနိုင်မည် ဖြစ်သည်။

အားသာချက်

Superslim ဒီဇိုင်းဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည့်အတွက် ဒီဇိုင်းပိုင်း လှပမှုရှိမည် ဖြစ်သည့်အပြင် ကောင်းစွာ ကိုင်တွယ် အသုံးပြုနိုင်မည် ဖြစ်သည်။ တန်ဖိုး သင့်တင့်မျှတမှု ရှိခြင်းကလည်း အဆိုပါ Tablet ၏ အားသာချက် တစ်ခုဖြစ် သည်။

အားနည်းချက်

စကရင် resolution ပိုင်း နည်းပါးသည့်အတွက် ရုပ်ထွက်ပိုင်း အနည်းငယ် အားနည်းမည်ဖြစ်သည်။ စွမ်းဆောင်ရည်ပိုင်း လည်း အသင့်အတင့်သာ ရှိမည်ဖြစ်သည်။

သုံးသပ်ချက်

ဆင်းမ်ကတ် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး GSM/WCDMA နက်ဝက်ခ် နှစ်မျိုးလုံးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ဖွဲ့စည်းတည်ဆောက်ထားသည့် ဒီဇိုင်းပိုင်းလှပပြီး တန်ဖိုးကို လျှော့ချနိုင်ရန်အတွက် အရည်အသွေးပိုင်းကို နှိမ့်ပြီး ထုတ်လုပ်ထားခြင်း ဖြစ်နိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ ခရီးဆောင်အနေဖြင့် သုံးနိုင်မည့်အပြင် ဖက်ရှင်ဆန်ဆန်ဒီဇိုင်း လှပြီး ဖန်စီအမျိုးအစား Tablet ကို သုံးချင်သူများ ရွေးချယ်သင့်သည့် Tablet ဖြစ်သည်။

တန်ဖိုး

၃၄၉,၀၀၀ ကျပ်

ဝယ်ယူရရှိနိုင်မည့်နေရာ

KMD
ဖုန်း-၀၁-၃၈၁၁၂၉


Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>