8/06/2014

♪ Lenovo က ခြောက်လက်မမျက်နှာပြင် တပ်ဆင်ထားသော Vibe Z2 Pro ကို ကြေညာ ♫


Lenovo က သူ၏ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Vibe Z2 Pro ကို တရားဝင်ကြေညာလိုက်ပါ သည်။ ခြောက်လက်မအရွယ် 2560x1440 Pixel IPS Display ကို အသုံးပြုထားသော Lenovo ၏ ပထမဆုံး ဖုန်းဖြစ်ပါသည်။ Vibe Z2 Pro တွင် 2.5GHz Quad-Core Krait 400 CPU တပ်ဆင်ထားသော Qualcomm Snapdragon 801 Chipset ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 3GB RAM, Adreno 330 GPU, 32GB Internal Storage ပါရှိသော်လည်း MicroSD Card Slot မပါရှိဟု သိရပါသည်။

ဖုန်းကို သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီး ၁၇၉ ဂရမ် အလေးချိန်ရှိပါသည်။ အရွယ်အစား အပြည့်အစုံမှာ 156 x 81.3 х 7.7mm ဖြစ်သည့်အတွက် ပါးလွှာပါသည်။ 4000mAh Battery ကို အသုံးပြုထားပါသည်။

အနောက်ဘက်တွင် Optical Image Stabilization နည်းပညာ ပါသော စွမ်းဆောင်ရည်မြင့် 16 MP Camera နှင့် LED Flash နှစ်ခုတပ်ဆင်ထားပါသည်။ အနောက်ဘက်ကင်မရာသည် 4K Video များကို ရိုက်ကူးပေးနိုင် ပါသည်။ GSM + LTE Card နှစ်မျိုးသုံးနိုင်ပါသည်။ 


အနက်၊ အဖြူနှင့် ရွှေရောင်များ ရွေးချယ်နိုင်ပြီး စက်တင်ဘာလတွင် ရောင်းချပေးမည် ဖြစ်သည်။ ရုရှားတွင် ဒေါ်လာ ၈၃၄ ၀န်းကျင်ဖြင့် ရောင်းချမည်ဟု သိရပါသည်။ ရုရှားတွင် စမတ်ဖုန်းများ၏ ဈေးနှုန်းမှာ ကြီးမားသည့်အတွက် အခြားနိုင်ငံများတွင် ဈေးအနည်းငယ် သက်သာနိုင်သည်ဟု သိရပါသည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>