8/06/2014

♪ iPhone အသစ်ကို စက်တင်ဘာ ၉ ရက်တွင် ပွဲထုတ်မိတ်ဆက်ရန် Apple စီစဉ်နေ ♫


Apple သည် ကုမ္ပဏီ၏ နာမည်ကျော် ထုတ်ကုန်ဖြစ်သော iPhone သစ် မိတ်ဆက်ပွဲကို စက်တင်ဘာလ ၉ ရက်တွင် မိတ်ဆက်ရန် စီစဉ်နေကြောင်း Recode မှ ဖော်ပြခဲ့သည်။ Recode သည် Apple ၏ ထုတ်ကုန် မိတ်ဆက်မည့်နေ့များ၊ အခြားသတင်းများနှင့် ပတ်သက်၍ အချက်အလက် အတိအကျ ဖော်ပြလေ့ရှိသည့် ဆိုက်ဖြစ်သည်။ သို့သော်လည်း အခြား အချက်အလက်များကို Recode မှ ဖော်ပြခဲ့ခြင်း မရှိပေ။ အခြားသော သတင်းများကမူ Apple အနေဖြင့် အောက်တိုဘာလ မတိုင်မီအထိ စမတ်ဖုန်း အသစ်များကို မိတ်ဆက်ပေးဖွယ်မရှိကြောင်း ခန့်မှန်းဖော်ပြခဲ့ကြသည်။ Apple သည် အမှုဆောင်အရာရှိချုပ်ဟောင်း စတိဗ်ဂျော့ဘ်က ၂၀၀၇ ခုနှစ်တွင် စမတ်ဖုန်းကို စတင်မိတ်ဆက်ပေးချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း iPhone သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

ထို့အပြင် iPhone အသစ်များကို ၂၀၁၁ ခုနှစ်မှစ၍ စက်တင်ဘာလတိုင်းတွင် မိတ်ဆက်ပေးခဲ့ သည်။ ဈေးကွက်စောင့်ကြည့်သူများကမူ Apple အနေဖြင့် ၄.၇ လက်မနှင့် ၅.၅ လက်မ iPhone 6 နှစ်မျိုးကို မိတ်ဆက်ပေးရန် မျှော်လင့်နေကြသည်။ Apple သည် screen အရွယ်အစား ကြီးမားသည့် iPhone များကို ဒီဇင်ဘာလ ၃၀ ရက်တွင် သန်း ၇၀ မှ သန်း ၈၀ အထိ ထုတ်လုပ်ရန် လုပ်ဖော်ကိုင်ဖက် ထုတ်လုပ်သူ ကုမ္ပဏီများထံ တောင်းဆိုထားကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

Ref: CNET
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download