8/13/2014

♪ HTC Zoe ကို standalone platform အနေဖြင့် အခြား Android ဖုန်းများတွင် မကြာမီ အသုံးပြုနိုင်မည် ♫


BlinkFeed နှင့် Zoe စသည့် app များကို Android ထုတ်ကုန် အားလုံးအတွက် ဖြန့်ချိရန် စီစဉ်နေကြောင်း လွန်ခဲ့သည့် လအနည်းငယ်က HTC မှ ပြောကြားခဲ့ပြီးနောက် Zoe camera software beta ကို လာမည့် ရက်သတ္တပတ် အတွင်း ဖြန့်ချိရန် စီစဉ်နေကြောင်း HTC Creative Labs ကို ဦးဆောင်သူ ဒရူးဘမ်ဖို့ဒ်က အတည်ပြု ပြောကြားခဲ့သည်။
HTC Creative Labs သည် HTC ၏ signature app များကို Samsung, LG, Sony တို့နှင့် ပြိုင်ဆိုင်နေသည့် HTC ဖုန်းများအတွက် ဖန်တီးပေးနေသည့် ဒီဇိုင်နာများနှင့် အင်ဂျင်နီယာများ ပါဝင်သော အဖွဲ့ တစ်ခုဖြစ်သည်။
Zoe ကို HTC One M7 တွင် ပထမဦးဆုံး မိတ်ဆက် ထည့်သွင်းပေးခဲ့ပြီး ၎င်းသည် သုံးစွဲသူ၏ camera roll မှ ဓာတ်ပုံ များနှင့် snippet များကို ဗီဒီယို clip များအဖြစ် အလိုအလျောက် ဖန်တီးပေးနိုင်သည်။ အဆိုပါ app သည် ဗီဒီယို clip များတွင် သီချင်းနှင့် transition များကို ထည့်သွင်းပေးနိုင်ပြီး သူငယ်ချင်းများထံ အလွယ်တကူ ဝေမျှနိုင်စေမည် ဖြစ်သည်။
Zoe ကို Android ဖုန်းများအတွက် standalone app တစ်ခုအနေဖြင့် ဖြန့်ချိမည့် အစီအစဉ်သည် ကောင်းမွန်သော်လည်း ၎င်းအနေဖြင့် Google Play တွင် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိသည်။ Android သုံးစွဲသူများသည် ဗီဒီယို ဖန်တီးပြီး ဝေမျှရာတွင် HTC Zoe ထက် Instagram နှင့် Vine တို့ကိုသာ အသုံးလျက်ရှိသည်။
Ref: SlashGear
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>