8/25/2014

♪ HTC One E8 စမတ်ဖုန်း ဈေးကွက်ဝင် ♫


ကင်မရာစနစ်နှင့် ဖုန်းစွမ်းဆောင်ရည် မြင့်မားကောင်းမွန်သော HTC One E8 မော်ဒယ်သစ် စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။


"One E8 ကို ပြည်တွင်းက HTC concept စတိုးမှာ စတင် ဝယ်ယူနိုင်ပါပြီ။ ဒီမော်ဒယ်မှာ ကင်မရာပိုင်းကို အကောင်းဆုံး ဖြစ်အောင် အဆင်မြှင့်တင် ထုတ်လုပ်ထားပါတယ်။ ကိုယ်ထည်ဒီဇိုင်းကလည်း နှစ်ထပ်ခုံး ပုံစံမျိုးပါ။ ရှေ့ကင်မရာက 5MP အမျိုးအစားပါ။ selfie ပုံတွေကို ကောင်းကောင်းရိုက်ကူးနိုင်တယ်။ နောက်ပြီး အသံပိုင်းမှာလည်း HTC BoomSound စနစ် ထောက်ပံ့ ပါဝင်တဲ့အတွက် အသံထွက်လည်း ကျယ်လောင် ကောင်းမွန်တယ်။ ဖုန်းအဝင်ခေါ်ဆိုမှုတွေကို စကရင်ကိုထိပြီး ကိုင်စရာမလိုဘဲ ဖုန်းကို နားဆီကပ်ဖို့ ယူလိုက်ရုံနဲ့ ကိုင်ပြီးသားဖြစ်နေမယ့် စနစ်တွေလည်းပါတယ်" ဟု HTC မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။  အဆိုပါ HTC One E8 သည် GSM ဖုန်းအမျိုးအစားဖြစ်ပြီး 2G/3G နှင့် LTE နက်ဝက်ခ်အထိ ထောက်ပံ့ ပေးနိုင်ကြောင်း သိရသည်။ ဖုန်းမြင်ကွင်း အရွယ်အစား ၅ လက်မရှိပြီး တန်ဖိုး ၄၉၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ အဖြူ၊ အနီ၊ အနက်အရောင် ၃ မျိုးဖြင့် ထုတ်လုပ်ထားကြောင်း သိရသည်။

Internet Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>