အားသာချက်
Desire 210 သည် တန်ဖိုး ကျပ် ၉၉,၀၀၀ ဝန်းကျင်တွင် ရှိသော ဖုန်းအမျိုးအစား ဖြစ်သော်လည်း ဓာတ်ပုံ စနစ်ပိုင်းတွင် ဓာတ်ပုံများကို ဗီဒီယိုဖိုင်စနစ် အဖြစ် ပြောင်းလဲ ကြည့်ရှုနိုင်ခြင်း ဗီဒီယိုဖိုင်စနစ် အနေဖြင့် ပြန်လည် သိမ်းဆည်းနိုင်ခြင်း၊ ဓာတ်ပုံများအတွက် နောက်ခံသီချင်းသံစဉ်များ ထည့်သွင်းနိုင်ခြင်း စသည့်စနစ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် အွန်လိုင်းစနစ် အသုံးပြုသူများအတွက် ပြည်တွင်းရှိ သတင်းများအား အချိန်နှင့် တစ်ပြေးညီ သိရှိဖတ်ရှုနိုင်စေမည့် HTC Blinkfeed စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။
အားနည်းချက်
ဖုန်းတွင် တပ်ဆင်အသုံးပြုထားသော ရှေ့ကင်မရာမှာ သာမန် VGA ကင်မရာဖြစ်ခြင်းကြောင့် Selfie စနစ်တွင် အနည်းငယ် အားနည်းချက်ရှိနေပြီး အသံပိုင်းစနစ်တွင်လည်း ဖုန်း၏ Ringtone နှင့် Alarm သံ စနစ်ပိုင်းတွင် အသံအနည်းငယ်တိုးသည်။
ဒီဇိုင်း
ပုံစံဒီဇိုင်းပိုင်းတွင် 210 သည် အရွယ်အစား ကောင်းမွန်သည်ဟု ဆိုနိုင်သော ဖုန်းဖြစ်သည်။ လက်တစ်ဘက် တည်းဖြင့် ကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် အဆင်ပြေသော အရွယ်အစားမျိုးဖြစ်ပြီး ဘေးတိုက်အကျယ် ၆.၅ စင်တီမီတာနှင့် အထက်အောက် အမြင့် ၁၂.၅၇ စင်တီမီတာရှိသည်။ နောက်ဘက် ကာဗာမှာ ဖြုတ်နိုင်၊ တပ်နိုင်သော ကာဗာအရှင် ပုံစံမျိုးဖြစ်ပြီး ဖုန်း၏ထုထည်မှာ ၁.၀၅ စင်တီမီတာရှိခြင်းကြောင့် ထူသည်ဟု ဆိုနိုင်သော်လည်း ဖုန်း၏ နောက်ဘက်ကာဗာအား အခုံးပုံစံမျိုး ပြုလုပ်ထားခြင်းနှင့် ရှေ့ဘက် မျက်နှာပြင်၏ ဘေးဘောင်များကိုလည်း နောက်ဘက်သို့ဆိုက်ထားသော ပုံစံမျိုး ပြုလုပ်ထားကာ ထူသည့်ခံစားချက် အား လျှော့ချထားသော ပုံစံမျိုး ဖြစ်သည်။ GSM/ WCDMA ကွန်ရက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ပုံမှန် Mini Sim ကတ် တစ်ကတ်နှင့် Micro Sim တစ်ကတ်၊ စုစုပေါင်း နှစ်ကတ် အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစားဖြစ်သည်။ နောက်ဘက်ကင်မရာ ဖွဲ့စည်းမှုတွင် ကင်မရာ သည် နောက်ဘက်ကာဗာ၏ အတွင်းသို့ အနည်းငယ် ချိုင့်ထားသော ပုံစံမျိုး ရှိခြင်းကြောင့် ဖုန်း၏ ကင်မရာအားအလွယ်တကူ ပွန်းရှခြင်းများကို ကာကွယ်နိုင်သော ပုံစံမျိုးဖြစ်သည်။
Display
အသုံးပြုထားသော Display မှာ ရိုးရိုးသာမန် TFT Display ဖြစ်ခြင်းကြောင့် အရည်အသွေး မြင့်မားသော Display မျိုး မဟုတ်သော်လည်း Screen Resolution မှာ 480x800 Pixel Resolution အထိ ရရှိနိုင်မည်ဖြစ်သည်။ မျက်နှာပြင် အရွယ်အစားမှာ ၄.၀ လက်မရှိပြီး ပုံမှန်အရွယ်အစားမျိုး ရှိသော ဖုန်းဖြစ်သည်။
အသေးစိတ်ဖော်ပြချက်
Desire 210 တွင် အသုံးပြုထားသော CPU မှာ Dual-core 1GHz CPU အမျိုးအစားဖြစ်ပြီး ဂရပ်ဖစ်စနစ်အတွက် ဂရပ်ဖစ် GPU သီးသန့် ထည့်သွင်းအသုံးပြုထားခြင်းမရှိဘဲ ဖုန်းတွင်ပါဝင်သော ဂရပ်ဖစ် စနစ်အတိုင်းပင် အသုံးပြုရမည့်ပုံစံမျိုး ဖြစ်သည်။ ဖုန်းမှတ်ဥာဏ်အနေဖြင့် Internal Memory 4GB နှင့် 512MB RAM စနစ်များပါဝင်ပြီး မှတ်ဥာဏ်ထပ်တိုး အသုံးပြုရန်အတွက် Micro SD Card 32GB ထိ ထပ်တိုး အသုံးပြုနိုင်မည် ဖြစ်သည်။ Chipset မှာ Mediatek MT6572M Chipset အမျိုးအစားဖြစ်ပြီး Android OS Version 4.2.2 ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ကင်မရာစနစ်တွင် နောက်ဘက်ကင်မရာမှာ 5 Mega Pixel ရှိသောကင်မရာဖြစ်ပြီး Resolution အနေဖြင့် 2592x1944 Pixel အထိ ရရှိနိုင်မည်ဖြစ် သည်။ ရှေ့ကင်မရာမှာ သာမန် VGA ကင်မရာအမျိုးအစားဖြစ်ပြီး Sensor အနေဖြင့် Accelerometer Sensor စနစ်ကို အသုံးပြုထားသည်။ မြန်မာစာစနစ်မှာ ဖုန်းအတွင်းတွင် System ဖောင့်စနစ်တစ်ခုအနေဖြင့် တစ်ပါတည်းပါဝင် သော စနစ်ဖြစ်ပြီး စမတ်ဖုန်းများအတွက် အရေးပါသော စနစ်တစ်ခုဖြစ်သည့် ဘက်ထရီစနစ်အတွက် 1300mAh ဘက်ထရီကို အသုံးပြုထားသည်။
နည်းပညာ
နည်းပညာပိုင်းအရ အသုံးပြုနိုင်မည့် စနစ်များအနေဖြင့် ကင်မရာနှင့် ဓာတ်ပုံစနစ်ပိုင်းတွင် ပါဝင်မည်ဖြစ်ပြီး ဓာတ်ပုံစနစ်တွင် မိမိရိုက်ထားသော ဓာတ်ပုံများထဲမှာ နှစ်သက်ရာ ဓာတ်ပုံများအား စိတ်ကြိုက်ရွေးချယ်ကာ ဗီဒီယိုဖိုင်စနစ် တစ်ခုအနေဖြင့် ပြန်လည်ကြည့်ရှုနိုင်မည် ဖြစ်သော Videohighlight စနစ်အား အသုံးပြုနိုင်မည် ဖြစ်သည်။ ၄င်းစနစ်မှာ ဓာတ်ပုံများအား ဗီဒီယိုစနစ် တစ်ခုအနေဖြင့် ပြန်လည် ကြည့်ရှုနိုင်မည် ဖြစ် သည့်အပြင် ဗီဒီယိုဖိုင်စနစ်ဖြင့် သိမ်းဆည်းခြင်း၊ ဓာတ်ပုံများအတွက် နောက်ခံ တီးလုံးသံများ မိမိနှစ်သက်သလို ထည့်သွင်းခြင်း၊ သီချင်းသံများအား လိုအပ်သလို Edit လုပ်ကာ ဖြတ်တောက်ခြင်း အစရှိသည်တို့အား ပြုလုပ်နိုင်မည်ဖြစ်သော စနစ်ဖြစ်သည်။ ထို့ပြင် HTC ဖုန်းများ တွင်ပါဝင်သော Blinkfeed စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက Desire 210 သည် HTC ၏ ကျပ်တစ်သိန်းအောက် တန်ဖိုးနည်းဖုန်းအဖြစ် စတင်ထွက်ရှိလာသော ဖုန်းအမျိုးအစားဖြစ်ပြီး နည်းပညာပိုင်းများထက် ဖုန်းအသုံးပြု စနစ်ပိုင်းများတွင် အဆင်ပြေချောမွေ့စေရန်အတွက် အဓိကထား ထုတ်လုပ်ထားသော ဖုန်းအမျိုးအစား တစ်ခု ဖြစ်သည်။ သတင်းအချက်အလက်များအား အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုနိုင်မည်ဖြစ်သော HTC ၏ Blinkfeed စနစ်နှင့် Videohighlight စနစ်များမှာ အသုံးပြုသူများအတွက် အဆင်ပြေစေနိုင်သော စနစ်များဖြစ်ပြီး ဖုန်းတွင် အသုံးပြုထားသော CPU စနစ်နှင့် ဖုန်းမှတ်ဥာဏ်စနစ်များမှာ ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့် ပါက သုံးစွဲရန် သင့်လျော်သည့် အခြေအနေတွင် ရှိနေသော်လည်း ဈေးနှုန်းမှာ ကျပ်တစ်သိန်း ဝန်းကျင် ရှိသောကြောင့် တန်ဖိုးနည်း ဖုန်းတစ်လုံးနေဖြင့် ကြည့်မည်ဆိုပါက အနည်းငယ် တန်ဖိုးမြင့်မားသော အခြေအနေတွင် ရှိနေသည်။
ဈေးနှုန်း
၉၉,၀၀၀ ကျပ်
ဆက်သွယ်ဝယ်ယူရန်
၀၁-၃၇၈၄၃၁
ဝန်ဆောင်မှု
၁၈လ အာမခံ