8/13/2014

♪ သတ္တုကိုယ်ထည် Galaxy Alpha အား ယနေ့ ထုတ်ဖော်ပြသဖွယ်ရှိ ♫

Photo: သတ္တုကိုယ်ထည် Galaxy Alpha အား ယနေ့ ထုတ်ဖော်ပြသဖွယ်ရှိ

ပြီးခဲ့တဲ့ လပေါင်း များစွာကတည်းက သတင်းများ ပလူပျံအောင် ထွက်ပေါ်နေခဲ့တဲ့ Galaxy S5 Prime ဒါမှမဟုတ် Galaxy Alpha လို့ အမည်ရတဲ့ စမတ်ဖုန်းကို ယနေ့ (သြဂတ်စ် ၁၃ ရက်) မှာ တရားဝင် ထုတ်ဖော်ပြသဖွယ် ရှိနေပါတယ်။

အဆင့်မြင့် သတ္တုကိုယ်ထည်နဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ ဒီစမတ်ဖုန်းဟာ iPhone 6 ကို ထိပ်တိုက်ယှဉ်ပြိုင်ဖို့ Samsung က အချိန်မီ ထုတ်လုပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

Galaxy Alpha ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်များဟာ သတင်းပတ်ပေါင်း များစွာကြာ အင်တာနက်ပေါ် ပြန့်နှံ့ရောက်ရှိ နေခဲ့သော်လည်း ယခုနောက်ဆုံး သိရှိရသည့် အချက်အလက်များအရ Samsung ထုတ် Exynos Octa-core ပရောက်ဆက်ဆာ၊ 2GB RAM၊ 32GB ဖုန်းတွင်း သိုမှီးမှုပမာဏနှင့် Android 4.4 KitKat တို့ ထည့်သွင်းဖန်တီး ထားဖွယ် ရှိနေပါတယ်။

အထက်မှာ ဖော်ပြထားတဲ့အတိုင်း Galaxy Alpha ရဲ့ ကိုယ်ထည်ဟာ သတ္တုနဲ့ ပြုလုပ်ထားမှာ ဖြစ်ပြီး Samsung စမတ်ဖုန်းများအနက် ပထမဆုံးပဲ ဖြစ်ပါတယ်။ iPhone 6 ရဲ့ မဟာပြိုင်ဖက်အဖြစ် ရပ်တည်သွားဖို့ ရှိနေတဲ့နည်းတူ Galaxy Alpha ဟာ 720p HD ပုံထွက်နှုန်းရှိမယ့် ၄.၇ လက်မအရွယ် Super AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး 12MP ပင်မကင်မရာနဲ့ 2.1MP ရှေ့ဖက် ကင်မရာတို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Galaxy S5 ကဲ့သို့ လက်ဗွေဖတ်စနစ်၊ နှလုံးခုန်နှုန်း တိုင်းတာမှုစနစ်၊ Nano SIM၊ USB 3.0 ချိတ်ဆက်မှုနဲ့ 4G LTE ကွန်ယက် ချိတ်ဆက်မှုတို့ကို ထည့်သွင်းပေးထားပါတယ်။

ဤအချက်အလက်များအရ Galaxy Alpha အနေနဲ့ သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားလင့်ကစား Samsung ရဲ့ ပင်မ (Flagship) စမတ်ဖုန်းအဖြစ်တော့ နေရာရယူဖွယ် မရှိသေးပါဘူး။ Samsung အနေနဲ့ လာမယ့် စက်တင်ဘာလမှာ လူအများ မျှော်လင့်စောင့်စားနေတဲ့ Galaxy Note 4 ကိုလည်း ထုတ်ဖော်ပြသ သွားဖွယ် ရှိနေပါတယ်။

AMK (MCG)

Link - http://mmconsumerguide.com/?p=4141

---

LIKE (y) SHARE ✓ LOVE <3 Myanmar Consumer Guide

www.mmconsumerguide.com | The Best Product Reviews Radio Talk Show, Magazine & Website in Myanmar

ဘာပဲဝယ်ဝယ် Myanmar Consumer Guide ဖတ်ပြီးမှ ဝယ်ပါ။

ပြီးခဲ့တဲ့ လပေါင်း များစွာကတည်းက သတင်းများ ပလူပျံအောင် ထွက်ပေါ်နေခဲ့တဲ့ Galaxy S5 Prime ဒါမှမဟုတ် Galaxy Alpha လို့ အမည်ရတဲ့ စမတ်ဖုန်းကို ယနေ့ (သြဂတ်စ် ၁၃ ရက်) မှာ တရားဝင် ထုတ်ဖော်ပြသဖွယ် ရှိနေပါတယ်။

အဆင့်မြင့် သတ္တုကိုယ်ထည်နဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ ဒီစမတ်ဖုန်းဟာ iPhone 6 ကို ထိပ်တိုက်ယှဉ်ပြိုင်ဖို့ Samsung က အချိန်မီ ထုတ်လုပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

Galaxy Alpha ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်များဟာ သတင်းပတ်ပေါင်း များစွာကြာ အင်တာနက်ပေါ် ပြန့်နှံ့ရောက်ရှိ နေခဲ့သော်လည်း ယခုနောက်ဆုံး သိရှိရသည့် အချက်အလက်များအရ Samsung ထုတ် Exynos Octa-core ပရောက်ဆက်ဆာ၊ 2GB RAM၊ 32GB ဖုန်းတွင်း သိုမှီးမှုပမာဏနှင့် Android 4.4 KitKat တို့ ထည့်သွင်းဖန်တီး ထားဖွယ် ရှိနေပါတယ်။

အထက်မှာ ဖော်ပြထားတဲ့အတိုင်း Galaxy Alpha ရဲ့ ကိုယ်ထည်ဟာ သတ္တုနဲ့ ပြုလုပ်ထားမှာ ဖြစ်ပြီး Samsung စမတ်ဖုန်းများအနက် ပထမဆုံးပဲ ဖြစ်ပါတယ်။ iPhone 6 ရဲ့ မဟာပြိုင်ဖက်အဖြစ် ရပ်တည်သွားဖို့ ရှိနေတဲ့နည်းတူ Galaxy Alpha ဟာ 720p HD ပုံထွက်နှုန်းရှိမယ့် ၄.၇ လက်မအရွယ် Super AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး 12MP ပင်မကင်မရာနဲ့ 2.1MP ရှေ့ဖက် ကင်မရာတို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Galaxy S5 ကဲ့သို့ လက်ဗွေဖတ်စနစ်၊ နှလုံးခုန်နှုန်း တိုင်းတာမှုစနစ်၊ Nano SIM၊ USB 3.0 ချိတ်ဆက်မှုနဲ့ 4G LTE ကွန်ယက် ချိတ်ဆက်မှုတို့ကို ထည့်သွင်းပေးထားပါတယ်။

ဤအချက်အလက်များအရ Galaxy Alpha အနေနဲ့ သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားလင့်ကစား Samsung ရဲ့ ပင်မ (Flagship) စမတ်ဖုန်းအဖြစ်တော့ နေရာရယူဖွယ် မရှိသေးပါဘူး။ Samsung အနေနဲ့ လာမယ့် စက်တင်ဘာလမှာ လူအများ မျှော်လင့်စောင့်စားနေတဲ့ Galaxy Note 4 ကိုလည်း ထုတ်ဖော်ပြသ သွားဖွယ် ရှိနေပါတယ်။

AMK (MCG)
 

Myanmar Consumer Guide




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>