8/13/2014

♪ Acer က ၁၃ လက်မအရွယ် Chromebook ကို ကြေညာ ♫

Photo: Acer က ၁၃ လက်မအရွယ် Chromebook ကို ကြေညာ

 =======================================

Acer ၏ Chromebook 13 တွင် Nvidia Tegra-K1 ကို မောင်းနှင်လည်ပတ်ပြီး ဂိမ်းစက်အဆင့်ဖြင့် ဂိမ်းကစားနိုင်သော ပထမဆုံး Chromebook Laptop ဖြစ်လာပါသည်။ 

Nvidia နှင့် Acer တို့က Chromebook 13 ကို သြဂုတ်လ ၁၁ ရက်နေ့က ပြသခဲ့ခြင်း ဖြစ်ပါသည်။ Chromebook 13 တွင် ဂိမ်းကစားရန် လိုအပ်သည့် အရည်အသွေးမြင့် ဂရပ်ဖစ်များကို ထိန်းကျောင်းနိုင်သော Nvidia ၏ Quadcore Tegra K1 CPU ကို အသုံးပြုထားပါသည်။ အဆိုပါ Chipset ကို ဇန်န၀ါရီလတွင် ပြုလုပ်ခဲ့သော CES ပွဲတွင် ပြသခဲ့ဖူးပါသည်။ 

တစ်ခါအားသွင်းထားလျှင် ၁၃ နာရီ အသုံးခံသည်ဟု Nvidia က ပြောပါသည်။ 
၁၈ မီလီမီတာ အထူရှိပြီး Apple ၏ MacBook Air ထက် တစ်မီလီမီတာသာ ပိုထူပါသည်။ ဒေါ်လာ ၂၇၉ ဖြင့် ရောင်းချမည် ဖြစ်သဖြင့် အလွန်ဈေးသက်သာပါသည်။ Chromebook 13 သည် Acer ၏ ဒုတိယမြောက် စွမ်းဆောင်ရည်မြင့် Chromebook ဖြစ်ပါသည်။ Acer သည် ဇူလိုင်လတွင် Intel ၏ Haswell Core i3 CPU တပ်ဆင်ထားသော စွမ်းဆောင်ရည်မြင့် C720 ကို ကြေညာခဲ့ပါသည်။ 

အလေးချိန်မှာ ၃.၃ ပေါင်သာ ရှိပြီး ဂရပ်ဖစ်ကောင်းမွန်ခြင်းကြောင့် အခြား လက်တော့များကို ယှဉ်ပြိုင်နိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ NPD သုတေသန အဖွဲ့က ပညာသင်ကြားရေး နယ်ပယ်တွင် Chromebook များသည် Apple MacBooks များကို အနိုင်ယူနေသည်ဟု သိရပါသည်။ 
Chromebook 13 ကို အမျိုးအစားသုံးမျိုး ထုတ်လုပ်ပေးထားပါသည်။ 2GB Memory နှင့် 16GB Solid State Drive ကို ဒေါ်လာ ၂၉၉.၉၉၊ 4GB Memory နှင့် 32GB Solid State Drive ကို ဒေါ်လာ ၃၇၉.၉၉၊ 2GB Memory နှင့် 16GB Solid State Drive ကို ဒေါ်လာ ၂၇၉.၉၉ ဖြင့် ရောင်းချပေးနေပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>