8/19/2014

♪ First Look: HTC Butterfly 2 အကြောင်းသိရှိနိုင်ဖို့ ♫


HTC ရဲ့ One စမတ်ဖုန်းများနဲ့ Desire စမတ်ဖုန်းများကို ဈေးကွက်ထဲမှာ အများအပြား တွေ့နိုင်ပေမယ့် Butterfly လိုင်းကတော့ အနည်းငယ် ရှားတယ်လို့ ဆိုနိုင်ပါတယ်။ Butterfly စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်း အလွန်ကောင်းမွန်ပြီး ထူးခြားမှုတစ်ခု ထည့်သွင်းဖန်တီး ထားလေ့ရှိပါတယ်။

ယနေ့မှာတော့ HTC မှ အသစ်စက်စက် Butterfly 2 စမတ်ဖုန်းအား တိုကယို၌ ထုတ်ဖော်ပြသ မိတ်ဆက်သွားခဲ့ပါတယ်။ Butterfly 2 ဟာ အမှတ်မထင် ကြည့်မယ်ဆိုရင် ဂျပန်ဈေးကွက်ထဲက HTC J နဲ့ ထင်မှတ်မှားနိုင်ပါတယ်။ ဒါပေမယ့် Butterfly 2 ဟာ စွမ်းဆောင်ရည်ပိုင်းမှာ HTC ရဲ့ ပင်မ flagship စမတ်ဖုန်းဖြစ်တဲ့ One M8 နဲ့ တူညီနေပြီး ရေစိမ်ခံတာကြောင့် အလွန်ထူးခြားတဲ့ စမတ်ဖုန်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

ပိုလီကာဗွန်နိတ် ပလတ်စတစ်ကိုယ်ထည် Butterfly 2 နဲ့ သတ္တုကိုယ်ထည် One M8 တို့မှာ တူညီမှုတွေ အများအပြားလည်း ရှိနေပါတယ်။ Butterfly 2 ဟာလည်း 1920 x 1080 သိပ်သည်းဆရှိတဲ့ ၅ လက်မအရွယ် FullHD Super-LCD မျက်နှာပြင် ပါရှိပြီး အဆင့်မြင့် Quad-core Snapdragon 801 ပရော်ဆက်ဆာ၊ 2GB RAM နဲ့ 16GB (သို့) 32GB သိုမှီးမှုပမာဏတို့ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dot View Case တွေနဲ့ တွဲဖက်သုံးစွဲနိုင်တဲ့ Sense 6 UI နဲ့ BoomSound စပီတာ ၂ ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် စပီကာ ၂ လုံးဟာ ပလတ်စတစ် ကိုယ်ထည်ပေါ်မှာ ထင်ရှားပေါ်လွင်မှု မရှိပါဘူး။





Butterfly 2 ရဲ့ အထူးခြားဆုံး စွမ်းရည်ကတော့ ရေစိမ်ခံခြင်းပဲ ဖြစ်ပါတယ်။ ၁ မီတာအနက်ရှိတဲ့ ရေထဲမှာ မိနစ် ၃၀ ကြာ စိမ်ထားလို့ ရနိုင်ပြီး ချိတ်ဆက်မှု အပေါ်များကိုလည်း ရာဘာအပိတ်များ တပ်ဆင်ပေးထားပါတယ်။ ဒါ့ကြောင့်လည်း nano-SIM နဲ့ micro-SD ကဒ်တို့ ထည့်သွင်းရာ နေရာများဟာလည်း ပင်အပ်မလိုပဲ အဖွင့်အပိတ် လုပ်နိုင်ပြီး ပုံစံခွက်လေးကို ဆွဲထုတ်ပြီး ထည့်သွင်းလိုက်ရုံပဲ ဖြစ်ပါတယ်။

တောက်ပြောင်နေတဲ့ ပလတ်စတစ်ကိုယ်ထည်ကလည်း ထူးခြားမှုတစ်ခုဖြစ်ပြီး HTC ရဲ့ သတ္တုကိုယ်ထည် စမတ်ဖုန်းတွေကို သုံးစွဲဖူးသူ အချို့ကတော့ Butterfly 2 ကို သဘောကျမှာ မဟုတ်ပါဘူး။ အနီ၊ အပြာနဲ့ အဖြူရောင်များနဲ့ ထုတ်လုပ်ထားတဲ့ ဒီစမတ်ဖုန်းမှာ 2700 mAh အားရှိတဲ့ ဘက်ထရီလည်း ထည့်သွင်းပေးထားပါတယ်။

နောက်ထပ် ထင်ရှားတဲ့ ထူးခြားမှု တစ်ခုကတော့ ကင်မရာပါ။ HTC ဟာ ယင်းတို့ရဲ့ ထိပ်တန်းစမတ်ဖုန်းတွေမှာ UltraPixel ကင်မရာတွေ ထည့်သွင်းတပ်ဆင် လာတာဟာ မူရင်း HTC One ကတည်းကပါ။ UltraPixel ကင်မရာဟာ အထိုက်အလျောက် အောင်မြင်မှု ရရှိခဲ့သလို အလင်းရောင် နည်းပါးတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ရာမှာ ထူးထူးခြားခြား ကောင်းမွန်တဲ့ နည်းပညာ ဖြစ်ပါတယ်။

ဒါပေမယ့် Butterfly 2 မှာတော့ UltraPixel ကင်မရာအစာ 13MP ကင်မရာကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် One M8 မှာကဲ့သို့ တွဲဖက်ကင်မရာ ၁ ခုကိုလည်း ဖုန်းရဲ့ ပင်မကင်မရာနဲ့ ကပ်လျက်တွေ့နိုင် ပါတယ်။ ရှေ့ဖက်မှာတော့ မြင်ကွင်းကျယ် 5MP ကင်မရာနဲ့ Selfie တွေကို အပြတ်အသတ် ရိုက်ကူးနိုင် မှာ ဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို ဖုန်းပေါ်မှာ ပြင်ဆင်နိုင်ဖို့ function အစုံအလင် ထည့်သွင်းပေး ထားတဲ့ ကင်မရာ software လည်း ပါရှိပါသေးတယ်။

ကနဦး လေ့လာတွေ့ရှိချက်အရတော့ HTC Butterfly 2 ဟာ ထိပ်တန်း စမတ်ဖုန်း ၁ ခုဆိုတာ ငြင်းလို့ မရပါဘူး။ One M8 ကိုတောင် မှီပါတယ်။ ပြီးတော့ ရေစိမ်ခံခြင်းဟာလည်း ရေချိုးနေတုန်း Selfie ရိုက်တာ ဝါသနာပါတဲ့ ကိုကို၊ မမတွေ နှစ်သက်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် ပလတ်စတစ်ဖုန်းများရဲ့ ဘုရင် Samsung တောင် Galaxy Alpha နဲ့တူ သတ္တုကိုယ်ထည် စမတ်ဖုန်းပြိုင်ပွဲကို ဝင်ရောက်လာတဲ့ အချိန်မှာ နောက်ပြန်သွားသလို ဖြစ်နေတဲ့ Butterfly 2 ရဲ့ အောင်မြင်မှုကတော့ စောင့်ကြည့်ရပါဦးမယ်။

MCG အဖွဲ့သားတွေ အနေနဲ့လည်း Butterfly 2 ကို လက်တွေ့စမ်းသပ်ခွင့် ရရှိပြီဆိုတာနဲ့ လေ့လာတွေ့ ရှိချက်တွေကို ဖော်ပြပေးသွား ပါဦးမယ်။

SPECIFICATIONS -

OS: Android 4.4.x KitKat
Size: 145.4 x 70.2 x 9.99 mm
Weight: 151g
Display: 5" Full HD SLCD 3
Processor: Qualcomm Snapdragon 801 2.5GHz quad core
RAM: 2GB
Internal Storage: 16/32GB, MicroSDXC card slot
Camera: 13MP f/2.0 + 2MP Duo camera, 5MP front facing camera
Dual tone flash LED
Connectivity: WiFi a/b/g/n/ac / Bluetooth 4.0 / NFC
Battery: 2700 mAh
Talk time: Up to 23.9 hours for 3G
Standby time: Up to 643 hours for 3G

---

AMK (MCG)

Link - http://mmconsumerguide.com/?p=4195





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>