8/04/2014

♪ အူရီးဒူးက ဒေါ်လာ ၃၀ ၀န်းကျင်တန်ဖိုးရှိ ဟန်းဆက်တစ်သန်း ရောင်းချပေးမည် ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3XI1q2NROCclC6VPh40dtrIHIksY1r6ZWlfvsTbyVdp_MZ66hSNvbM_5nXBbNIyYT73rFFlsIWHcjS5FSLSPF5A3JutM9wQjxOGyjLe8qY1kUC8C1c5ZY1xunCFI7jGnngTDlh2F-SFM/s1600/CaptureWiz003.jpg

အူရီးဒူးကုမ္ပဏီထုတ် ဆင်းမ်ကတ်များကို ဈေးနှုန်းချို သာသော ဟန်းဆက်များဖြင့် ၀ယ်ယူအသုံးပြုနိုင် ရန်အတွက် အမေရိကန်ဒေါ်လာ ၃၀ ၀န်းကျင် ရှိသော မိုဘိုင်းဟန်းဆက် အလုံး ရေ တစ်သန်းကို ရောင်း ချပေး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။  ‘‘အူရီးဒူးအနေနဲ့ UMTS 900(3G) နဲ့ကိုက်ညီတဲ့ ဟန်း ဆက်တွေကို ပြည်သူတွေ ဈေး နှုန်းချိုသာစွာနဲ့ ၀ယ်ယူအသုံးပြု နိုင်ဖို့ ဟန်းဆက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ကန်ဒေါ် လာ ၂၀ နဲ့ ၃၀ ကြားရှိတဲ့ ဟန်း ဆက်တွေ ရောင်းချပေးသွားဖို့ လည်း စီစဉ်နေ ပါတယ်’’ဟု အူရီး ဒူးမြန်မာ၏ အမှုဆောင်အရာရှိ ချုပ်မစ္စတာ Ross Cormack က ပြောသည်။

UMTS 900(3G) နည်း ပညာနှင့် ကိုက်ညီသော ဟန်း ဆက်များကို Apple, HTC, Huwei, LG, Nokia , Sony , Samsung စသည်တို့က ထုတ် လုပ်သည့် ဟန်းဆက်အများစု တွင် အသုံးပြုနိုင်ပြီး အခြားသော ဟန်းဆက်အမျိုးအစားအချို့တွင် လည်း အသုံးပြုနိုင်သည်ဟု ဆို သည်။  ‘‘3G ဟန်းဆက်အတွက် မော်ဒယ် အမြင့်တွေမှာတော့ ရနိုင် ပေမယ့် ဈေးသက်သက်သာသာနဲ့ ရနိုင်ဖို့ကတော့ နည်းနည်းရှားတဲ့ အတွက် ဟန်းဆက်ကုမ္ပဏီတွေနဲ့ ညှိပြီးတော့ ကန်ဒေါ်လာ ၂၀၊ ၃၀ လောက်နဲ့ ရနိုင်မယ့် ရောင်းချပေးဖို့ သူတို့က လုပ်ပေးတာဖြစ်ပါ တယ်’’ဟု ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးသန်းထွန်းအောင် က ပြောသည်။

အူရီးဒူးဆင်းမ်ကတ် အသုံး ပြုလိုသူများအနေဖြင့် ဟန်းဆက် အသစ်ဝယ်ယူလိုခြင်း မရှိပါက မိမိဟန်းဆက် အား 3G ကွန်ရက် ဖြင့် ကိုက်ညီခြင်းရှိ၊ မရှိကို သိနိုင် ရန် ဆင်းမ်ကတ်ဝယ်ယူသော ဆိုင်များတွင် Ooredoo Check and Device App နှင့် လည်း စစ်ဆေး၍ သိရှိနိုင်ကြောင်း သတင်းရရှိ သည်။

By   နိုင်လင်းအောင်၊ ဆွေမွန်
 7Day News Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>