Samsung Galaxy S5 ဖုန်းအမျိုးအစားသစ်ကို ၂၀၁၄ ဧပြီလ ၁၁ ရက်နေ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာစတင်ရောင်းချလိုက်ပါပြီ။ အခုပြောပြချင်တာကတော့ Samsung Galaxy S5 ကို Root Access ရအောင်ပြုလုပ်ခြင်း ( Samsung Galaxy S5 ကို Root လုပ်နည်းဖြစ်ပါတယ်)။ လုပ်နည်းကိုအောက်မှာဆက်လက်လေ့လာရအောင်။
1. အရင်ဆုံး Samsung Galaxy S5 ကိုကွန်ပျူတာမှာချိတ်ဆက်ပြီးအလုပ်လုပ်လို့ရစေဖို့ လိုအပ်တဲ့ USB Drivers ကိုရယူပါ။
2. Settings >> Developer Options ထဲကိုဝင်ပြီး USB Debugging ကို on ထားပါ။
3. Firmware မတင်ခင်မှာသင့်ရဲ့ဖုန်းထဲက data များကိုကွန်ပျူတာထဲတွင် backup အနေဖြင့်ကြိုတင် copy ကူးသိမ်းဆည်းထားသင့်ပါသည်.
4. ဖုန်းက အနည်းဆုံး80 percent လောက် ဘက်ထရီအားရှိနေရပါမယ်။
5. Root လုပ်ဖို့လိုအပ်တဲ့ဖိုင်များကိုအောက်မှာပေးထားပြီး ယင်း Android CF-Auto-Root ဖိုင်များဟာ Galaxy S5 SM-G900F အတွက်သာဖြစ်ပါတယ်။ အခြားဖုန်းမော်ဒယ်များတွင်အသုံးပြုရန်မဟုတ်ပါ။
Downloads Required
Step 1: အပေါ်က link မှာ download ရယူခဲ့တဲ့ CF-Auto-Root ဇစ်ဖိုင်ထဲကနေ .tar.md5 format နဲ့ဖိုင်ကိုထုတ်ပါ ။ and Odin 3.09 ဇစ်ဖိုင်ထဲက Odin.exe ကိုလည်း ဇစ်ဖိုင်ထဲကနေ extract လုပ်ထားပါ။ ဇစ်ဖိုင်များကိုဖြည်ရာမှာ WinRAR, 7-Zip (သို့မဟုတ်) WinZip ကိုအသုံးပြုပါ။
Step 2: ဖုန်းကိုပါဝါပိတ်လိုက်ပါ။ ပြီးလျှင် Volume Down, Home နဲ့ Power ခလုတ်များကိုတွဲနှိပ်ပြီး Download Mode သို့ဝင်ပါ။ Download Mode သို့ဝင်ရောက်ရန် Welcome Screen ပေါ်လာပြီဆိုရင်တော့ Volume up ကိုနှိပ်၍ Download Mode သို့ဝင်လိုက်ပါ။
Step 3: ကွန်ပျူတာမှာ ခုနကတုန်းက ဇစ်ဖြည်ပြီးရလာတဲ့ Odin.exe ကို run လိုက်ပါ။
Step 4: ဖုန်းနဲ့ကွန်ပျူ တာနဲ့ကို usb ကြိုးအသုံးပြု၍ချိတ်ဆက်ပါ။ ID: COM ဆိုတဲ့နာမည်နဲ့အကွက်လေးထဲမှာ စိမ်းပြာရောင်လေးလင်းလာပြီဆိုရင် ဖုန်းကိုကွန်ပျူတာက detect သိနေပါပြီ။ Added ဆိုတဲ့စာသားလေးပေါ်လာပါမယ်။အကယ်၍ မလင်းဘူးဆိုရင်တော့ ဖုန်း driver ကိုကွန်ပျူတာမှာ မှန်ကန်စွာပြန်သွင်းလိုက်ပါဦး ။
Step 5: Odin ဆော့ဝဲထဲက AP ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီး ခုနတုန်းက ဇစ်ဖြည်ထားခဲ့တဲ့ CF-Auto-Root-klte-kltexx-smg900f.tar.md5 ဖိုင်လေးကိုရွေးပေးလိုက်ပါ။
Step 6: Auto Reboot နဲ့ F. Reset Time ဆိုတဲ့ Option ၂ ခုကိုအမှန်ခြစ်ထားမထားသေချာစစ်ပါ။ မခြစ်ထားလျှင် အမှန်ခြစ်ထားပါ။ Re-Partition ဆိုတဲ့ option ကိုတော့ အမှန်ခြစ်ဖြုတ်ထားရပါမယ်။ Step 7: ပြီးလျှင် Odin ဆော့ဝဲထဲက Start ခလုတ်ကိုနှိပ်ပါ။
Step 8: root installation process ပြီးသွားတာနဲ့ ဖုန်းက reboot ကျသွားပြီး PASS ဆိုတဲ့ စာသားလေးကို Odin ဆော့ဝဲမှာမြင်ရပါမယ်။ ဒါဆိုရင် ကွန်ပျူတာကနေ ဖုန်းကိုဖြုတ်လို့ရပါပြီ။
Android 4.4.2 တင်ထားတဲ့ Samsung Galaxy S5 SM-G900F ကိုအောင်မြင်စွာ root လုပ်ပြီးဖြစ်ပါတယ်။
Credit-MMAS
Thihahtike
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Download