4/25/2014

စွမ်းဆောင်ရည်မြင့်ပြီး ဈေးသက်သာသည့် OnePlus One စမတ်ဖုန်း

Photo: စွမ်းဆောင်ရည်မြင့်ပြီး ဈေးသက်သာသည့် OnePlus One စမတ်ဖုန်း
=====================================

OnePlus One စမတ်ဖုန်း ၏ Specification များသည် ဈေးအကြီးဆုံး စမတ်ဖုန်းများ နှင့် ယှဉ်ပြိုင်နိုင်သော်လည်း OnePlus One ၏ ဈေးနှုန်း မှာ အလွန်သက်သာပါသည်။ 16GB Version ကို ဒေါ်လာ (၂၉၉) ၊ အနက်ရောင် 64GB Version ကို ဒေါ်လာ (၃၄၉) ဖြင့် မေလလယ် တွင် ရောင်းချမည် ဖြစ်သည်။ တန်ဖိုးချင်း တူညီသည့် Nexus စမတ်ဖုန်းများ ထက် သာလွန်သည့် Hardware များတပ်ဆင်ထားပါသည်။ 

OnePlus One တွင် Samsung Galaxy S5 တွင် တပ်ဆင်ထားသည့် Snapdragon 801 2.5GHz Quad-Core Processor တပ်ဆင်ထားပါသည်။ 3GB RAM ပါရှိပါသည်။ ၅.၅ လက်မအရွယ် IPS 1080p Display ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ မျက်နှာပြင် ၏ Pixel သိပ်သည်းဆ မှာ တစ်လက်မလျှင် (၄၀၁) ဖြစ်ပါသည်။ Sony က ထုတ်လုပ်ထားသည့် 4K Video ရိုက်ကူးနိုင်သည့် 13 Megapixel Camera ကို အနောက်ဘက် တွင် တပ်ဆင်ထားပါသည်။ မျက်နှာချင်းဆိုင်တွင် 5 Megapixel Camera တပ်ဆင်ထားပါသည်။  3100mAh Battery ပါရှိပါသည်။ Dual-Band 802.11ac WiFi နှင့် Bluetooth 4.0 အပြင် GSM, WCDMA, LTE တို့ အသုံးပြုနိုင်ပါသည်။ ၁၆၂ ဂရမ် အလေးချိန်ရှိပြီး ၅.၅ လက်မအရွယ် စမတ်ဖုန်းများထဲတွင် အပေါ့ဆုံး ဖြစ်သည် ဟု OnePlus Company က ပြောပါသည်။

OnePlus One ၏ အားနည်းချက် မှာ ဘက်ထရီ ကို အသေတပ်ဆင်ထားခြင်း ဖြစ်သဖြင့် ဖြုတ်၍မရခြင်း ဖြစ်ပါသည်။ MicroSD Card အသုံးပြ၍မရဟု သိရပါသည်။ Operating System အနေဖြင့် CyanogenMod ကို အသုံးပြုထားခြင်း မှာ ထူးခြားပါသည်။ OnePlus Company ကို Oppo ၏ ယခင် ဒုဥက္ကဌ ဖြစ်သူ Pete Lau က တည်ထောင်ထာားခြင်း ဖြစ်ပါသည်။ 

OnePlus One ကို Austria, Belgium, Canada, Denmark, Finland, France, Germany, Hong Kong, Italy, Netherlands, Portugal, Spain, Sweden, Taiwan, UK , USA တို့တွင်  မေလလယ် ၌ စတင်ရောင်းချမည်ဖြစ်ပြီး အခြား နိုင်ငံများ တွင် နောက်ပိုင်းမှ ရောင်းချမည် ဖြစ်သည်။ အနက်ရောင် နှင့် အဖြူရောင် နှစ်မျိုးထုတ်လုပ်ပေးထားပါသည်။ 

သူရ

Myanmar Digital Life Journal

<<< အောက်ကကြော်ငြာလေးကို Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download