4/30/2014

ရွိုင်ကိန်း ၏ စီရော်နယ်ဒိုအပေါ် ပွဲအပြီး မှတ်ချက်

Photo: ရွိုင်ကိန်း ၏ စီရော်နယ်ဒိုအပေါ် ပွဲအပြီး မှတ်ချက်
=================== ===========
မနေ့က ဆီမီးဖိုင်နယ်ပွဲမှာ တွေ့ရတဲ့ မန်ယူကစားသမားဟောင်း နှစ်ဦး၏ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးစွာ နှုတ်ဆက်နေသည့်
ဓာတ်ပုံ ဖြစ်ပါတယ်။ ရွိုင်ကိန်းက ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ သူရဲ့ စွမ်းဆောင်မှုက ကမ္ဘာ့အကောင်းဆုံးရွေးချယ်ပေးခဲ့မှုတွေအတွက်
 ထိုက်တန်လှတဲ့ စွမ်းဆောင်မှုမျိုးပြသခဲ့ကြောင်းပြောခဲ့သည်။ စီရော်နယ်ဒိုသည် အဆိုပါပွဲစဉ်တွင် ရီးရဲမက်ဒရစ်အသင်းအတွက်
အနိုင်ဂိုး နှစ်ဂိုးရယူပေးခဲ့ပြီး ယခုနှစ်ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့သလို၊ 
သမိုင်းတလျှောက် ချန်ပီယံလိဂ် ရာသီအလိုက်မှာ အများဆုံးဂိုးသွင်းထားမှုအဖြစ် သွင်းဂိုးပေါင်း (၁၆) ဂိုးဖြင့်
စံချိန်တင်ထားနိုင်ခဲ့သည်။ 
ရွိုင်ကိန်းက "ဒီလိုမျိုး အရည်အချင်းရှိတဲ့ ကစားသမားကို ပေါင်သန်း (၈၀)နဲ့ ဆိုတာက သူ့အတွက် ဈေးပေါ့လှပါတယ်" ဆိုပြီး ဆီးမီးပွဲစဉ်ပြီးနောက် 
မန်ယူကနေ ရီးရဲလ်မက်ဒရစ်ကို ရောင်းချခဲ့မှုအပေါ် သုံးသပ်ပြောကြားခဲ့ပါသေးတယ်။
ဂါရတ် ဘေးလ်မှလည်း " ဒါကြောင့်မို့ သူဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်နေရတာပေါ့.သူနဲ့တွဲကစားခွင့်ရတာကို လေးစားဂုဏ်ယူမိတယ်၊
သူ့ဆီကလည်း သင်ယူစရာတွေကို လေ့လာယူနေပါတယ်" ဆိုပြီးပြောခဲ့သည်.။ 

မိုးတိမ်

Football Café

<<< ကူညီတဲ့အနေနဲ့အောက်မှာ Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>