4/30/2014

မန်ယူနိုက်တက်အသင်းနှင့် စံချိန်တင် စပွန်ဆာ စာချုပ် ချုပ်ဆိုဖို့ နီးစပ်နေသည့် အက်ဒီးဒက်

http://www.designfootball.com/design-galleries/fantasy-football-shirts/orig-manchester-united-2014-15-adidas-kit-16082
ဂျာမန် အားကစားပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် အက်ဒီးဒက်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်း မန်ချက်စတာယူနိုက်တက်အသင်းနှင့် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် တန်ကြေးရှိ စံချိန်တင် စာချုပ်တစ်ရပ် ချုပ်ဆိုဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။

အက်ဒီးဒက်ဟာ ပြိုင်ဖက် အင်အားကြီး ကုမ္ပဏီများ ဖြစ်ကြသည့် နိုက်က်၊ ပူးမား၊ ဝါရီယာ ကုမ္ပဏီများနှင့် အပြိုင် ကမ်းလှမ်းခဲ့ပြီး ယခုကဲ့သို့ ကမ္ဘာ့စံချိန်တင် တန်ကြေးရှိ အင်္ကျီစပွန်ဆာ စာချုပ်တစ်ရပ် ချုပ်ဆိုဖို့ နီးစပ်လာခြင်း ဖြစ်သည်။

စာချုပ်သက်တမ်းဟာ မည်မျှ သက်တမ်းရှည်ကြာမည်ဟု အတိအကျ မသိရသေးသော်လည်း ၁၀ နှစ်ထက် မပိုသည့် သက်တမ်း ဖြစ်ဖွယ် ရှိသည်။ တန်ကြေး ဒေါ်လာ သန်းတစ်ထောင် (ပေါင် သန်း ၆၀၀ ခန့်) ရှိမည် ဖြစ်သည့်အတွက် လက်ရှိ အခြားကလပ်အသင်းများ၏ စပွန်ဆာ စာချုပ်များထက် ၂ ဆ ကျော် ပိုမိုသည့် တန်ကြေး ဖြစ်လာမည် ဖြစ်သည်။

ရီးရဲမက်ဒရစ်အသင်းဟာ တစ်နှစ် ပေါင် ၃၁ သန်းစာချုပ်ဖြင့် အက်ဒီးဒက် ကုမ္ပဏီနှင့် သဘောတူညီထားပြီး ၂၀၁၂ ခုနှစ်က စတင်ကာ ၂၀၂၀ ခုနှစ်အထိ သဘောတူညီမှု ရရှိထားသည်။ ရီးရဲမက်ဒရစ်အသင်း၏ တစ်နှစ် ၃၁ သန်း စာချုပ်ဟာ ကမ္ဘာ့ အမြင့်မားဆုံး တန်ကြေး တစ်ခု ဖြစ်ပြီး ဒုတိယနေရာမှ ဘာစီလိုနာအသင်းဟာ နိုက်က် ကုမ္ပဏီနှင့် တစ်နှစ် ၂၇ သန်းတန် စာချုပ် ချုပ်ဆိုထားသည်။

ပရီးမီးယားလိဂ် အသင်း အာဆင်နယ်ဟာ ၂၀၁၄ အစောပိုင်းက ပူးမားနှင့် တစ်နှစ် ပေါင် သန်း ၃၀ တန် စာချုပ်တစ်ရပ် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပြီး လာမည့် ဇူလိုင်လ တစ်ရက်နေ့မှာ စတင် အသက်ဝင်မည် ဖြစ်သည်။ လီဗာပူးလ်အသင်းဟာလည်း ဝါရီယာ နှင့် တစ်နှစ် ပေါင် ၂၅ သန်းတန် စာချုပ် ချုပ်ဆိုထားသည်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ တစ်နှစ် ၂၅.၄ သန်းတန်ကြေးဖြင့် နိုက်က် ကုမ္ပဏီနှင့် လက်တွဲနေခြင်း ဖြစ်ပြီး ၂၀၀၂ ခုနှစ်နှစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။

#အောင်စိုးမိုး
https://www.facebook.com/footballcafe.mm





<<< ကူညီတဲ့အနေနဲ့အောက်မှာ Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download