4/25/2014

Facebook က Breaking News များ ပြသပေးမည့် FB Newswire Page ကို ပြုလုပ်

http://alessandrozamboni.com/wp-content/uploads/2013/09/BreakingNewsFB01-415x260-415x2601-415x2601-415x260.jpg

Facebook က FB Newswire Page ကို ပြုလုပ်ပေးလိုက်ပြီး အဆိုပါ Page တွင် Facebook ပေါ်မှ သတင်းများအနက်မှ ဂျာနယ်လစ်များ က စစ်ဆေးထားသည့် သတင်းမှန်များ ကို သာ ရွေးချယ် တင်ပြပေးမည် ဖြစ်သည်။ Facebook က သတင်းအေဂျင်စီ တစ်ခုဖြစ်သည့် Storyful နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ Storyful တွင် ရုံးခန်းသုံးခု ရှိပြီး ရုံးခန်း တစ်ခုစီတွင် သတင်းထောက်များ ရှိပါသည်။ သတင်းထောက်များ က Facebook ပေါ်တွင် Share ပြုလုပ်သည့် သတင်းများ ကို မှန်ကန်မှု ရှိမရှိ လိုက်လံ စစ်ဆေးမည် ဖြစ်သည်။ 

Storyful က အားကစား၊ ဖျော်ဖြေရေး၊ နည်းပညာ ၊ နိုင်ငံရေး စသည့် ကဏ္ဍများ အလိုက် Facebook မှ နာမည်ကြီး သတင်း နှင့် အရေးပေါ် သတင်းများ ကို ရှာဖွေရန် Algorithm ကို အသုံးပြုမည် ဖြစ်သည်။ ထို့နောက်တွင် Storyful က FB Newswire တွင် Share မလုပ်မီ ဂျာနယ်လစ်ရုံး မှ သတင်းထောက်များ ကို စေလွှတ်ပြီး စုံစမ်းခိုင်းမည်ဖြစ်သည်။ 

FB Newswire တွင် English အပြင် အခြားဘာသာစကားများဖြင့် ရေးသားထားသောသတင်းများ ပါရှိမည် ဖြစ်သည်။ သတင်းခေါင်းစီး ကို English ဘာသာ ဖြင့် ပြသမည် ဖြစ်သည်။ Facebook နှင့် Storyful တို့က တစ်နေ့လျှင် သတင်း အပုဒ်ရေ မည်မျှ တင်ပေးမည် ဆိုသည် ကို ကြေညာခြင်းမရှိ ဟု သိရပါသည်။ 

Facebook က FB Newswire ကို ဂျာနယ်လစ်များ အတွက် ရည်ရွယ်သော်လည်း Facebook အသုံးပြုသူတိုင်း Page ကို Like ပြုလုပ်ပြီး မှန်ကန်တိကျသည့် သတင်းများ ကို ဖတ်ရှုနိုင်မည်ဖြစ်သည်။ 

FB Newswire Page ကို အောက်က လင့် မှတစ်ဆင့် သွားရောက်နိုင်ပါသည်။ 

https://www.facebook.com/FBNewswire

သူရ

Myanmar Digital Life Journal




<<< အောက်ကကြော်ငြာလေးကို Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download