4/28/2014

Galaxy S6 နှင့် Galaxy Note 5 တို့တွင် ကွေးညွှတ်နိုင်သည့် မျက်နှာပြင်များ တပ်ဆင်ထားမည်

Photo: Galaxy S6 နှင့် Galaxy Note 5 တို့တွင် ကွေးညွှတ်နိုင်သည့် မျက်နှာပြင်များ တပ်ဆင်ထားမည်
==========================================

Samsung က ကွေးညွှတ် မျက်နှာပြင်များ ကို Galaxy Round နှင့် Gear Fit များတွင် တပ်ဆင်ထားပါသည်။ တရုတ် ၀က်ဆိုက် တစ်ခု ဖြစ်သည့် LEDWN ၏ သတင်းအရ Samsung က နောက်ထုတ်မည့် စွမ်းဆောင်ရည်မြင့် Galaxy စမတ်ဖုန်းများ တွင် ကွေးညွှတ် နိုင်သည့် မျက်နှာပြင်များ ကို တပ်ဆင်မည် ဖြစ်သည်။ Samsung က ကွေးညွှတ် နိုင်သည့် မျက်နှာပြင်များ ကို ထုတ်လုပ်ရန် အတွက် စက်ရုံ အသစ်တစ်ခု ကို ယခုနှစ်ကုန်ပိုင်း တွင် တည်ဆောက်မည် ဖြစ်သည်။ အဆိုပါစက်ရုံမှ ထုတ်လုပ်သည့် ကွေးညွှတ် နိုင်သည့် မျက်နှာပြင်များ ကို Galaxy S6 နှင့် Galaxy Note 5 တို့တွင် တပ်ဆင်မည် ဖြစ်သည်။

LED သတင်းများ ကိုသာ အဓိက ရေးသားလေ့ရှိသည့် LEDWN နည်းပညာ ဘလော့ က ရေးသားထားချက်အရ LG ကလည်း ကွေးညွှတ် မျက်နှာပြင်များ ကို ထုတ်လုပ်နေပြီး Apple က လည်း iWatch စမတ်နာရီ တွင် ကွေးညွှတ် မျက်နှာပြင် အသုံးပြုမည် ဖြစ်သည်။ ကွေးညွှတ် နိုင်သည့် မျက်နှာပြင်များ သည် လာမည့် နှစ်အနည်းငယ် အတွင်းတွင် အသုံးပြုမှုများပြားလာမည် ဖြစ်သည်။ Samsung က စက်ရုံသစ် အတွက် ဒေါ်လာ (၁.၉) ဘီလီယမ် အသုံးပြုမည် ဖြစ်ပြီး အနာဂတ် တွင်လည်း စက်ရုံ တွင် ဒေါ်လာ ခြောက် ဘီလီယမ် ရင်းနှီးမြှပ်နှံမည်ဖြစ်သည်။ စက်ရုံမှ ချပ်ဝတ်တန်ဆာ ကွန်ပြူတာများ အတွက် ကွေးညွှတ် မျက်နှာပြင်များ ဦးစွာ ထုတ်လုပ်မည်ဖြစ်ပြီး ကြီးမားသည့် မျက်နှာပြင်များ ကိုမူ နောက်ပိုင်းတွင် မှ ထုတ်လုပ်မည် ဖြစ်သည်။ 

မကြာမီ  က ထွက်ပေါ်ခဲ့သော သတင်းအရ Galaxy Note 4 တွင် ကွေးညွှတ်မျက်နှာပြင် တပ်ဆင်မည် ဟု သိရသော်လည်း စက်ရုံ အသစ် သည် Note 4 အတွက် ကွေးညွှတ်မျက်နှာပြင် ထုတ်လုပ်ရန် အဆင်သင့် မဖြစ်သေး ဟု သိရပါသည်။ စက်ရုံ အသစ် မှ ထုတ်လုပ်သည့် ကွေးညွှတ် မျက်နှာပြင် ကို ပထမဆုံး စတင် တပ်ဆင်ခွင့် ရရှိမည့် စမတ်ဖုန်းများ မှာ ၂၀၁၅ ခုနှစ် တွင် ထုတ်လုပ်မည့် Galaxy S6 နှင့် သူ့နောက်ပိုင်း ထုတ်လုပ်မည့် Note 5 တို့ ဖြစ်ပါသည်။ 

သူရ

Myanmar Digital Life Journal

<<< ကူညီတဲ့အနေနဲ့အောက်မှာ Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download