4/25/2014

Google Glass တွင် iPhone မှ SMS Message များ ကို သိနိုင်ပြီ

Photo: Google Glass တွင် iPhone မှ SMS Message များ ကို သိနိုင်ပြီ
====================================

Google က Glass စမတ်မျက်မှန် အတွက် Software Update ပြုလုပ်ပေးလိုက်ပြီး iPhone မှ SMS Message များ ကို စမတ်မျက်မှန် တွင် မြင်တွေ့ သိရှိနိုင်သည့် စွမ်းဆောင်ချက် ပါရှိလာပါသည်။ ထို့အပြင် Calendar Glassware App ပါရှိလာပါသည်။ 

iPhone ရှိ Bluetooth Settings တွင် “show notification” ကို ဖွင့်ရမည် ဖြစ်သည်။ အဆိုပါ စွမ်းဆောင်ချက် ကို Android Phone များတွင် အသုံးပြုနိုင်သည် မှာ ကြာပြီဖြစ်သည်။ 

Google Glass အသုံးပြုသူများသည် iPhone မှ SMS Message များ ကို လက်ခံရရှိနိုင်သော်လည်း ပြန်လည် ပေးပို့၍ မရကြောင်း သိရပါသည်။ iOS ၏ ကန့်သတ်ချက်များ ကြောင့်ဖြစ်သည် ဟု Google Glass တီထွင်သူအဖွဲ့ ကပြောပါသည်။ 

စွမ်းဆောင်ချက် အသစ်တစ်ခု မှာ Calendar ဖြစ်ပြီး MyGlass ရှိ Glassware tab တွင် တည်ရှိပါသည်။ Calendar Glassware ကို ဖွင့်ပြီးသည်နှင့် Home Screen ၏ ဘယ်ဘက် တွင် အစီရင်ခံစာများ ကို ပြသမည် ဖြစ်သည်။ Timeline မှ Calendar Card ကိုနှိပ်လျှင် Title, Time, Location , RSVP တို့ကို ပြုပြင်ပြောင်းလဲနိုင်ပါသည်။ Event များကို Delete လုပ်နိုင်သကဲ့သို့  Timeline မှ ဖယ်ရှားနိုင်ပါသည်။

Google က မကြာမီက စမတ်မျက်မှန် ကို Android KitKat သို့ အဆင့်မြှင့်ပေးခဲ့ပြီး Video Call စွမ်းဆောင်ချက် ကို ဖယ်ရှားခဲ့ပါသည်။ Google က စမတ်မျက်မှန် အတွက် Software Update များကို လစဉ်ပြုလုပ်ပေးလေ့ရှိသော်လည်း KitKat ကို အဆင့်မြှင့်တင်ပေးပြီး နောက်တွင် Update ပြုလုပ်ပေးသည့် အချိန် အပိုင်းအခြား မှာ စိပ်လာသည် ဟု ကျွမ်းကျင်သူများ က သုံးသပ်ပါသည်။ Google က Video Call စွမ်းဆောင်ချက် ကို မည်သည့်အချိန် တွင် ပြန်လည်ထည့်သွင်းပေးမည် ဆိုသည် ကို ပြောကြားခြင်း မရှိသေးပါ။ 

သူရ

Google က Glass စမတ်မျက်မှန် အတွက် Software Update ပြုလုပ်ပေးလိုက်ပြီး iPhone မှ SMS Message များ ကို စမတ်မျက်မှန် တွင် မြင်တွေ့ သိရှိနိုင်သည့် စွမ်းဆောင်ချက် ပါရှိလာပါသည်။ ထို့အပြင် Calendar Glassware App ပါရှိလာပါ သည်။ 

iPhone ရှိ Bluetooth Settings တွင် “show notification” ကို ဖွင့်ရမည် ဖြစ်သည်။ အဆိုပါ စွမ်းဆောင်ချက် ကို Android Phone များတွင် အသုံးပြုနိုင်သည် မှာ ကြာပြီဖြစ်သည်။ 

Google Glass အသုံးပြုသူများသည် iPhone မှ SMS Message များ ကို လက်ခံရရှိနိုင်သော်လည်း ပြန်လည် ပေးပို့၍ မရကြောင်း သိရပါသည်။ iOS ၏ ကန့်သတ်ချက်များ ကြောင့်ဖြစ်သည် ဟု Google Glass တီထွင်သူအဖွဲ့ ကပြောပါသည်။ 

စွမ်းဆောင်ချက် အသစ်တစ်ခု မှာ Calendar ဖြစ်ပြီး MyGlass ရှိ Glassware tab တွင် တည်ရှိပါသည်။ Calendar Glassware ကို ဖွင့်ပြီးသည်နှင့် Home Screen ၏ ဘယ်ဘက် တွင် အစီရင်ခံစာများ ကို ပြသမည် ဖြစ်သည်။ Timeline မှ Calendar Card ကိုနှိပ်လျှင် Title, Time, Location , RSVP တို့ကို ပြုပြင်ပြောင်းလဲနိုင်ပါသည်။ Event များကို Delete လုပ်နိုင်သကဲ့သို့ Timeline မှ ဖယ်ရှားနိုင်ပါသည်။

Google က မကြာမီက စမတ်မျက်မှန် ကို Android KitKat သို့ အဆင့်မြှင့်ပေးခဲ့ပြီး Video Call စွမ်းဆောင်ချက် ကို ဖယ်ရှားခဲ့ပါသည်။ Google က စမတ်မျက်မှန် အတွက် Software Update များကို လစဉ်ပြုလုပ်ပေးလေ့ရှိသော်လည်း KitKat ကို အဆင့်မြှင့်တင်ပေးပြီး နောက်တွင် Update ပြုလုပ်ပေးသည့် အချိန် အပိုင်းအခြား မှာ စိပ်လာသည် ဟု ကျွမ်းကျင်သူများ က သုံးသပ်ပါသည်။ Google က Video Call စွမ်းဆောင်ချက် ကို မည်သည့်အချိန် တွင် ပြန်လည်ထည့်သွင်းပေးမည် ဆိုသည် ကို ပြောကြားခြင်း မရှိသေးပါ။ 

သူရ

Myanmar Digital Life Journal



<<< အောက်ကကြော်ငြာလေးကို Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download