မိုဘိုင်းဖုန်းထုတ်လုပ်ရေးပိုင်းမှာ
အောင်မြင်မှုရရှိနေတဲ့ LG ဟာ ယခုအခါမှာတော့ Chipset တွေကို ထုတ်လုပ်ဖို့
ဆိုင်းပြင်းနေတယ်လို့ သတင်းတွေ ထွက်ရှိလာပါတယ်။ LG က Odin chip
လို့အမည်ပေးထားတဲ့ Chipset ဟာ 8-core စွမ်းရည်ရှိပြီး အမြောက်အမြား
ထုတ်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
Odin chip တွေကို ARM GPU နည်းပညာအခြေပြု တည်ဆောက်မှာဖြစ်ပြီး
Cortex-A15 core (၄) လုံးနဲ့ Cortex-A7 core (၄) လုံးကို ပေါင်းစပ်
ဖွဲ့စည်းထားမယ်လို့ ဆိုပါတယ်။ Nanometer တည်ဆောက်မှုပုံစံအတိုင်း
ဖွဲ့စည်းတည်ဆောက်ထားမယ်လို့ ဆိုပါတယ်။
ကိုရီးယားသတင်းဌာနများရဲ့အဆိုအရ LG အနေနဲ့ ယခုလို Chipset တွေ ထုတ်လုပ်နိုင်ဖို့အတွက် မဝေးတော့ကြောင်း သို့ပေမယ့် အသစ်ထုတ်လုပ်ဖို့ ဆိုင်းပြင်းထားတဲ့ LG G3 မှာ LG ရဲ့ကိုယ်ပိုင် Chipset တွေကို အသုံးပြုထားမှာမဟုတ်ကြောင်း ဖော်ပြထားပါတယ်။ L စီးရီးစမတ်ဖုန်း
တွေမှာသာ Odin chip တွေကိုအသုံးမှာဖြစ်တယ်လို့လည်း
ကောလဟလသတင်းတွေ ထွက်ရှိနေပါတယ်။
နောက်ထပ်ထွက်ရှိလာတဲ့ သတင်းတွေအရ Odin chip ကို Quad-core နဲ့ Octa-core ဗားရှင်းနှစ်မှိုးထုတ်လုပ်မယ်လို့ ဆိုပါတယ်။ Quad-core ဗားရှင်းမှာ ARM Mali-T604 GPU ကို ထည့်သွင်းထားမှာ ဖြစ်ပြီး Octa-core ဗားရှင်းမှာတော့ ARM ရဲ့နောက်ဆုံးထုတ် Mali-T760 GPU ကိုသုံးထားမယ်လို့ ဆိုပါတယ်။
———————————-

May Thazin (TSJ Team)
Ref:TechSpace Journal
Thihahtike
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Download