၂၀၁၄ ဧပြီလဆန်းမှာ iPhone 6 ရဲ့ Design Diagram အပြည့်အစုံပါရှိတဲ့ Design
မူကြမ်းနဲ့အတူ ယင်း Design ပုံကို နမူနာပြသထားတဲ့ ၄.၇ လက်မအရွယ် iPhone 6
နဲ့ ၅.၇ လက်မအရွယ် iPhone 6 ဒီဇိုင်းမူကြမ်းတို့ထွက်ရှိလာပါတယ်။
ဒီဇိုင်းမူကြမ်းရဲ့ ဖုန်းပုံစံအချောသပ်ကိုတော့ Macrumors က
ဒီဇိုင်နာတစ်ယောက်ကပြန်လည်ပုံဖော်ပေးထားတာဖြစ်ပါတယ်။
ဒါဟာ iPhone 6 အတွက်ထွက်ရှိခဲ့သမျှ Design ပုံရိပ်များထဲမှာ
အမှန်တကယ်အဖြစ်နိုင်ဆုံး Design ဖြစ်တယ်လို့ မိုဘိုင်းဖုန်းဆိုင်ရာ
ဝေဖန်သုံးသပ်သူများကဆိုလိုက်ပါတယ်။ ယခုထွက်ရှိလာတဲ့ ဒီဇိုင်းအရ iPhone 6 ဟာ
iPhone 5S နဲ့ယှဉ်လိုက်ရင် ဒီဇိုင်းအရအနည်းငယ်ကွဲပြားသွားပြီး ဘေး frame
ဘောင်ဟာ rounded corner ပိုဆန်လာမှာဖြစ်တယ်လို့ဆိုပါတယ်။ ယခုထွက်ရှိလာတဲ့
ဒီဇိုင်းဟာ HTC One (M8) နဲ့ခပ်ဆင်ဆင်တူနေပြီး Back Cover ခြမ်းကတော့ iPad
touch 5 generation နဲ့ဆင်တူတယ်လို့ သုံးသပ်သူတွေကဆိုကြပါတယ်။
Apple မှ report တစ်စောင်အရ 4.7 လက်မရှိတဲ့ iPhone 6 က
အရင်ထွက်ရှိလာမှာဖြစ်ပြီး 5.7 လက်မရှိတဲ့ iPhone 6 က ယင်းနောက်
အနည်းငယ်နောက်ကျထွက်ရှိလာမယ်လို့ ဆိုပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ Apple မှ
လက်ရှိထုတ်လုပ်ထားသော iPhone 5S များဟာ နိုင်ငံတော်တော်များများက မိုဘိုင်း
Operator များမှာ အရောင်းရဆုံး Handset
အဖြစ်ဆက်လက်စံချိန်တင်ထားကြောင်းသိရပါတယ်။
Ref: Macrumors
Credit- MMAS
Thihahtike
Welcome From My Blog