5/07/2014

မော်ရင်ဟိုဟာ ဘောလုံးလောကရဲ့ အန္တရာယ်ပါ။ (အော်လ်ဆင်)

Photo: မော်ရင်ဟိုဟာ ဘောလုံးလောကရဲ့ အန္တရာယ်ပါ။ (အော်လ်ဆင်)
====================================

ဒိန်းမတ်လက်ရွေးစင် အသင်း နည်းပြချုပ် ဖြစ်သူ မော်တင် အော်လ်ဆင်ဟာ ချယ်ဆီး အသင်းမန်နေဂျာ ဂျို့စ် မော်ရင်ဟို၏ နည်းဗျူဟာများကို ဝေဖန် ပြစ်တင်လိုက်ပြီး အကယ်၍ အသင်းတိုင်းသာ မော်ရင်ဟိုလို နည်းဗျူဟာများ ကျင့်သုံးလာပါက ဘောလုံးပွဲများဟာ ပျင်းရိဖွယ် ကစားပွဲများ ဖြစ်လာမည်ဟု ပြောကြားလိုက်သည်။ 

အော်လ်ဆင်က “ကျနော့်အမြင် ပြောရရင်တော့ မော်ရင်ဟိုဟာ ဘောလုံးလောကရဲ့ အန္တရာယ်တစ်ခုပါ။ တကယ်လို့များ မော်ရင်ဟိုရဲ့ စတိုင်လ်တွေကို အတော်များများက ကူးချကြမယ်ဆိုရင် ဘောလုံးကစားပွဲတွေ သေဆုံးသွားမှာပါ။”

“ဘောလုံးအသင်းတိုင်းဟာ မော်ရင်ဟိုလို ဗျူဟာတွေနဲ့ ကစားနေတယ်ရယ်လို့ ခင်ဗျား စိတ်ကူးကြည့်လိုက်စမ်းပါ။ ဘောလုံးပွဲတွေဟာ ပျင်းရိစရာကောင်းနေမှာ အသေအချာပါပဲ။ ဒီနောက်တော့ ကျနော် ဘောလုံးပွဲတွေကို ကြည့်တော့မှာ မဟုတ်ပါဘူး။”

“ဇာတ်ကားကောင်း တစ်ခုကို ကြည့်ဖို့ပဲ ကျနော်ရွေးချယ်မှာပါ။ ဒါမှ မဟုတ် တောအုပ်ထဲမှာ အေးအေးလူလူ လမ်းလျှောက်နေလိုက်မယ်။”

“ကျနော်သာ အခွင့်အရေး ရခဲ့မယ်ဆိုရင် ချယ်ဆီးအသင်းကို လက်ရှိပုံစံနဲ့ တစ်ခြားစီ ဖြစ်အောင် ကျနော် ပြုလုပ်နိုင်ပါတယ်။ မော်ရင်ဟိုဟာ ခံစစ်ကစားပုံကိုပဲ လုပ်တတ်တဲ့လူပါ။ အသင်းက ပိုက်ဆံတွေ အများကြီး သုံးပြီးတော့ သိပ်ကောင်းတဲ့ကစားသမားတွေကို ခေါ်ထားတာပါ။ ဒုက္ခပဲ။ အဲ့လို ကစားသမားကောင်းတွေ ခေါ်ပြီးမှတော့ သုံးရတော့မှာပေါ့။” ဟု ဝေဖန် ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

မော်တင် အော်လ်ဆင်ဟာ ဒိန်းမတ် လက်ရွေးစင်အသင်းကို ၂၀၀၀ ခုနှစ်မှ စတင် ကိုင်တွယ်ခဲ့ပြီး ၁၄ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ 

#အောင်စိုးမိုး
https://www.facebook.com/footballcafe.mm

<<< ကူညီတဲ့အနေနဲ့အောက်မှာ Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>