ယခုနှစ် စပိန်လာလီဂါအမှတ်ပေးချန်ပီယံအဆုံးအဖြတ်ပြိုင်ပွဲက ခါတိုင်းနှစ်တွေထက် ပိုပြီးစိတ်ဝင်စားဖွယ်ဖြစ်လာပါတယ်။
အသင်းတိုင်းသည် လက်ကျန် ပွဲစဉ် နှစ်ပွဲစီကျန်ရှိနေပြီးတော့ လက်ရှိမှာ ဇယားထိပ်မှ အက်တလက်တီကို မက်ဒရစ်အသင်းက
ဘာစီလိုနာအသင်းကို သုံးမှတ်တိတိဖြတ်ထားပါတယ်။။ ဇယားထိပ်သီးအသင်းများ၏ ပွဲစဉ် (၃၇)ပွဲစဉ်များအဖြစ် အက်တလက်တီကို မက်ဒရစ်က မာလာဂါ နှင့် အိမ်ကွင်းကစားရမည်ဖြစ်ပြီး ဘာစီလိုနာအသင်းက အယ်ချီကွင်းမှာ အဝေးကွင်းသွားရောက်ကစားရမှာပါ။
အက်တလက်တီကို မက်ဒရစ်အသင်းသည် လာမည့် တနင်္ဂနွေနေ့မှာ
မာလာဂါအသင်းကို အနိုင်ရရှိပြီး၊ ဘာစီလိုနာအသင်းက အယ်ချီအသင်းကိုအနိုင်မရခဲ့ဘူး ဆိုလျှင် အက်တလက်တီကိုအသင်း ယခုနှစ် လာလီဂါဖလားကို ဆွတ်ခူးနိုင်တော့မှာပါ။ သို့သော် နှစ်သင်းစလုံးအနိုင်ရရှိခဲ့မည်ဆိုလျှင်တော့ နောက်ဆုံးပွဲစဉ်တွင် ထိုနှစ်သင်း ချန်ပီယံ အဖြေအတိအကျရဖို့ ဆက်လက်ယှဉ်ပြိုင်ကစားရတော့မှာကြောင့်
နောက်ဆုံးပွဲစဉ်သည် အကြိတ်အနယ်ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်။
သူတို့နှစ်သင်းသည် လာလီဂါနောက်ဆုံးပွဲစဉ်အဖြစ် မေလ ၁၇ ရက်နေ့တွင် ဘာစီလိုနာ၏ နှုးကပ်ကွင်းတွင်ဆက်လက်ယှဉ်ပြိုင်ကစားရန် နောက်ဆုံးပွဲစဉ်အဖြစ် ကျန်ရှိနေကြပါတယ်။
စပိန်လာလီဂါက စည်းမျဉ်းအရ အမှတ်တူရင် ထိပ်တိုက်တွေ့ဆုံမှု ရလဒ်ကို ဦးစားပေးခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းသည် အက်တလက်တီကို မက်ဒရစ် နှင့် ပထမအကျော့တွင် ဂိုးမရှိသရေ ရလဒ်ရယူထားခဲ့တာကြောင့် လက်ကျန်ပွဲစဉ်များဖြစ်သည့်
အယ်ချီ အသင်း နှင့်အက်တလက်တီကို မက်ဒရစ်အသင်းအားအနိုင်ရရှိမည်ဆိုက ယခုနှစ် လာလီဂါဖလားကို ထိုက်ထိုက်တန်တန်ရရှိတော့မှာလည်းဖြစ်ပါတယ်။

အဆိုပါနှစ်သင်းသည် ယခုနှစ်ရာသီမှာ ၅ ကြိမ်တိတိ ဆုံတွေ့ခဲ့ကြပြီးတော့ လေးပွဲသရေဖြစ်ခဲ့ကာ အနိုင်အရှုံးအဖြပေါ်ခဲ့တာက
အက်တလက်တီကိုမက်ဒရစ်အသင်းမှ ချန်ပီယံလိဂ် ကွာတားအဆင့်မှာဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်တစ်ကြိမ်ရရှိခဲ့ခြင်းဖြစ်ပြီး
ချန်ပီယံလိဂ် ဆီးမီးအဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ထို့နောက် ဆီးမီးအဆင့်မှာ ချယ်ဆီးကို ဖြတ်ကျော်ထားတဲ့ အက်တလက်တီကိုမက်ဒရစ်အသင်းသည်
ချန်ပီယံလိဂ် (၁၀)ကြိမ်မြောက်ရယူရေး ပစ်မှတ်ထားနေသည့် ရီးရဲမက်ဒရစ်အသင်းနဲ့လည်း မေလ ၂၄ ရက်နေ့မှာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရအုံးမှာပါ။
ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့ညက ရီးရဲလ်မက်ဒရစ်အသင်းသည် လာလီဂါလက်ကျန်ပွဲစဉ်မှာပါ ဗီလာဒိုလစ်ကို တစ်ဂိုးစီ သရေဖြစ်ခဲ့တာကြောင့် ဇယားထိပ်မှ အက်တလက်တီကိုမက်ဒရစ် နှင့်
၎ မှတ်ကွာဟသွားတာကြောင့် ရီးရဲလ်အသင်း ချန်ပီယံမျှော်လင့်ချက် တစ်ခုေ၀၀ါးခဲ့ရပါတယ်။ ထို့အတူ ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဉ်ကို စပိန်လာလီဂါမှ ဆီဗီလာက တက်ရောက်ထားပြီး
ဘင်ဖီကာအသင်းနဲ့ မေလ ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရအုံးမှာပါ။

ဥရောပနိုင်ငံများ၏ အမှတ်ပေးဖလားပြိုင်ပွဲတွေက ချန်ပီယံအဖြေတွေ အသီးသီးပေါ်ထွက်ခဲ့ပြီးတော့
ယခုတစ်ပတ်မှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်၏ နောက်ဆုံးရာသီသိမ်းပွဲစဉ်နှင့်အတူ
လာလီဂါထိပ်သီးအသင်းများ၏ လာလီဂါအမှတ်ပေးဖလားနောက်ဆုံးပွဲစဉ်များ နှင့် ဥရောပချန်ပီယံမော်ကွန်းရေးထိုးနိုင်ရေး ပွဲစဉ်များက အားကစားပရိတ်သတ်များအတွက်
ပိုမို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအဖြစ် ဖန်စားနေမည်မှာတော့.....။။။။

မိုးတိမ်