5/07/2014

ဒီယေဂိုကော်စတာ အပြင် PSG တိုက်စစ်မှူး လာဗက်ဇီ အားလည်း ခေါ်ယူဖွယ်ရှိနေသည့် ချဲလ်ဆီး

Photo: ဒီယေဂိုကော်စတာ အပြင် PSG တိုက်စစ်မှူး လာဗက်ဇီ အားလည်း ခေါ်ယူဖွယ်ရှိနေသည့် ချဲလ်ဆီး
-----------------------
ချဲလ်ဆီးအသင်းသည် လာမည့်ရာသီတွင် သူ၏ ရှေ့တန်းကို မလွှဲမသွေ ပြုပြင်တော့မည် ဖြစ်ရာ အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာ အပြင် PSG တိုက်စစ်မှူး လာဗက်ဇီ ကိုပါ မျက်စိကျနေသည့် အကြောင်း သတင်းများက ဖေါ်ပြထားသည်။ ထို့အတူ အသင်းအား ၀ိတ်လျော့ရန် ကြိုးစားနေသည့် PSG အသင်းကလည်း လာဗက်ဇီ,၏ အပြောင်းအရွေ့ကို လက်ခံစဉ်းစား ရန်ရှိနေသည်။

နာပိုလီအသင်းမှ 2012က PSG သို့ရောက်ရှိလာခဲ့သူ အာဂျင်တိုင်းသား လာဗက်ဇီ သည် ယခုနှစ်ရာသီအတွက် (11)ဂိုး သွင်းပေးထား နိုင်ခဲ့သလို ချဲလ်ဆီးနှင့် တွေ့စုံခဲ့သည့် ကွာတားဖိုင်နယ်တွင် ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးလည်း သွင်းယူနိုင်ခဲ့ခြင်းက သူ့အား အပြာရောင် အသင်းက မျက်စိကျလာစေခဲ့သည်။

မော်ရင်ဟိုသည် လာမည့်နှစ်အတွက် အသင်းအား လူငယ်တိုက်စစ်မှူးဖြင့် ဖြည့်တင်းလိုဟန် ရှိနေခဲ့သော်လည်း ယခုကဲ့သို လာဗက်ဇီ နှင့် သတင်းထွက် လာခဲ့ခြင်းက စိတ်ဝင်စားဖွယ်လည်း ဖြစ်ခဲ့သည်။ 

#မောရစ်
https://www.facebook.com/footballcafe.mm

<<< ကူညီတဲ့အနေနဲ့အောက်မှာ Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>