5/07/2014

အောင်မြင်မှု ကို ငွေကြေး အလုံးအရင်း နဲ့ အချိန်တို အတွင်း ရှာ ဖွေနေသည့် အသင်းများ အတွက် ပထမဆုံး တိုက်ပွဲ လေ လား

Photo: အောင်မြင်မှု ကို ငွေကြေး အလုံးအရင်း နဲ့ အချိန်တို အတွင်း ရှာ
ဖွေနေသည့် အသင်းများ အတွက် ပထမဆုံး တိုက်ပွဲ လေ လား 
------------------------------------------------------------

........ ပြီးခဲ့သည့် ၆ နစ် ကျော်တုန်းက ပရီးမီးယားလိဂ် ဧ။် တတိယ
အဆင့် အသင်းငယ် တစ်သင်း အဖြစ်သာ ရပ်တည်နေခဲ့ပြီး အာရပ်
သူဌေးကြီးများ ပိုင်ဆိုင် လိုက်ကတည်းက ငွေကြေး အလုံးအရင်း နဲ့ 
အချိန်တိုအတွင်း ဥရောပ ဘောလုံး ဇာတ်ခုံ ပေါ်သို့  ပြေးတက်လာ
သည့် မန်ချက်စတာစီးတီး အသင်း သည် ယခုအခါ ဥရောပ ဘော
လုံးအဖွဲ့ ချုပ် ဧ။် အက်ဖ်အက်ဖ်ပီ စည်းမျဉ်း စည်းကမ်း အရ ပထမ
ဆုံး အရေးယူခံရသည့် အသင်းများထဲတွင် ပါဝင်လာတော့မည် ဟု
သိရသည်။
....... ယူအီးအက်ဖ်အေဧ။် FFP စည်းမျဉ်း အရ ဥရောပ ချန်ပီယံလိဂ်
 ပြိုင်ပွဲကြီး အား ၀င်ရောက်ယှဉ်ပြိုင်သော အသင်းကြီး တစ်သင်းသည်
နစ်တစ်နစ်ဧ။် ဘောလုံးရာသီ အတွင်း ၀င်ငွေ ထက် ထွက်ငွေ ပိုမို သုံး  စွဲရမည် မဟုတ် ပဲ ဥပမာ အားဖြင့် ချန်ပီယံလိဂ် ၀င် အသင်း အနေဖြင့်  အရှုံးပေါ်ခွင့် မရှိသောကြောင့် ၃ နစ်ဆက်တိုက် ပေါင် ၅၀
သန်း အထက် ဆိက်တိုက် အရှုံးပေါ်နေသည့် မန်ချက်စတာစီးတီး အ
သင်း အနေဖြင့် အဆိုပါ ဥပဒေ အရ အမှု ရင်ဆိုင်ရတော့မည် ဖြစ်
ကြောင်း သိရသည်။ 
........ ကနဦး အက်ဖ်အက်ဖ်ပီ ဧ။် စည်းမျဥ်းများတွင် ချန်ပီယံလိဂ် ၀င်
ကစားသည့် အသင်း အနေဖြင့် အဆိုပါ စည်းမျဉ်း နင့် ငြိစွန်း ခဲ့လျှင်
ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည် ဟူသော ပြင်းထန် သည့် အ
ချက်များ ပါရှိနေသော်လည်း မန်ချက်စတာစီးတီး အသင်းမှ ဥရောပ
ဘောလုံး အဖွဲ့ ချုပ် အား အသနားခံစာ တင်ပြီး ဥပဒေကြောင်း အရ
အယူခံ ၀င်နိုင်သော်လည်း မန်စီးတီး အနေဖြင့် အဆိုပါ စည်းမျဉ်း ဧ။်
ဥပေဒေ သတ်မှတ်ချက်ကို တော့ ခံရတော့မည် ဖြစ်သည်။ 
........ ဒေလီစပေါ့ ဧ။် ဖော်ပြချက် အရ ဥရောပ ဘောလုံး အဖွဲ့ ချုပ် အ
နေဖြင့် မန်ချက်စတာစီးတီး အသင်း အား ကနဦး ပြစ်ဒါဏ် အဖြစ်
ဒါဏ်ငွေ ပေါင် သန်း ၅၀ အပြင် လာမည့် နစ် ချန်ပီယံလိဂ် ပြိုင်ပွဲ ၌
ကစားသမား ၂၅ ယောက် ရွေးချယ် ခေါ်ဆောင် ရမည့် နေရာတွင်
ကစားသမား ၂၁ ဦးသာ ပါဝင် ရွေးချယ်ကစား ရတော့မည် ဟု ဖော်
ပြထားသဖြင့် ပြင်းထန်လှသည့် ပြိုင်ပွဲကြီး တစ်ခုအတွက် အလွန် အ
ထိနာ သော ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်သည်။
......... ၄င်း အက်ဖ်အက်ဖ်ပီ စည်းမျဉ်း အရ အရေးယူခံရနိုင်သည့် 
ဥရောပ အသင်း များထဲ တွင် မန်ချက်စတာစီးတီး နည်းတူ ပြင်သစ်
လိဂ် မှ ပီအက်စ်ဂျီ အသင်း လည်း ပါဝင် နေကြောင်း သိရသည်။

#၀ိုင်း

....... ပြီးခဲ့သည့် ၆ နစ် ကျော်တုန်းက ပရီးမီးယားလိဂ် ဧ။် တတိယ

Football Café

<<< ကူညီတဲ့အနေနဲ့အောက်မှာ Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>