3/31/2017
♪ ဆယ်သိန်း ခန့် ရှိနိုင်တဲ့ Samsung Galaxy S8 ဈေးနှုန်း ၊ ပါဝင်ပစ္စည်း ၊ ရုပ်ပုံများ ♫
အသစ်ထွက်ရှိလာတဲ့ samsung galaxy s8 ရဲ့ ပါဝင်ပစ္စည်းတွေ နဲ့ ရုပ်ပုံတွေကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
Screen Type 2 :
(1) ၅.၈ လက်မ – S8
(2) ၆.၂ လက်မ – S8 Plus
Color 5 :
Dimensions
Display
Screen Type 2 :
(1) ၅.၈ လက်မ – S8
(2) ၆.၂ လက်မ – S8 Plus
Color 5 :
(1) Midnight Black
(2) Orchid Gray
(3) Coral Blue
(4) Arctic Silver
(5) Maple Gold
Dimensions
– 68.1 mm 8.0 mm 148.9 mm Galaxy S8 148.9 x 68.1 x 8.0 mm, 155 g
– 73.4 mm 8.1 mm 159.5 mm Galaxy S8+ 159.5 x 73.4 x 8.1 mm, 173 g
Display
– 5.8″ Quad HD+ Super AMOLED (2960×1440) 570 ppi
– 6.2″ Quad HD+ Super AMOLED (2960×1440) 529 ppi
အမျိုးအစား:
Mobile သတင်းရေးရာအဖြာဖြာ
♪ Galaxy S8 နဲ့ တခြားဖုန်းများ Specs နှိုင်းယှဉ်ချက် ♫
ဈေးကွက်ထဲမှာ ထွက်ရှိခဲ့ပြီး ဖြစ်တဲ့ iPhone 7, Google Pixel, LG G6 တွေနဲ့ အခု အသစ်ထွက်ရှိလာခဲ့တဲ့ Galaxy S8 တို့ရဲ့ ပါဝင်ပစ္စည်းတွေကို နှိုင်းယှဉ်ပြီး မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
Galaxy S8 | Google Pixel | LG G6 | iPhone 7 | |
---|---|---|---|---|
Pricing | Not available; varies by carrier | $649, $749 (off-contract) | varies by carrier (ranging from $650 at T-Mobile to $719 at AT&T) | $649, $749, $849 (off-contract) |
Known dimensions | 148.9 x 68.1 x 8.0mm (5.86 x 2.68 x 0.31 inches) | 143.84 x 69.54 x 7.31mm (5.66 x 2.74 x 0.29 inches) | 148.84 x 71.88 x 7.87mm (5.86 x 2.83 x 0.31 inches) | 138.3 x 67.1 x 7.1mm (5.44 x 2.64 x 0.28 inches) |
Weight | 155g (5.47 ounces) | 143g (5.04 ounces) | 162.73g (5.74 ounces) | 138g (4.87 ounces) |
Screen size | 5.8 inches (147.32mm) | 5.0 inches (127mm) | 5.7 inches (144.78mm) | 4.7 inches (119.38mm) |
Screen resolution | 2,960 x 1,440 (570ppi) | 1,920 x 1,080 (441 ppi) | 2,880 x 1,440 (564 ppi) | 1,334 x 750 (326 ppi) |
Screen type | Quad HD+ AMOLED | Full HD AMOLED | QHD Plus LCD with DolbyVision HDR | Retina HD |
Battery | 3,000mAh | 2,770mAh | 3,300mAh | 1,960mAh |
Internal storage | 64GB | 32/128GB | 32GB | 32/128/256GB |
External storage | microSD | None | microSD | None |
Rear camera | 12MP, f/1.7 | 12.3MP, f/2.0, 1.55µm pixel size | Dual cameras: 13MP, f/1.8; 13MP, f/2.4 | 12MP, f/1.8 |
Front-facing cam | 8MP | 8MP, f/2.4, 1.4µm pixel size | 5MP, f/2.2 | 7MP, f/2.2 |
Video capture | 4K | 4K at 30fps | 4K at 120fps | 4K at 30fps |
NFC | Yes | Yes | Yes | Yes |
Bluetooth | v5.0 | v4.2 | v4.2 | v4.2 |
SoC | Qualcomm Snapdragon 835 | Qualcomm Snapdragon 821 | Qualcomm Snapdragon 821 | Apple A10 Fusion |
CPU | 2.3GHz octa-core | 2.15GHz quad-core | 2.35GHz quad-core | 2.34GHz quad-core |
GPU | Adreno 540 | Adreno 530 | Adreno 530 | PowerVR Series 7XT GT7600 Plus |
RAM | 4GB | 4GB | 4GB | 2GB |
WiFi | Dual band, 802.11ac | Dual band, 802.11ac | Dual band, 802.11ac | Dual band, 802.11ac |
Operating system | Android 7.0 | Android 7.1 | Android 7.0 | iOS 10 |
Notable features | Iris scanning, fingerprint sensor, IP68 certified, USB Type-C | Fingerprint sensor, IP53 certified, USB Type-C | Fingerprint sensor, IP68 certified, MIL-STD-810G-tested shock resistant, USB Type-C | Touch ID, IP67 certified, Lightning conne |
အမျိုးအစား:
Mobile Knowledge
,
Mobile သတင်းရေးရာအဖြာဖြာ
♪ Samsung Galaxy S8 နဲ့ S8 Plus တို့ရဲ့ ကွဲပြားခြားနားချက်များ ♫
Samsung က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။
Galaxy S8 နဲ့ သူ့ထက် အရွယ်ကြီးတဲ့ S8 Plus တို့ ဖြစ်ပါတယ်။
စမတ်ဖုန်းများဟာ Galaxy S7 Edge ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ စမတ်ဖုန်း ၂
လုံးဟာ Galaxy S7 နဲ့ S7 Edge တို့လို ကွာခြားမှု အများကြီး မရှိပေမယ့်
ဝယ်ယူမယ့် လူများအတွက် သေချာ ရွေးချယ်နိုင်ဖို့ အသေးစိတ်
ကွာခြားချက်များကို ဖော်ပြလိုက်ပါတယ်။
စကရင်
Galaxy S7 Edge ရဲ့ စကရင်ဟာ S7 နဲ့ ကွာခြားပြီး ဘေးဘက်မှာ မျက်နှာပြင်ငယ်တစ်ခု အပိုပါပါတယ်။ S8 ဖုန်းများမှာတော့ အဲဒီ ကွာခြားချက် မရှိတော့ပါဘူး။ S8 ဖုန်း ၂ လုံးစလုံးမှာ မျက်နှာပြင်ကွေး တပ်ဆင်ထားပါတယ်။ အဲဒီအတွက် Edge စာလုံးကို အမည်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဖုန်း ၂ လုံးစလုံးမှာ Super AMOLED Display တပ်ဆင်ထားပြီး မြင်ကွင်းကျယ် 18.5:9 Aspect Ratio ဖြစ်ပါတယ်။ 1440×2960 Pixels Resolution ဖြစ်တဲ့အတွက် S7 များရဲ့ 1440×2560 ထက် တိုးတက်လာပါတယ်။
S8 ဖုန်း စကရင် ၂ ခုရဲ့ ကွာခြားချက်မှာ အရွယ်အစားဖြစ်ပါတယ်။ S8 မှာ ၅.၈ လက်မ စကရင်နဲ့ Plus မှာ ၆.၂ လက်မ စကရင် တပ်ဆင်ထားပါတယ်။ Resolution တူညီပေမယ့် Plus ဟာ အရွယ်ကြီးတဲ့အတွက် S8 စကရင်ရဲ့ ကြည်လင်ပြတ်သားမှုထက် အနည်းငယ် လျှော့နည်းပါတယ်။
ဒီဇိုင်း
S8 ဖုန်းများရဲ့ ဒီဇိုင်းဟာ အလွန် တူညီပါတယ်။ အနောက်ဘက်မှာ ဖန်မျက်နှာပြင်ကို ဖုံးအုပ်ထားပြီး စကရင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များက အလွန် သေးငယ်ပြီး သတ္တုကိုယ်ထည် တပ်ဆင်ထားပါတယ်။ Physical Home Button မပါဘဲ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်ကို ပြောင်းရွှေ့ထားပါတယ်။ ရေစိုခံပြီး ဖုန်မ၀င်အောင် ကာကွယ်ပေးပါတယ်။
ကွာခြားမှုက အရွယ်အစားကိုပဲ ပြောရမှာပါ။ S8 ရဲ့ အရွယ်အစား အပြည့်အစုံမှာ 148.9 x 68 x 8mm ဖြစ်ပြီး Plus ကတော့ 159 x 74 x 8mm ဖြစ်ပါတယ်။ အထူကတော့ တူညီပေမယ့် Plus ဟာ ပိုမိုရှည်ပြီး ကျယ်ပါတယ်။ စကရင် ဘေးဘောင်များကို မရှိသလောက်ဖြစ်အောင် ဖယ်ရှားထားတဲ့အတွက် S8 ဟာ Note 7 ထက် သေးငယ်သွားပါတယ်။ Plus ကတော့ iPhone 7 Plus နဲ့ အရွယ်တူပါတယ်။
OS နဲ့ စွမ်းရည်
နိုင်ငံအလိုက် မတူညီတဲ့ S8 Model များကို ရောင်းချမှာ ဖြစ်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 4GB RAM ထည့်သွင်းထားပေမယ့် Chipset ကတော့ နိုင်ငံအလိုက် ကွဲပြားမှာပါ။ Samsung က Chip အမည်များကို ပြောကြားခြင်း မရှိပေမယ့် 2.34GHz Octa-Core Chip ဖြစ်မှာပါ။ အမေရိကန်မှာ Snapdragon 835 နဲ့ ဥရောပနဲ့ အခြားနိုင်ငံများမှာ Exynos 8895 ထည့်သွင်းထားမှာပါ။ Chip ၂ ခုစလုံးဟာ စွမ်းဆောင်ရည်မြင့်မားပြီး စွမ်းရည်ကွာခြားမှု သိပ်မရှိပါဘူး။ ဖုန်းအသစ်များမှာ TouchWiz UI ကို Android Nougat နဲ့ ပေါင်းစပ်ထည့်သွင်းထားမှာပါ။
ကင်မရာ ကင်မရာ အပိုင်းမှာလည်း ဖုန်း ၂ လုံးဟာ တူညီကြပြီး ယခင်နှစ်ထုတ် ဖုန်းများနဲ့တောင် သိပ်မကွာခြားပါဘူး။ ဖုန်းအသစ်များမှာ S7 နဲ့ S7 Edge တို့မှာလို 12MP Rear Camera တစ်လုံးသာ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် အရှေ့ဘက်ကင်မရာကို အဆင့်မြှင့်ထားပါတယ်။ S7 မှာ 5MP Camera တပ်ဆင်ထားပြီး S8 ဖုန်းများမှာ 8MP ကို သုံးထားပါတယ်။ ကင်မရာ အရည်အသွေးကိုတော့ နောက်ပိုင်းကျမှ စမ်းသပ်နိုင်မှာပါ။
ဘက်ထရီ
ဖုန်း ၂ လုံးဟာ အရွယ်အစားအပြင် အဓိက ကွာခြားချက်မှာ ဘက်ထရီ ဖြစ်ပါတယ်။ S8 Plus မှာ 3500mAh Battery နဲ့ S8 မှာ 3000mAh Battery တပ်ဆင်ထားပါတယ်။ စကရင် ကြီးမားလေလေ၊ ဘက်ထရီ စားသုံးလေလေ ဖြစ်တဲ့အတွက် Plus မှာ ပိုမို အရွယ်ကြီးတဲ့ ဘက်ထရီ တပ်ဆင်ထားတာပါ။ Note 7 လို အဖြစ်ဆိုးမျိုး မဖြစ်အောင်တော့ ဆုတောင်းရမှာပါ။ ဖုန်း ၂ လုံးစလုံးမှာ USB Type-C Port နဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။
ဈေးနှုန်း
Samsung က ဈေးနှုန်းကို တရားဝင် ပြောကြားခြင်း မရှိသေးပေမယ့် သတင်းများအရ S8 Plus ကို ၉၅၀ ဒေါ်လာနဲ့ S8 ကို ၈၄၅ ဒေါ်လာဖြင့် ရောင်းချမှာပါ။ မြန်မာငွေ အားဖြင့် ၁၃ သိန်းနဲ့ ၁၁ သိန်းခွဲလောက် ကျသင့်နိုင်ပါတယ်။
အနှစ်ချုပ်
S8 နဲ့ S8 Plus တို့မှာ ကြီးမားတဲ့ ကွာခြားချက်တော့ မရှိပါဘူး။ S7 နဲ့ S7 Edge တို့ရဲ့ အဓိက ကွာခြားချက်မှာ Edge Model မှာ မျက်နှာပြင်ကွေး တပ်ဆင်ထားတာပါ။ အခုတော့ ဖုန်းအသစ် ၂ လုံးစလုံးမှာ မျက်နှာပြင်ကွေး တပ်ဆင်ထားပါတယ်။ S8 ရဲ့ စကရင်ဟာလည်း ၅.၈ လက်မ ဖြစ်တဲ့အတွက် ၂ လုံးစလုံးဟာ Phablet များ ဖြစ်ကြပါတယ်။ S8 Plus မှာတော့ ပိုမိုကြီးမားတဲ့ ဘက်ထရီ တပ်ဆင်ထားပါတယ်။ S8 ရဲ့ စကရင်ဟာ အနည်းငယ် ပိုမိုကြည်လင်မှာဖြစ်ပြီး အသုံးပြုရတာလည်း သက်တောင့်သက်သာ ဖြစ်မှာပါ။ S8 Plus ကတော့ Phablet Fans များ အကြိုက်ဖြစ်မှာပါ။ ဒီအချက်တွေကလွဲပြီး အခြား အရာများဟာ တူညီကြပါတယ်။

♪ Android မှာ Cursor ကို လွယ်ကူစွာ ချနည်း ♫
Android Smartphone များဟာ အရွယ်သေးငယ်တဲ့အတွက် စာရိုက်ရတာ ခက်ခဲပါတယ်။
အဲဒီအတွက် စာရိုက်ရာမှာ အမှားများ ပါလေ့ရှိကြပါတယ်။ အဲဒီအမှားများကို
ပြင်ဆင်ဖို့အတွက် မှားနေတဲ့ စာသားနေရာကို Cursor ချဖို့ ခက်ခဲပါတယ်။
Android မှာ ဒီလို Cursor ချဖို့ ခက်ခဲနေရင်တော့ ကူညီပေးမယ့် App တစ်ခု
ရှိပါတယ်။
Volume Button ကို နှိပ်၍ Cursor ချပေးမယ့် App
Android မှာ Volume Button ဖြင့် Cursor အလွယ်တကူ ချနိုင်မယ့် App ကတော့ Volume Key Cursor Control ဖြစ်ပါတယ်။ သူ့ကို Google Play Store ကနေ အခမဲ့ အသုံးပြုနိုင်ပါတယ်။ သူ့ကို ပထမဆုံးအကြိမ် ဖွင့်ရင် Home Page ကို ပြသပေးမှာ ဖြစ်ပြီး Start service ခလုတ်ကို On ပေးရမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ Accessibility Permission ကို ဖွင့်ပြုပေးရမှာ ဖြစ်ပြီး Back Button ကို နှိပ်၍ App ကို ပြန်သွားရမှာပါ။
Apps များကို ရွေးချယ်ခြင်း
Volume Key Cursor Control ရဲ့ ညာဘက်အောက်ထောင့်မှ Plus Button ကို နှိပ်၍ Volume Key Cursor Control နဲ့ တွဲဖက် အလုပ်လုပ်မယ့် Third-Party Apps များနဲ့ System Apps များကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုရင် အများဆုံး App ၈ ခု အထိ ရွေးချယ်နိုင်ပါတယ်။ အကန့်အသတ်မရှိ အသုံးပြုချင်ရင် Pro Version ကို ၀.၉၉ ဒေါ်လာဖြင့် ၀ယ်ယူရမှာ ဖြစ်ပါတယ်။
Apps များကို ရွေးချယ်ပြီးရင်တော့ အဲဒီ App များမှာ သင်စာရိုက်တဲ့ အခါမှာ မှားယွင်းမှုများ သို့မဟုတ် Cursor ချတဲ့အခါမှာ Volume Button ကို နှိပ်၍ နေရာချနိုင်မှာ ဖြစ်ပါတယ်။ Volume Down Button ကို နှိပ်ရင် Cursor ကို ဘယ်ဘက်သို့ ရွှေ့ပေးမှာ ဖြစ်ပြီး Volume Up Button ကို နှိပ်ရင် ညာဘက်သို့ ရွှေ့ပေးမှာ ဖြစ်ပါတယ်။ Volume Button များရဲ့ အလုပ်လုပ်ပုံကို Settings ထဲမှာ ပြောင်းလဲနိုင်ပါတယ်။
GBoard Keyboard
GBoard Keyboard အသုံးပြုသူများအတွက်တော့ အခြား App များကို အင်စတော လုပ်စရာ မလိုပါဘူး။ Spacebar ကို ဖိထားရင်းကနေ ဘယ် သို့မဟုတ် ညာသို့ လက်လှုပ်ရှားရင် Cursor ကို ရွှေ့ပေးမှာ ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို Android နဲ့ iOS Device ၂ မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။

နည်းလမ်းများ
♪ " Amazon တွင် ဈေးသက်သာသောဖုန်းများကို ပိုမိုမြင်ကြရမည် " ♫
Amazon
သည် ဈေးသက်သာသော budget ဖုန်းများကို ပို၍ဈေးလျော့ချရန်
ပြင်ဆင်လျက်ရှိကြောင်း သိရ သည်။ ဈေးသက်သာသောဖုန်းများ
ရောင်းချပေးသည့်အစီအစဉ်ဖြစ် သော Prime Exclusive Phones များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုပြီး device နှစ်ခုကို ထပ်မံပေါင်းထည့်ပေးခဲ့သည်။
Prime သုံးစွဲသူများအနေဖြင့် US တွင် Motorola Moto G5 Plus ကို 185$ ဖြင့် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး
အနည်းဆုံး 45 ဒေါ်လာ ဈေးသက်သာမည်ဖြစ်ကာ Alcatel A 30 ကို $60 တည်းဖြင့်
ဝယ်ယူနိုင်မည်ဖြစ်သည်ဟု Amazon က ဆိုခဲ့သည်။ ယခင်ကရှိခဲ့သောဖုန်းသုံးလုံးမှာ Blu R1 HD, Moto G4 နှင့် Moto G4 Play တို့ဖြစ်ပြီး ယခုအခါ အသစ်နှစ်လုံး ထပ်၍တိုးလာခဲ့ခြင်းဖြစ်သည်။
အဆိုပါလျော့ဈေးများသည် Amazon Prime member များအတွက်သာ သီးသန့်ဖြစ်ပြီး
devices ၏ lock screen တွင် Amazon မှ ကြေညာများတင်ခဲ့ခြင်းကြောင့်  ယခုလိုဈေးလျော့ပေးနိုင်ခဲ့ ခြင်းဖြစ်သည်။
ကြေညာမလိုချင်သူများနှင့် Prime member မဟုတ်သူများအနေနှင့်မူ Amazon မှတစ်ဆင့် ဈေးအပြည့်ပေးကာ ၀ယ်ယူရမည်ဖြစ်သည်။ Amazon သည် ဖုန်းကို ကိုယ်တိုင်ထုတ်လုပ်ခြင်းမရှိဘဲ
ကြေညာထောက်ပံ့သည့် ဖုန်းများနှင့် Amazon apps များကိုသုံးကာ
ထိုဈေးကွက်ကို နေရာယူလျက်ရှိသည်။ Amazon ၏ voice assistant Alexa ကိုလည်း
Huawei Mate 9 တွင် ထည့်သွင်းပေးထားခဲ့သည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
Prime သုံးစွဲသူများအနေဖြင့် US တွင် Motorola Moto G5 Plus ကို 185$ ဖြင့် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြ
ကြေညာမလိုချင်သူများနှင့် Prime member မဟုတ်သူများအနေနှင့်မူ Amazon မှတစ်ဆင့် ဈေးအပြည့်ပေးကာ ၀ယ်ယူရမည်ဖြစ်သည်။ Amazon သည် ဖုန်းကို ကိုယ်တိုင်ထုတ်လုပ်ခြင်းမရှ
NetGuide Journal (Every Wednesday)
https://www.facebook.com/
အမျိုးအစား:
အင်တာနက်သတင်း
♪ “Facebook Messenger မှာ တည်နေရာကို စဉ်ဆက်မပြတ် မျှဝေနိုင်ပြီ” ♫
Google
က ယခင်အပတ်မှာ Maps တွင် သင့်ရဲ့ တည်နေရာကို သူငယ်ချင်း၊
မိသားစုဝင်များနဲ့ စဉ်ဆက်မပြတ် မျှဝေနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်း
ပေးခဲ့ပါတယ်။ အခုတော့ Facebook ကလည်း အားကျမခံ အဲဒီလို
စွမ်းဆောင်ချက်မျိုးကို Messenger မှာ ထည့်သွင်းပေးလိုက်ပါတယ်။
Facebook Messenger မှာ သင့်ရဲ့ တည်နေရာကို သင်နှစ်သက်တဲ့ သူငယ်ချင်းများနဲ့ တစ်နာရီကြာအထိ မြေပုံမှာ မျှဝေနိုင်မှာ ဖြစ်ပါတယ်။ Group Chat များမှာလည်း တည်နေရာကို မျှဝေနိုင်ပါတယ်။ တည်နေရာ မျှဝေမှုကို အချိန်မရွေး ရပ်တန့်နိုင်ပါတယ်။ တည်နေရာ မျှဝေထားတဲ့ ကြာမြင့်ချိန်ကိုလည်း ပြသထားမှာ ဖြစ်ပါတယ်။
သင့်ရဲ့ တည်နေရာကို မျှဝေထားချိန်မှာ သင်နဲ့ သင် မျှဝေထားတဲ့ သူငယ်ချင်း များက သင့်ရဲ့ သူငယ်ချင်းများထံ ကားဖြင့် သွားလျှင် ကြာမြင့်မယ့် အချိန်ကို လည်း ပြသထားမှာ ဖြစ်ပါတယ်။ သင့်ရဲ့ တည်နေရာ မဟုတ်ဘဲ အခြား တည်နေရာတစ်ခုကို မြေပုံမှာ သူငယ်ချင်းများနဲ့ မျှဝေချင်ရင်လည်း ပြုလုပ် နိုင်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် Location Pin ကို နှိပ်ပြီးရင် Share Live Location အစား ညာဘက်အပေါ်ထောင့်မှ အနီရောင် ပင်အပ်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ မျှဝေချင်တဲ့ တည်နေရာကို ရှာဖွေပြီး Pin ကို မြေပုံမှာ ချပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Send Button ကို နှိပ်ရမှာ ဖြစ်ပါ တယ်။
ဒီစွမ်းဆောင်ချက် အသစ်ကို Android နဲ့ iOS တို့အတွက် တစ်ကမ္ဘာလုံးမှ Facebook Messenger Users များထံ တဖြည်းဖြည်းချင်း ဖြန့်ချိပေးနေပါ တယ်။ သင့်ထံမှာ ဒီစွမ်းဆောင်ချက် မရသေးရင် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါ တယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal

Facebook ဆိုင်ရာ
♪ “ZTE က Nubia M2 , M2 Lite နဲ့ N2 စမတ်ဖုန်းများကိုမိတ်ဆက်” ♫
ZTE
က တရုတ်မှာစမတ်ဖုန်းအသစ် ၃ လုံးကိုမိတ်ဆက်လိုက်ပါတယ်။ Nubia M2 , M2 Lite
နဲ့ N2 တို့ ဖြစ်ကြပြီးအနက်နဲ့ ရွှေရောင်များထုတ်လုပ်ပေးထား
ပါတယ်။ M2 နဲ့ M2 Lite တို့ကိုယွမ် ၂၆၉၉ ၊ ယွမ် ၁၇၉၉ ဖြင့် အသီးသီး
ရောင်းချမှာပါ။
N2 ကိုတော့ ယွမ် ၁၉၉၉ သတ်မှတ်ထားပါတယ်။ စမတ်ဖုန်း များကိုဧပြီလ ၈ ရက်နေ့မှာရောင်းချမှာပါ။ စမတ်ဖုန်းအားလုံးရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၅.၅ လက်မ ဖြစ်ပြီး Resolution များမတူညီကြပါဘူး။ Dual SIM Phone များဖြစ်ပြီး Nubia UI 4.0 ထည့်သွင်းထားပေမယ့် Android Version များမတူညီကြပါဘူး။ M2 ကတော့ အနောက်ကင်မရာ ၂ လုံးတပ်ဆင် ထားတဲ့ Nubia ရဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်ပါတယ်။ M2 မှာ ၅.၅ လက်မ Full HD AMOLED Display, Snapdragon 625, 4GB RAM, 13+13MP Rear Cameras, 16MP Selfie Camera, 64GB or 128GB Storage, 3630mAh Battery, Fingerprint Sensor များတပ်ဆင်ထားပါတယ်။
M2 Lite မှာ ၅.၅ လက်မ HD IPS Display, MediaTekHelio P10, 3GB RAM/32GB Storage, 4GB RAM/64GB Storage, 13MP Rear Camera, 3000mAh Battery များတပ်ဆင်ထားပါတယ်။ N2 မှာ ၅.၅ လက်မ Full HD Display, MediaTekOcta-Core SoC, 4GB RAM, 13MP Rear Camera, 16MP Front Camera, 64GB Storage, 5000mAh Battery များတပ်ဆင်ထားပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
N2 ကိုတော့ ယွမ် ၁၉၉၉ သတ်မှတ်ထားပါတယ်။ စမတ်ဖုန်း များကိုဧပြီလ ၈ ရက်နေ့မှာရောင်းချမှာပါ။ စမတ်ဖုန်းအားလုံးရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၅.၅ လက်မ ဖြစ်ပြီး Resolution များမတူညီကြပါဘူး။ Dual SIM Phone များဖြစ်ပြီး Nubia UI 4.0 ထည့်သွင်းထားပေမယ့် Android Version များမတူညီကြပါဘူး။ M2 ကတော့ အနောက်ကင်မရာ ၂ လုံးတပ်ဆင် ထားတဲ့ Nubia ရဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်ပါတယ်။ M2 မှာ ၅.၅ လက်မ Full HD AMOLED Display, Snapdragon 625, 4GB RAM, 13+13MP Rear Cameras, 16MP Selfie Camera, 64GB or 128GB Storage, 3630mAh Battery, Fingerprint Sensor များတပ်ဆင်ထားပါတယ်။
M2 Lite မှာ ၅.၅ လက်မ HD IPS Display, MediaTekHelio P10, 3GB RAM/32GB Storage, 4GB RAM/64GB Storage, 13MP Rear Camera, 3000mAh Battery များတပ်ဆင်ထားပါတယ်။ N2 မှာ ၅.၅ လက်မ Full HD Display, MediaTekOcta-Core SoC, 4GB RAM, 13MP Rear Camera, 16MP Front Camera, 64GB Storage, 5000mAh Battery များတပ်ဆင်ထားပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/
အမျိုးအစား:
Mobile သတင်းရေးရာအဖြာဖြာ
♪ “ZTE Blade V7 Lite” Price - 179,xxx Ks ♫
ZTE ဟာ Blade Series ဟန်းဆက်များစွာကို ထုတ်လုပ်ပေးထားပါတယ်။ အချို့သောဖုန်းများဟာ ဈေးနှုန်းတစ်သိန်းကျော်သာရှိသောကြောင့်
သုံးစွဲသူ အများစုအတွက် ဝယ်ယူရန်အဆင်ပြေစေပါတယ်။ V7 Lite ဟာ 2G, 3G, 4G
Network များကို ထောက်ပံ့ပေးနိုင်ပါတယ်။
ဖုန်းရဲ့အဓိက, ကင်မရာကတော့ အနောက် ဘက်အလယ်တည့်တည့်တွင်တည်ရြှိ ပီး လက်ဗွေရာစနစ်လည်း ပါရှိပါတယ်။ ထို့ကြောင့် ဖုန်းလုံခြုံရေးအပိုင်းကို ခေတ်မီစွာဖြင့်သုံးစွဲနိုင်ပါမယ်။ ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 143.8x70.2x7.9 mm ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအ စားဖြစ်သော ကြောင့် ဆင်းကတ်များစွာကိုင်ဆောင် အသုံးပြုသူများအတွက် အဆင်ပြေ စေပါလိမ့်မယ်။ ထည့်သွင်းသုံးစွဲရမယ့်ဆင်းက တ်အမျိုးအစားမှာ
Nano SIM ပါ။ ဖုန်းမျက်နှာပြင်ဟာ IPS LCD capacitive touchscreen ပါ။
မျက်နှာပြင် အကျယ်အဝန်းကတော့ 5inches သာရှိသောကြောင့် 5.5 inches ရှိသော
ဖုန်းများကိုသုံးစွဲနေသူများအတွက် အဆင်မပြေမှုအနည်းငယ်ရှိနိုင် ပါတယ်။
မြင်ကွင်းစွမ်းရည်အပိုင်းတွ င်
720x1280 pixels ပမာဏနှင့်ထောက်ပံ့ပေး ထားပါတယ်။ တစ်လက်မမှာ ရှိမယ့် pixel
ပမာဏသိပ်သည်းဆကတော့ 294ppi ပါ။ ကင်မရာနှစ်မျိုးနှစ်စားတပ်ဆ င်ပေးထားပြီး
အဓိက, ကင်မရာဟာ 13MP စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 8MP
စွမ်းရည်ဖြစ်ပြီး LED Flash စနစ် လည်းထောက်ပံ့ပေးထားပါသေးတယ် ။
ဗီဒီယိုရိုက်ကူးနိုင်မှု စွမ်းရည်ကတော့ 1080p ဖြစ်ကာနှုန်းမှာ တစ်စက္ကန့် ကို 30frames ဖြစ်ပါ တယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB Internal Storage တွင် 16GB ပါရှိအောင်ဆောင်ရွက်ပေးထားပါ တယ်။ အချက်အလက်အများအပြား သိမ်းဆည်းလိုပါကလည်း မှတ်ဥာဏ်ပမာဏကိုချဲ့ထွင်နို င်ပါလိမ့်မယ်။
အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ MarshMallow ပါ။ အားသွင်း
အသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားဟာ Li-Ion 2500mAh ဖြစ်ပါတယ်။
<Specification>
Network - GSM/HSPA/LTE
Processor - Quad Core 1 GHz
Screen - 5 inches
Camera - 13MP
Storage - 16GB
OS - Android OS, v6.0
Contact - 01-371924
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ဖုန်းရဲ့အဓိက, ကင်မရာကတော့ အနောက် ဘက်အလယ်တည့်တည့်တွင်တည်ရြှိ
မြင်ကွင်းစွမ်းရည်အပိုင်းတွ
ဗီဒီယိုရိုက်ကူးနိုင်မှု စွမ်းရည်ကတော့ 1080p ဖြစ်ကာနှုန်းမှာ တစ်စက္ကန့် ကို 30frames ဖြစ်ပါ တယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB Internal Storage တွင် 16GB ပါရှိအောင်ဆောင်ရွက်ပေးထားပ
<Specification>
Network - GSM/HSPA/LTE
Processor - Quad Core 1 GHz
Screen - 5 inches
Camera - 13MP
Storage - 16GB
OS - Android OS, v6.0
Contact - 01-371924
Mobile Guide Journal (Every Monday)
https://www.facebook.com/
အမျိုးအစား:
Mobile သတင်းရေးရာအဖြာဖြာ
♪ “Meizu M5 Note” ၂၀၉,၀၀၀/- ကျပ် ♫
Meizu ဟာဖုန်းများကိုထုတ်လုပ်ရောင်းချရာ၌စီးရီးများစွာမိတ်ဆက် ထုတ်လုပ် ပေးထားပါတယ်။MX Series များ၊Note Series များရှိပြီး၊Noteဖုန်းများထဲတွင်
M3 Note နှင့်M5 Note ဆိုပြီးရှိပါတယ်။M3 Note ဟာ5.5inches မျက်နှာပြင်
အကျယ်အ၀န်းရှိပြီး1080 x 1920 pixels ပမာဏပါရှိပါတယ်။တစ်လက်မမှာ
ရှိမယ့်pixel ပမာဏသိပ်သည်းဆကတော့403ppi ပါ။
ဖုန်းမျက်နှာပြင်အကြမ်းခံ နိုင်စေဖို့အတွက်လည်း Dinorex T2X-1 Scratch/Shock resistant glass တပ်ဆင်ပေးထားပါသေးတယ်။13MP နှင့်5MP စွမ်းရည်ရှိသောကင်မရာ နှစ်မျိုးနှစ်စားပါရှိကာမှတ်ဥာဏ် ပမာဏအပိုင်းတွင်လည်းRA M 2GB, ROM 16GB နှင့်RAM 3GB, ROM 32GB ဆိုပြီးနှစ်မျိုးရှိပါသေးတယ်။ MediaTek MT6755 Helio P10 Chipset ထည့်သွင်းပေးထားပြီး၊Octa-c ore CPU စွမ်းရည်ရှိသောM3 Note တွင်လက်ဗွေရာစနစ်ကိုလည်းအသုံးပြုနိုင် မှာဖြစ်ပါ တယ်။အားသွင်းအသုံးပြုရမယ့်ဘ က်ထရီစွမ်းအားကတော့4100mAh ဖြစ်ပါ တယ်။M5 Note ဟာ၂၀၁၆ခုနှစ်နှစ်ကုန်ပိုင်း ကထုတ်လုပ်ပေးထားသော ဖုန်းဖြစ်ပါတယ်။ဖုန်းကိုကို င်ဆောင်အသုံးပြုသည့်အခါ၌ကျစ် လျစ်သောကိုယ်ထည်ဖြစ်စေရန်1 53.6 x 75.8 x 8.2mm ဖြစ်အောင်ဖန်တီးပေးထားပါ တယ်။သယ်ဆောင်သွားသည့်အခါ၌လည်းအဆင်ပြေစေရန်175g အလေးချိန် ရှိအောင်ဆောင်ရွက်ပေးထားပါတ ယ်။ဖုန်းကိုယ်ထည်အသွင်အပြင် သည် ထောင့်စွန်းများ၌အ၀န်းအ၀ိုက်ပုံစံ ရှိပြီးဖုန်း၏ဘေးတစ်ဖ က်တွင်ပါဝါခလုတ်နှင့်အသံအတိုးအချဲ့ခလုတ်တို့ပါရှိပါတယ် ။ဖုန်း၏အောက်ဘက်၌စပီကာ၊USB Port နှင့်Head Phone တပ်ဆင်ရန်အပေါက်တို့ပါရှိပါ တယ်။
ဖုန်း၏အခြားတစ်ဖက်မှာတော့Si m Card နှင့်SD Card ထည့်ရန်အံဝှက်ကို ဖန်တီးပေးထားပါတယ်။ဖုန်း၏အေ နာက်ဘက်တွင်အပေါ်ဘက်နှင့်အော က်နား၌လိုင်းနှစ်ကြောင်းဖြင့်ဒီဇိုင်းဖော်ပေးထားပါတယ်။ ဖုန်း၏အနောက်ဘက် အလယ်တည့်တည့်တွင်အဓိကကင်မရာ ကိုအ၀ိုင်းပုံစံတပ်ဆင်ပေးထားပြီး ကင်မရာ၏အောက်ဘက်တွင်Flash light စနစ်ထည့်သွင်းပေးထားပါတယ်။M 5 Note ဟာဆင်းကတ်နှစ်ကတ်ထည့်သွင်းအ သုံးပြုနိုင်မယ့်ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ထို့ကြောင့်ဆင်းက တ်များစွာကိုင်ဆောင်သုံးစွဲ နေသူများအဆင်ပြေစေပါမယ်။ထည့် သွင်းသုံးစွဲရမယ့်ဆင်းကတ်အ ရွယ်အစားကတော့Nano Sim ပါ။ဖုန်းမျက်နှာပြင်အပိုင်း တွင်LTPS IPS LCD Capacitive touchscreen ကိုအသုံးပြုပေးထားပါတယ်။ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်း ကတော့5.5 inches ရှိပါတယ်။ဖုန်းအသုံးပြုသည့် အခါ၌ကောင်းမွန်သောပုံရိပ်များကို ကြည့်ရှုခံစားနိုင်စေရန်အတွက်မြင်ကွင်း စွမ်းရည်အပိုင်းတွင်1080x1920 pixels ပမာဏနဲ့ထောက်ပံ့ပေးထားပါတယ် ။တစ်လက်မမှာရှိမယ့်pixel ပမာဏသိပ်သည်းဆကတော့403ppi ပါ။Meizuဟာကိုယ်ပိုင်UI ကိုလည်း အသုံးပြုနိုင်အောင်လုပ်ဆောင်ပေး ထားပါတယ်။M5 Note ရဲ့Multi touch စနစ်တွင်Flyme 5.2 ကိုသုံးစွဲနိုင်ပါမယ်။ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင် ပေးထားပြီးအဓိက,ကင်မရာဟာ13M P, f/ 2.2 စွမ်းရည်ရှိပြီးDual LED, Dual Tone Flash စနစ်ထောက်ပံ့ပေးထားပါတယ်။ရှေ့က င်မရာငယ်ကတော့5MP, f/ 2.0 စွမ်းရည်ရှိပါတယ်။ဗီဒီယိုရိုက် ကူးနိုင်မယ့်စွမ်းရည်မှာ108 0p ဖြစ်ပြီး၊နှုန်း မှာ တစ်စက္ကန့်ကို30frames ပါ။ ဓာတ်ပုံရိုက်ကူးသည့်အခါတွင်အချိန် သတ်မှတ်၍ ရိုက်ကူးနိုင်သလိုအခြားသောဓာတ်ပုံရိုက်ကူးခြင်းနှင့် ပတ်သက် သောစနစ်များကိုလည်းအသုံးပြု နိုင်ပါတယ်။မှတ်ဥာဏ်ပမာဏသုံးမျိုးသုံးစား ဖြစ်အောင်ဖန်တီးပေးထားပါတယ် ။RAM 3GB ဖြစ်လျှင်Internal Storage မှာ16 (သို့) 32GB ရှိပါမယ်။RAM 4GBထည့်သွင်းပေးထားသောဖုန်း မှာတော့ ROM ပမာဏဟာ64GB ပါရှိပါမယ်။အချက်အလက်အများအ ပြားသိမ်းဆည်း လိုပါကလည်းမှတ်ဥာဏ်ပမာဏကိုချဲ့ထွင်သုံးစွဲနိုင်အောင်Ca rd Slot စနစ် ထည့်သွင်းပေးထားပါသေးတယ်။
ဖုန်း၏အရှေ့ဘက်မျက်နှာပြင်၌ လက်ဗွေရာစနစ်အသုံးပြုနိုင်ေ အာင်လည်း ဆောင်ရွက်ပေးထားခြင်းကြောင့် လုံခြုံရေးစနစ်ကောင်းမွန်ေ သာဖုန်းအမျိုး အစားဖြစ်ပါတယ်။Fingerprint Sensor စနစ်အပြင်အခြားသောSensor စနစ်များကိုလည်းထည့်သွင်းပေးထားပါသေးတယ်။Bluetooth Version မှာ4.0ပါ။USB ကတော့Micro USB v2.0 ဖြစ်ပါတယ်။အသုံးပြုနိုင်မယ့်OS အမျိုးအစားကတော့Marsh Mallow ပါ။ထည့်သွင်းပေးထားသောChips et
ကတော့Media Tek MT6755 Helio P10 ဖြစ်ပါတယ်။CPU ရဲ့စွမ်းရည်မှာ Octa Core
(4x1.8GHz Cortex A-53 & 4x1.0GHz Cortex A-53) ဖြစ်ပါ
တယ်။ထို့ကြောင့်ဖုန်းကိုတို့ ထိသုံးစွဲသည့်အခါတွင်လျင်ြ မန်သောတုံ့ပြန်မှုများကိုပေး စွမ်းပါလိမ့်မယ်။GPU ကတော့Mali-T860MP2 ပါ။အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့4000m Ah ဖြစ်ခြင်းကြောင့်ဖုန်းကိုအသုံးပြု သည့် အခါတွင်အချိန်ကြာမြင့်စွာအသုံးပြုနိုင်ပါလိမ့်မယ်။အားသွင်းမြန်ဆန် သောစနစ်လည်းပါရှိခြင်းကြောင့်ဖုန်းအားကုန်သည့်အခါ၌အချိ န်ခဏအတွင်းအားပြန်သွင်း၍ဖုန်း ကိုသုံးစွဲနိုင်ပါမယ်။ဖုန်းဝယ်သူများဟာအရောင်ရွေးချယ်မှုများလည်း ပြုလုပ်ကြသောကြောင့်M5 Note ကိုလှပသောအရောင်၎မျိုးခန့်ြ ဖင့် ထုတ်လုပ်ရောင်းချပေးထားပါတယ်။16GB ရဲ့တန်ဖိုးမှာ၂၀၉,၀၀၀/- ကျပ် ဖြစ်ပြီး၊32GB အတွက်ကတော့၂၂၉,၀၀၀/- ကျပ် ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ဖုန်းမျက်နှာပြင်အကြမ်းခ
ဖုန်း၏အခြားတစ်ဖက်မှာတော့Si
ဖုန်း၏အရှေ့ဘက်မျက်နှာပြင်၌
Mobile Guide Journal (Every Monday)
https://www.facebook.com/
အမျိုးအစား:
Mobile သတင်းရေးရာအဖြာဖြာ
3/30/2017
♪ ကျပျောက်သွားတဲ့ AirPods ကို ဘယ်လို ပြန်ရှာမလဲ ♫
AirPods earbud တွေ မတော်တဆ ကျပြီးပျောက်ဆုံးသွားတဲ့ အခါမျိုးမှာ Find My iPhone ကို အသုံးပြုပြီး ပြန်လည်ရှာဖွေနိုင်ပါတယ်။
AirPods earbuds ဟာ Bluetooth ချိတ်ဆက်ထားတဲ့ အကွာအဝေးအတွင်း Find My iPhone app ကို အသုံးပြုပြီး ရှာဖွေနိုင်ပါတယ်။ iOS 10.3 မှာ Find My AirPods feature အသစ်ကို ထပ်မံထည့်သွင်းပေးထား ပါတယ်။
ပထမဆုံး အနေနဲ့ Find My iPhone app ကိုဖွင့်ပါ။
ပြီးရင် iCloud account ကို app ထဲမှာ ထည့်သွင်းပါ။ Account ဝင်သွားပြီဆိုရင် အပေါ်ဘက်နားမှာ Find My iPhone ဆိုတဲ့နေရာကို နှိပ်ပြီး AirPods ကို ရွေးပါ။
ရွေးပြီးသွားရင် Action ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ Play Sound ဆိုတာကို နှိပ်ပြီး AirPods ရှိတဲ့ ညွှန်ပြထားတဲ့ ဘက်ကို သွားပြီး ပျောက်ဆုံးနေတဲ့ AirPods ကို ရှာဖွေနိုင်ပါတယ်။

♪ Android O ရဲ့ အကောင်းဆုံး feature (၉) မျိုး ♫
Google ဟာ အသစ်ထွက်မယ့် Android operating system ဖြစ်တဲ့ Android O ကို
developer တွေအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ Android O မှာ ပိုကောင်းလာတဲ့
ဘက်ထရီသက်တမ်း၊ notification တွေကို အလွယ်တကူထိန်းချုပ်နိုင်မယ့်
လုပ်ဆောင်ချက်များ၊ ဖုန်းနဲ့ tablet အတွက် picture-in-picture mode အပါအဝင်
စိတ်လှုပ်ရှားစရာကောင်းတဲ့ feature အချို့ ပါဝင်လာပါတယ်။ ဒါကြောင့် Android
O ရဲ့ အကောင်းဆုံး feature (၉) မျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) ဘက်ထရီသက်တမ်း
ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်လာတဲ့ လုပ်ဆောင်ချက်ဟာ Android O ရဲ့ အကောင်းဆုံးနဲ့ အကြိုဆိုအခံရဆုံး feature တစ်ခုဖြစ်ပါတယ်။ Android O မှာ iOS လိုပဲ background မှာ ဖွင့်ထားတဲ့ app အများအပြားရဲ့ လုပ်ဆောင်ချက်တွေကို စီမံကန့်သတ်ထားနိုင်ပါပြီ။ ဥပမာအနေနဲ့ Instagram ကို သုံးပြီး background မှာ Google Maps ကို ဖွင့်ထားမယ်ဆိုရင် location service တွေက Maps အတွက် မကြာခဏ update မလုပ်တော့တာကြောင့် ဘက်ထရီအလျင်အမြန်ကုန်ဆုံးတာမျိုး မဖြစ်တော့ပါဘူး။
(၂) Notifications channel များ
Android O မှာ notification တွေကို channel တွေမှာ စုဖွဲ့ထားနိုင်ပါတယ်။ ဒါကြောင့် သတင်းနဲ့သက်ဆိုင်တဲ့ app တွေအတွက် channel တစ်ခု ဖန်တီးထားတယ်ဆိုရင် news channel ထဲက app အားလုံးအတွက် notification settings ထိန်းချုပ်မှုကို တစ်ပြိုင်တည်းလုပ်နိုင်မှာ ဖြစ်ပါတယ်။
(၃) Snooze notification များ
Android O မှာ snooze notification တွေကို ပြုလုပ်ဖို့အတွက် notification တစ်ခုကို လက်ချောင်းနဲ့ slide လုပ်ပြီး ပြုလုပ်နိုင်ပါတယ်။ Snooze လုပ်မယ့်ကြာချိန်ကို ၁၅ မိနစ်၊ ၃၀ မိနစ်၊ ၆၀ မိနစ် ဆိုပြီး ရွေးချယ်သတ်မှတ်နိုင်ပါတယ်။
(၄) Picture-in-picture
ဗီဒီယိုကြည့်နေရင်း အခြား app တစ်ခုသုံးနိုင်တဲ့ လုပ်ဆောင်ချက်မျိုးကို Android O မှာ လုပ်နိုင်ပါပြီ။ ဒီ feature ကို Netflix နဲ့ HBO Now လိုမျိုး video app တွေမှာ တွေ့မြင်ရမလားဆိုတာကိုတော့ စောင်ကြည့်ရမှာပါ။
(၅) Lock screen shortcut များ
Android Nougat ရဲ့ lock screen ပေါ်မှာ Google Assistant ကို အလျင်အမြန်သုံးဖို့အတွက် microphone icon တစ်ခုနဲ့ ဓာတ်ပုံအမြန်ရိုက်ဖို့အတွက် camera icon တစ်ခုပါဝင်ပါတယ်။ Android O မှာတော့ lock screen ကို customize လုပ်နိုင်တာကြောင့် shortcut တွေကို ပိုမိုထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
(၆) Autofill
Password manager app တစ်ခုကို အသုံးပြုမယ်ဆိုရင် Android O က autofill ကနေတစ်ဆင့် system တစ်ခုလုံး အလွယ်တကူသုံးနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ System တစ်ခုလုံးသုံးနိုင်မယ့် autofill feature အတွက် password manager app ကို ရွေးချယ်သတ်မှတ်နိုင်ပါတယ်။ ဒါဟာ ဖုန်းပေါ်က app တွေအားလုံးမှာအသုံးပြုမယ့် keyboard ကို ရွေးချယ်ပုံနည်းလမ်းနဲ့ အတူတူပါပဲ။
(၇) Wide-gamut color အထောက်အပံ့
ဒီ feature ကတော့ အနာဂတ်မှာ လက်တွေ့စမ်းသပ်နိုင်မယ့် feature ဖြစ်ပါတယ်။ ဖုန်းနဲ့ tablet အသစ်တွေမှာ ပါဝင်လာမယ့် display တွေ တိုးတက်ကောင်းမွန်လာတာနဲ့အမျှ app တွေကဖော်ပြတဲ့ အရောင်တွေရဲ့ တိကျမှုကလည်း ပိုကောင်းလာမှာပါ။
(၈) HiFi Bluetooth audio
အခုအခါမှာတော့ ဖုန်းကနေ အရည်အသွေးမြင့်တဲ့ အသံတွေကို ကြိုးမဲ့စနစ်နဲ့ နားဆင်နိုင်ပါပြီ။ အရည်အသွေးမြင့်မားတဲ့ အသံတွေကတော့ အသံဖမ်းယူမှုအရည်အသွေး၊ အသုံးပြုတဲ့ စပီကာနဲ့ နားကြပ်အပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
(၉) Keyboard shortcut များ
Android tablet ကို keyboard နဲ့ အသုံးပြုသူတွေအတွက်တော့ သတင်းကောင်းပါပဲ။ Android O မှာ physical keyboard တစ်ခုကနေ အလွယ်တကူသုံးနိုင်စေရန်အတွက် navigation နဲ့ shortcut တွေကို ပြုလုပ်နိုင်ဖို့ developer တွေကို အကောင်းဆုံးထောက်ပံ့ပေးထားပါတယ်။

♪ Ooredoo ရဲ့ ဖုန်းဘီလ် ၁၀၀ ရာခိုင်နှုန်းအပိုငွေရရှိမယ့်အစီအစဉ် ♫
Ooredoo ရဲ့ ဖုန်းဘီလ် ၁၀၀ ရာခိုင်နှုန်းအပိုငွေရရှိမယ့် အစီအစဉ်ကို စတင်ပြုလုပ်လိုက်ပါတယ်။
မတ်လ ၂၉ ရက်ကနေ စတင်ဖြည့်သွင်းနိုင်ပြီး Ooredoo ဖုန်းငွေဖြည့်ကတ်ဖြည့်သွင်းတဲ့ပမာဏအတိုင်း ၁၀၀ ရာခိုင်နှုန်း အပိုထပ်ဆောင်းရရှိမယ်လို့ သိရပါတယ်။ သင်္ကြန်ဖုန်းငွေဖြည့်အပိုလက်ဆောင်ပရိုမိုးရှင်းလို့ နာမည်ပေးထားတယ်လို့ဆိုပါတယ်။

မိုဘိုင်းနှင့်ဆိုင်သောပရိုမိုးရှင်းသတင်းများ
Subscribe to:
Posts
(
Atom
)