4/22/2016

♪ အက်ပလီကေးရှင်းတစ်ခုစီတိုင်းကို Permission စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ Marshmallow ရဲ့ အမိုက်စားလုပ်ဆောင်ချက် ♫


အခုဆို နောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ Android 6.0 Marshmallow စနစ် တပါတည်းပါရှိလာပြီ ဖြစ်လို့၊ Android Marshmallow ရဲ့ အသုံးဝင်မယ့်၊ အမိုက်စားလုပ်ဆောင်ချက်တွေကို Android ပရိတ်သတ်တွေနဲ့ အတူ မျှဝေလိုက်ပါတယ်။
Marshmallow စထွက်ကတည်းက လူတိုင်းစိတ်ဝင်စားနေတဲ့ feature တစ်ခုကို ပြောပါဆိုရင်၊ App permissions စိတ်ကြိုက်ပေးနိုင်တဲ့ feature လို့ ပြောရမှာပါ။
ဒီ feature ကို မပြောခင် အရင်ဆုံး Permission (ခွင့်ပြုချက်) ဆိုတာကို ပြောရပါမယ်။ ဖုန်းထဲမှာ app တစ်ခုကို သွင်းမယ်ဆိုတိုင်း၊ ဒီ app က သင့်ဆီကနေ ခွင့်ပြုချက်တွေ တောင်းပါလိမ့်မယ်။ ကိုယ့်ဖုန်းရဲ့ SMS တွေပို့နိုင်ခွင့်၊ ကင်မရာသုံးနိုင်ခွင့်၊ USB storage ကို ပြင်ဆင်၊ဖျက်နိုင်ခွင့်၊ GPS တည်နေရာရယူနိုင်ခွင့်၊ စသဖြင့် သူ့ app နဲ့ သက်ဆိုင်တဲ့လုပ်ပိုင်ခွင့်တွေ အများကြီးတောင်းတတ်ပါတယ်။ ဥပမာ ကင်မရာ app တစ်ခုဆို သင့်ရဲ့ ကင်မရာ permission ရှိမှ၊ အလုပ်လုပ်နိုင်မှာပါ။
ဒီနေရာမှာ တစ်ချို့ အန္တရာယ်ရှိ app တွေဟာ၊ SMS permission ရထားရင်၊ သင်မသိဘဲ မက်ဆေ့တွေ ပို့နိုင်သလို၊ location permission ရထားရင် သင့်တည်နေရာကိုလည်း app က သိနေနိုင်ပါတယ်။ အကယ်၍ ကင်မရာ app တစ်ခုက သင့်ဖုန်း call ကိုပါ ဘာမှမဆိုင်ဘဲ၊ permission တောင်းနေတယ်ဆိုရင် သင်မသိဘဲ ဖုန်းနံပါတ်တွေ ခေါ်ဆိုနိုင်တာကြောင့် သတိပြုသင့်ပါတယ်။
Marshmallow မှာတော့ ဒီလိုပြဿနာတွေ ဖြေရှင်းနိုင်မယ့် feature သစ် ပါဝင်လာပါတယ်။ ဒါကတော့ app တစ်ခုစီရဲ့ Permissions တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်စွမ်းဖြစ်ပြီး၊ ဒီ feature ကို သုံးချင်တယ်ဆိုရင်
  • Settings ထဲကနေ ကိုယ် Permission ပြင်ချင်တဲ့ App တစ်ခုထဲဝင်
  • ဒီ App က ယူထားတဲ့ storage ၊ Data စတာတွေ အောက်မှာ Permissions ဆိုတာ ပါလာပါတယ်။
  • Permissions ထဲ ၀င်လိုက်တာနဲ့ အဆိုပါ App က ယူထားတဲ့ permission တွေ အကုန်လုံးကို တွေ့မြင်ရမှာဖြစ်ပြီး၊ ကိုယ် permission မပေးချင်တဲ့ အချက်ကို ရွေးချယ်ပိတ်ပစ်နိုင်ပါတယ်။
AndroidPIT-Android-M-preview-AnTuTu-permissions-w782
ဒါမှမဟုတ် ကိုယ့်ဖုန်းထဲမှာ ဘယ်လို Permission ( တည်နေရာ၊ ဖုန်းခေါ်ဆိုမှု၊ ကင်မရာ၊ မိုက်ခရိုဖုန်း) စတာတွေ ၀င်သုံးလို့ရနေလဲဆိုတာ သီးခြားကြည့်ချင်တယ်ဆိုရင်တော့ Settings ထဲဝင်၊ Apps ထဲသွား၊ ညာဘက်အပေါ်ထောင့်က အစက်သုံးစက် (overflow menu) ကို နှိပ်ပြီး၊ Advanced ထဲက App Permissions မှာ ကြည့်နိုင်ပါတယ်။
AndroidPIT-Android-M-preview-app-permissions-location-w782
Ref: Android Pit

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com