8/12/2015

♪ ပြည်တွင်းဈေးကွက်၌ Singtech အမှတ်တံဆိပ် Z 501 နှင့် i-Crystal စမတ်ဖုန်းနှစ်မျိုးအား ၀ယ်ယူရရှိနိုင် ♫


ပြည်တွင်း မိုဘိုင်းဈေးကွက်၌ှSingtech အမှတ်တံဆိပ် Z 501 နှင့် i-Crystal အမျိုးစား စမတ်ဖုန်းနှစ်မျိုး အား ၀ယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းသိရသည်။

Singtech Z 501 ဖုန်းမှာ မျက်နှာပြင် အရွယ်အစား ငါးလက်မပါရှိမည်ဖြစ်ပြီး IPS Touch Screen အားအသုံးပြုထားသည်။ Resolution မှာ 960x540 pixels ဖြင့် ပုံရိပ်များကို ကြည့်ရူနိုင်မည်ဖြစ်သည်။ Internal Storage 8 GB ပါဝင်ပြီး ထပ်မံအသုံးပြုလိုပါက Menory SD 32 GB အထိ ထပ်တိုးအသုံးပြုနိုင်မည်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး MT 6582 Dual Core Procecessor ကိုအသုံးပြုထားသည်။

Android Version 4.4.2 (Kitkat) ကိုအသုံးပြုထားပြီး အမြန်နှုန်းမှာ 1.3 GHz ဖြစ်သည်။ ရှေ့ကင်မရာကို 5 MP အသုံးပြုပေးထားပြီး ဆင်းကဒ်နှစ်ခုထည့်သွင်း အသုံးပြုနိုင်သည်။ ဘက်ထရီကို 2200 mAh ထိပါရှိမည်ဖြစ်သည်။ ၀ယ်ယူလိုပါက အဖြူရောင်နှင့် ရွှေရောင် ဟူ၍ ရွေးချယ်ဝယ်ယူနိုင်သည်။ 

Singtech i- Crystal ဖုန်းမှာလည်း Dual Sim အမျိုးအစားဖြစ်ပြီး RAM 2GB ပါရှိမည်ဖြစ်ပြီး IPS Touch Screen ကိုအသုံးပြုထားသည်။ Internal Storage ကို 16 GB ထိပါဝင်မည်ဖြစ်ပြီး Micro SD ကို 32 GB ထိစိုက်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။ Resolution မှာ 1080x720 pixels ထည့်သွင်းပေးထားပြီး အမြန်နှုန်း 1.4 GHz ပါရှိသည်။

ကင်မရာမှာ 13 MP ထည့်သွင်းပေးထားပြီး Android Version 4.4 (Kitkat) ပါဝင်မည်ဖြစ်သည်။ အရောင်အနေဖြင့် အနက်နှင့် ရွှေရောင်ဟူ၍ ရရှိနိုင်သည်။ ဈေးနှုန်းများမှာ Z 501 မှာ ၁၀၉၀၀၀ ကျပ်ဖြစ်ပြီး i-Crystal မှာ ၁၉၉၀၀၀ ကျပ်ဖြစ်သည်။

Credit to ==> TechSpace Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com