8/12/2015

♪ Motorola က 21MP Camera တပ်ဆင်ထားသော Moto X Style နှင့် Moto X Play တို့ကို ကြေညာ ♫

Motorola-Moto-X-Style

Motorola က စွမ်းဆောင်ရည်မြင့် နှင့် စွမ်းဆောင်ရည်သင့် စမတ်ဖုန်း အသစ်များဖြစ်သည့် Moto X Style နှင့် Moto X Play တို့ကို ကြေညာလိုက်ပါသည်။

Moto X Style
Moto X Style တွင် ၅.၇ လက်မ QHD Display , 1.8GHz Hexa-Core Snapdragon 808 Chipset , 3GB RAM ပါရှိပါသည်။ 16/32/64GB Storage များ ရွေးချယ်နိုင်ပြီး 128GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။

အနောက်ဘက်တွင် 4K Video များ ရိုက်ကူးနိုင်သော 21MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။ 3000mAh Battery ပါရှိပြီး ၁၅ မိနစ်အတွင်းတွင် ၃၄ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်သော TurboCharger 25 ပါရှိပါသည်။ ဒေါ်လာ ၃၉၉ ဖြင့် ရောင်းချမည် ဖြစ်သည်။

Moto X Play
Moto X Play သည် စွမ်းဆောင်ရည်သင့် ဖြစ်ပြီး ၅.၅ လက်မ FullHD Display , Snapdragon 615 Chipset, 2GB RAM ပါရှိပါသည်။ 16 or 32GB Storage ရွေးချယ်နိုင်ပြီး 128GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။

အနောက်ဘက်တွင် 1080p Video များ ရိုက်ကူးနိုင်သော 21MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။ 3630mAh Battery တပ်ဆင်ထားပြီး ၄၈ နာရီကြာ အသုံးခံပါသည်။ လျှင်မြန်စွာ အားသွင်းနိုင်သော TurboCharger 15 ကို ၀ယ်ယူနိုင်ပါသည်။ သြဂုတ်လတွင် နိုင်ငံပေါင်း ၆၀ ၌ ဒေါ်လာ ၂၉၉ ဖြင့် ရောင်းချမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com