8/12/2015

♪ MEC ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၂ကျပ် လျှော့ချ သတ်မှတ် အင်တာနက် အသုံးပြုခ တစ်မိနစ် ၃ကျပ် နှုန်းဖြင့် အသုံးပြုနိုင် ♫


MEC TEL CDMA 800MHz ဖုန်းခေါ်ဆိုခနှင့် အင်တာနက် အသုံးပြုခ နှုန်းထားသစ် သတ်မှတ် လျှော့ချပေး လိုက်ကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)မှသိရသည်။

သြဂုတ်လ ၁၀ရက်နေ့မှ စတင်၍ အဆိုပါဖုန်းခေါ်ဆိုခနှုန်းများမှာ MECTel ဖုန်းအချင်းချင်းတစ်မိနစ်လျှင် ၂၂ကျပ် နှုန်းဖြင့်လည်းကောင်း MECTel ဖုန်းမှအခြားဖုန်းများသို့တစ်မိနစ်လျှင် ၂၃ကျပ်ဖြင့် လည်းကောင်း အသီးသီးလျှော့ချပေးလိုက်ကြောင်းသိရသည်။

“ သုံးစွဲသူတွေအတွက် ရည်ရွယ်ပြီး သက်သာတဲ့ နှုန်းထားသစ်တွေလျှော့ချပေးတာပါ။ ပိုသက်သာတဲ့ Package အစီအစဉ်တွေလဲ ရှိပါတယ်၊ ထပ်ပြီး ကြေညာ အသိပေးမှာပါ” ဟုမြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

ယင်းအပြင် အင်တာနက် သုံးစွဲခကို တစ်မိနစ်လျှင် ၃ကျပ်နှုန်းဖြင့်လည်းကောင်း SMS တစ်စောင် လျှင် ၁၅ကျပ် နှုန်းဖြင့်အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရ သည်။

MEC မှ ယခင်က ဖုန်းခေါ်ဆိုခများကို MEC အချင်းချင်း တစ်မိနစ်လျှင် ၃၅ ကျပ် ၊ အခြားအော်ပရေတာများထံသို့ ခေါ်ဆိုလျှင် တစ်မိနစ် ၅၀ ကျပ်နူန်းဖြင့်လည်းကောင်း အင်တာနက် အသုံးပြုခ ကိုတစ်မိနစ်လျှင် ၄ကျပ်နှုန်းဖြင့် အသီးသီးကောက်ခံခဲ့ရာမှ ယခု လျှော့ချပေး လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

MEC TELမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖွံ့ဖြိုးမှုအနည်းဆုံးမြို့နယ်ဖြစ်သည့် ကိုကိုးကျွန်းနှင့် ချင်း ပြည်နယ် မတူပီမြို့နယ်တို့တွင်ဆက်သွယ်ရေးကွန်ရက်များတိုးချဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း အခြားပြည် နယ်များတွင်လည်း တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်စီစဉ်လျှက်ရှိကြောင်းသိရသည်။

#1282015

Credit to ==>Myanmar Mobile View

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com