8/05/2015

♪ Google Play Store အတွက် Tips and Tricks များ ♫

1

Google Play Store မှာ Apps ပေါင်းများစွာ ရှိတဲ့အတွက် Android ကို ရွေးချယ်ရတဲ့ အကြောင်းအရင်းတစ်ချက်က Google Play Store ကြောင့် ဖြစ်နိုင်ပါတယ်။ Google Play Store မှာ အခမဲ့ Apps များကို ရယူသည်ဖြစ်စေ ၊ အခပေး Apps များကို ၀ယ်ယူသည်ဖြစ်စေ ငွေကုန်သက်သာစေဖို့နဲ့ အခြားအသုံးဝင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်နိုင်ငံအတွက် မရတဲ့ Apps များကို အင်စတောလုပ်ပါ။
Google Play Store မှာ အခမဲ့ App တစ်ခုကို ရယူချင်ပေမယ့်လည်း “ The item is not available in your country. “ ဆိုတဲ့ အသိပေးစာကို တစ်ချို့ Apps များမှာ တွေ့နိုင်ပါတယ်။ သင့်နိုင်ငံအတွက် မရတဲ့ အခမဲ့ App တစ်ခုကို ရယူနိုင်ဖို့အတွက် ဒါမှမဟုတ် အခြားနိုင်ငံရဲ့ Google Play Store မှ ပိုမိုဈေးသက်သာတဲ့ အခပေး App တစ်ခုကို ရယူဖို့အတွက် ပြုလုပ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။

• Hideninja, Shellfire or Tunnelbear VPN တို့လို VPN App တစ်ခုကို အသုံးပြုပါ။ VPN App များက သင့်ရဲ့ မူလ IP Address ကို ဖျောက်ထားပေးပြီး သင်နှစ်သက်ရာနိုင်ငံမှ IP Address ကို အစားထိုးဖော်ပြပေးမှာ ဖြစ်ပါတယ်။
• VPN App မှာ နိုင်ငံကို ရွေးချယ်ပြီး ချိတ်ဆက်ပါ။ ပြီးရင် Google Play Store App ကို ဖွင့်ရင် သင်ရွေးချယ်ထားတဲ့နိုင်ငံရဲ့ Play Store Homepage ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

1

၂။ Play Store မှာ သင့် Device များကို စီမံခန့်ခွဲပါ။
Play Store က သင့် Google Account နဲ့ Log In ၀င်ထားတဲ့ မိုဘိုင်းဖုန်း၊ တက်ဘလက်အားလုံးကို မှတ်ထားပါတယ်။ သင် အသုံးမပြုတော့တဲ့ ဖုန်းနဲ့ တက်ဘလက်တွေကို Play Store မှ ဖယ်ရှားဖို့အတွက်
• ဘရောက်စာကနေ Google Play Store ရဲ့ Settings ထဲသွားရင် သင့် Google အကောင့်နဲ့ ၀င်ရောက်ထားတဲ့ Device အားလုံးကို ပြသပေးထားမှာ ဖြစ်ပါတယ်။
• Edit ကို နှိပ်ပြီး Device Nickname ကို ပြောင်းလဲနိုင်သလို Show in menus မှာ အမှန်ခြစ်ဖြုတ်ပေးခြင်းဖြင့် Play Store မှာ App တစ်ခုကို အင်စတောလုပ်ရင် သင့်ရဲ့ Device List ထဲမှာ အဲဒီ Device ကို ဖယ်ရှားထားပေးမှာပါ။ အသုံးမပြုတော့တဲ့ ဖုန်းအဟောင်းတွေကို အမှန်ခြစ်ဖြုတ်ထားသင့်ပါတယ်။

2

၃။ Parental Lock ကို အသုံးပြုပါ။
သင့်ကလေးက သင့်ဖုန်းကနေ Play Store မှာ ညစ်ညမ်း ဗီဒီယိုတွေနဲ့ Apps တွေကို ဒေါင်းလုပ်ရယူခြင်းမှ ကာကွယ်ဖို့အတွက် Parental Control ကို အသုံးပြုသင့်ပါတယ်။ ( Google က အဲဒီအရာတွေကို Ban ထားပေမယ့်လည်း တစ်ခါတစ်လေမှာ ပေါ်လာတတ်ပါတယ်။ )

• Play Store App ထဲမှာ Menu Icon ကို နှိပ်ပြီး Settings>Parental Controls ထဲသွားပါ။ Slider ကို On ပေးပါ။
• Parental Lock PIN Code တစ်ခု ဖန်တီးပြီး ဒေါင်းလုပ်ပြုလုပ်ခြင်းမှ ကာကွယ်ထားချင်တဲ့ အရာတွေကို ရွေးချယ်ပေးပါ။
• ကန့်သတ်ချက်တွေကို ရွေးချယ်ပြီးရင်တော့ အဲဒီအရာတွေကို ဒေါင်းလုပ်ပြုလုပ်တိုင်း PIN Code ထည့်ပေးရမှာ ဖြစ်ပါတယ်။

3

၎။ ပြန်အမ်းငွေ ရယူပါ။
Google Play Store မှာ App or Game တစ်ခုကို ၀ယ်ယူပြီး ၂ နာရီအတွင်းမှာ မနှစ်သက်ရင် ပြန်အမ်းငွေ ရယူနိုင်တဲ့ အခွင့်အရေးကို Google က ပြီးခဲ့တဲ့နှစ်မှာ ပြုလုပ်ပေးခဲ့ပါတယ်။

• App တစ်ခုကို ၀ယ်ယူပြီးတာနဲ့ သူ့ရဲ့ Play Store Page မှာ Install , Open ဆိုတဲ့ Option များအပြင် Refund ဆိုတဲ့ Option ကိုပါ မြင်တွေ့နိုင်ပါတယ်။ ပြန်အမ်းငွေ ရယူဖို့ ၂ နာရီအတွင်းမှာ Refund ခလုတ်ကို နှိပ်ပါ။

4

၅။ Play Store မှ ၀ယ်ယူမှုအားလုံးကို ထိန်းချုပ်ပါ။
သင့်ရဲ့ ဖုန်းကို ကလေးတွေက ကိုယ်တွယ် အသုံးပြုလေ့ရှိတယ် ဆိုရင် Play Store မှ ၀ယ်ယူမှုအားလုံးကို ထိန်းချုပ်ထားသင့်ပါတယ်။

• Play Store App ထဲမှာ Menu Icon ကို နှိပ်ပြီး Settings> Require authentication for purchases ကို နှိပ်ပါ။ For all purchases through Google Play on this device ကို ရွေးချယ်ပေးပါ။ တစ်ခု သတိပြုရမှာက သင်ပိုင်ဆိုင်တဲ့ Android Device တိုင်းမှာ ဒီလို ကာကွယ်ထားချင်ရင် သီးခြားစီ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

5

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com