8/12/2015

♪ နီုင်ငံတကာဈေးကွက်အတွက် Android ခေါက်ဖုန်းအား WineSmart အမည်ဖြင့် LG မိတ်ဆက် ♫


၉၀ ပြည့်လွန်နှစ်တွေကခေတ်စားခဲ့တဲ့ ခေါက်ဖုန်းတွေကို တောင်ကိုရီးယားထိပ်တန်းနည်းပညာကုမ္ပဏီနှစ်ခု ကအပြိုင်အဆိုင် ပြန်လည်ဆန်းသစ်ထုတ်လုပ်နေရာမှာ LG က Gentle ဆိုတဲ့အမည်နဲ့ ခေါက်ဖုန်း တစ်လုံးကို ပြီးခဲ့တဲ့လမှာ မိတ်ဆက်ခဲ့ပါတယ်။

ကနဦးမှာ LG Gentle ကိုမိခင်နိုင်ငံတောင်ကိုရီးယားမှာပဲဖြန့်ချိဖို့စီစဉ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဒီဖုန်းကို LG Wine Smart ဆိုတဲ့အမည်နဲ့ဈေးကွက်အချို့ရွေးချယ်ဖြန့်ချိမယ်လို့ LG ကအတည်ပြု လိုက်ပါပြီ။LG ရဲ့ အဆိုအရ Wine Smart ကိုဖြန့်ချိမယ့်ဈေးကွက်တွေက ပြင်သစ်၊အီတလီ၊ ပိုလန်၊စပိန် ၊ကာဇက်စတန်၊ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတို့ဖြစ်တယ်လို့ သိရပါတယ်။

ဖုန်းဒီဇိုင်းပိုင်းနဲ့လုပ်ဆောက်ချက်တွေမှာတော့ LG Gentle နဲ့ Wine Smart ကြားမှာကွာခြားမှုရှိမှာ မဟုတ်ပါဘူး။ HVGA အရည်အသွေးပဲရှိတဲ့ ၃.၂လက်မအရွယ် IPS LCD မျက်နှာပြင်ပါဝင်မယ့် ဒီဖုန်းမှာ OS အနေနဲ့ Android 5.1.1 ဆက်လက်ပါဝင်မျာဖြစ်ပါတယ်။


အတွင်းပိုင်းမှာတော့ 1.1GHz Quad-Core Processor ပါဝင်မှာဖြစ်ပြီး RAM ကတော့ 1GB ဖြစ်ကာ 4GB Internal Storage ကို MicroSD နဲ့ထပ်မံတိုးချဲ့နိုင်မယ်လို့ သိရပါတယ်။ကင်မရာအနေနဲ့ 3.15 MP ပဲပါဝင်တဲ့ဒီဖုန်းက ဒီဇိုင်းပိုင်းနဲ့အတွင်းပိုင်းလုပ်ဆောင်ချက်တွေအရ ခေတ်နောက်ကျနေပြီဆိုပေမယ့်လည်း 4G LTE နဲ့ Bluetooth 4.1 လိုခေတ်ပေါ်နည်းပညာတွေပါဝင်တာကိုတွေ့ရပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ လောက်ရှိနိုင်တယ်လို့ GSM Arena ကခန့်မှန်းဖော်ပြပါတယ်။

Credit to ==>TechSpace Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com