8/12/2015

Samsung က ရေဘေးသင့်ပြည်သူများ၏ ပြန်လည် ထူထောင်ရေး အတွက် လေ့လာနေသည်ဟုဆို





Samsung သည် ရေဘေးသင့်ဒေသများ၏ ပြန်လည်ထူထောင်ရေး အတွက် ကူညီထောက်ပံ့မှုများ ပိုမိုဆောင်ရွက်သွားရန် လေ့လာမှုများ ပြုလုပ်နေသည်ဟု Samsung Myanmar ၏ Managing Director Mr. Nam Sik Ahn က ပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၏ ထုတ်ပြန်ချက် အရ သြဂုတ်လ ၂ ရက်အထိ အိမ်ခြေပေါင်း ၁၆,၃၈၆ အိမ်မှ ပြည်သူပေါင်း ၈၉,၁၀၇ ဦး ရေကြီးမှုနှင့် မြေပြိုမှုများကို ကြုံတွေ့ခံစားနေရသည်ဟု သိရသော်လည်း သတင်းအချက်အလက် ရရှိမှုသည် အနည်းငယ်သာ ရှိသေးကြောင်း ၎င်းက ပြောသည်။

“Samsung အနေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာတွင်လည်း မြန်မာနိုင်ငံသားများကို အကူအညီ အထောက်အပံ့များ ပံ့ပိုးပေးနိုင်ရန် ရှာဖွေလျက်ရှိပါတယ်။ ရေပြန်ကျသွားရင်လည်း ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ဖို့အတွက် ဖြစ်နိုင်ချေရှိတဲ့ ကူညီထောက်ပံ့မှုများကို ပိုမိုဆောင်ရွက် သွားနိုင်ဖို့ လေ့လာ ရှာဖွေနေပါတယ်” ဟု Mr. Nam Sik Ahn က ဆိုသည်။

Samsung သည် မကြာသေးခင်က ရေဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ကို အစားအသောက်၊ ဆေးဝါးနှင့် အသုံး အဆောင် ပစ္စည်းများကို သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်ဖြစ်ပြီး ဆက်သွယ်ရေး ဆိုင်ရာ စနစ်များ၊ လမ်းပန်းဆက်သွယ်ရေးများ၊ အခြေခံအဆောက်အအုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ လူနေအိမ်များအတွက် ပြန်လည်ထူထောင်ရေး လိုအပ်နေသည်ဟု သိရသည်။

Credit=> internetjournal
Thiha Htike(THT)
My Facebook Account Click




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download