8/12/2015

♪ အရွယ်မသိမသာလေးကြီးလာတဲ့ iPhone 6S ♫

phpyuqbcr

ယခု ပုံမှာမြင်တွေ့နေရတဲ့ ဖုန်းသုံးခု အပြင်ခွံ သုံးခုမှာ အလယ်တစ်ခုက မကြာခင်ထွက်ရှိတော့မယ့် iPhone 6S ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အကြီးတစ်ခုကတော့ iPhone 6 Plus ဖြစ်ပြီး ဘယ်ထောင့်တစ်လုံးကတော့ iPhone 6 ဖြစ်ပါတယ်။ အလယ် ရွှေရောင်ကတော့ မကြာခင်ထွက်ရှိမယ့် iPhone 6S ဖြစ်ကြောင်း ဆိုပါတယ်။


၎ မိနစ်စာ ဗီဒီယိုကို UnboxTherapy အမည်ရ အဖွဲ့မှ YouTube ပေါ်ကနေ ၄ မိနစ်စာ သုံးသပ်ပြသွားခြင်း ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် မသိမသာလေး တိုးလာတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ တကယ်ကို မသိမသာလေးပါ။ Digital ပေတံနဲ့ တိုင်းပြတော့မှ အရွယ်နည်းနည်းလေး ကြီးတဲ့အပြင် ထူတာလည်း အနည်းငယ် ထူလာပါတယ်။ အဓိကကတော့ bending ဖြစ်ခဲ့တဲ့ issue ကို ရှောင်ချင်လို့ ဖြစ်ပါတယ်။ iPhone 6 စထွက်တုန်းက Bending (ကွေးညွတ်မှု) ကိစ္စ ဖြစ်ပေါ်ခဲ့ တာကြောင့် ဒီတစ်ခါ မဖြစ်ရအောင် နည်းနည်းလေး ထူထား သလို သတ္တုလည်း ပြောင်းထားပါတယ်။ သတ္တုက Apple Watch မှာ သုံးထားတဲ့ Aluminium 7000 series ကို အသုံးပြုထားပြီး အလူမီနီယံမှာ အတော်လေး သန်မာပြီး အသွင်အပြင် လှတဲ့ အလူမီနီယံ ဖြစ်ပါတယ်။ ဒီတော့ ယခင် အိုင်ဖုန်းထားထပ် ပိုသန်မာ လာပါတယ်။

ပိုသန်မာ၊ အရွယ်မသိမသာလေး ကြီး၊ မသိမသာလေးထူသွားလို့ ပိုလေးသွားမလားလို့ မစိုးရိမ်ပါနဲ့။ သူ့ အလေးချိန်ဟာလည်း ယခင် အိုင်ဖုန်းထပ် 2g လောက် လျော့သွား ပါတယ်။ နောက်ထပ် ထူးခြားချက် အနေနဲ့ နှင်းဆီရွှေရောင်လို့ ခေါ်တဲ့ Rose Gold အရောင်လည်း ပါဝင်ထွက်ရှိလာမှာ ဖြစ်ပါတယ်။
.
ဗီဒီယို ကြည့်ရန် – https://youtu.be/bSMUGGu7l-4
အောင်ခမ်း (MMAS)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com