Sony ၏ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်ုး မျိုးဆက်ဖြစ်သော Xperia Z4 ၏
ဓါတ်ပုံများ အင်တာနက် စာမျက်နှာများတွင် ထွက်ပေါ်လျှက်ရှိပါသည်။ Xperia Z3
နှင့် Z4 ကို နှိုင်းယှဉ်ရိုက်ကူးထားသော ဓါတ်ပုံ များ ဖြစ်ပါသည်။
ယခင် ထွက်ပေါ်ခဲ့သော သတင်းများအရ Xperia Z4 တွင် ၅.၅ လက်မ QHD Display တပ်ဆင်ထားမည် ဖြစ်သည်။ သို့သော် ယခုထွက်ပေါ်လာသော ဓါတ်ပုံများအရ Z4 သည် Z3 နှင့် တူညီစွာ ၅.၂ လက်မ မျက်နှာပြင်ကို အသုံးပြုထားသည်ကို တွေ့ရပါသည်။ မျက်နှာပြင်၏ Resolution မှာ 2560×1440 pixels ဖြစ်သည်မှာ သေချာသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။
ဓါတ်ပုံများအရ Z4 တွင် Z2 ကဲ့သို့ စတီရီယို စပီကာများကို တပ်ဆင်ထားပါသည်။ မျက်နှာပြင် အထက်ရှိ ကင်မရာနှင့် Sensor များကိုမူ နေရာပြောင်းလဲထားသည်ဟု သိရပါသည်။
Sony Xperia Z4 ကို အမေရိကန်နိုင်ငံ Las Vegas တွင် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ၌ ပြုလုပ်မည့် CES ပွဲတွင် တရားဝင်ကြေညာမည်ဟု မျှော်လင့်ရပါသည်။