ဝက်ဆိုက်များနှင့် စမတ်ဖုန်းကဲ့သို့ Device များအတွက် Password များကို
သိမ်းဆည်းပေးနိုင်ပြီး အလိုအလျှာက် Sign In ၀င်ပေးနိုင်သော Everykey
လက်ပတ်ကို ထုတ်လုပ်ရောင်းချရန် Kickstarter ၀က်ဆိုက်တွင် ရန်ပုံငွေ
ကောက်ခံလျှက်ရှိပါသည်။ လက်ပတ်သည် Passwords, Keys, Passcodes များကို
သိမ်းဆည်းပေးနိုင်ပါသည်။
Everykey ကို ၀တ်ဆင်ထားလျှင် Password ဖြင့် ကာကွယ်ထားသော စမတ်ဖုန်း ကဲ့သို့ Device အနီး အနားသို့ ရောက်ရှိလျှင် အလိုအလျှောက် Unlock ပြုလုပ်ပေးမည် ဖြစ်သကဲ့သို့ ကီးဘုတ်ကို နှိပ်ရန် မလိုဘဲ ၀က်ဆိုက်များကိုလည်း Log In ၀င်ပေးနိုင်ပါသည်။
စမတ်ဖုန်း အနားမှ ထွက်ခွာသွားလျှင် Everykey က စမတ်ဖုန်းကို အလိုအလျှောက် Lock ပြုလုပ်ပေး မည် ဖြစ်သည်။ Everykey တွင် စစ်တပ် အဆင့် လုံခြုံရေး နည်းပညာကို အသုံးပြုထားပါသည်။ Everykey လက်ပတ် ပျောက်ဆုံးသွားလျှင် Everykey ၀က်ဆိုက်သို့ သွားရောက်ပြီး လက်ပတ်ကို Disable ပြုလုပ်နိုင် ပါသည်။
Everykey ၏ အခြားကောင်းမွန်သော စွမ်းဆောင်ချက် တစ်ခုမှာ ရှုပ်ထွေးပြီး ဖောက်ထွင်းရခက်သော Password များကို ပြုလုပ်ပေးနိုင်ခြင်း ဖြစ်ပါသည်။ Kickstarter ၀က်ဆိုက်တွင် ရန်ပုံငွေ ဒေါ်လာ သုံးဆယ် ပေးသွင်းထားလျှင် ၂၀၁၅ ခုနှစ် မတ်လတွင် Everykey လက်ပတ်တစ်ခု ရရှိမည် ဖြစ်သည်။