11/28/2014

♪ LG က ကီးဘုတ် ပါရှိတဲ့ တက်ဘလက်ကို တီထွင်နေ ♫

lg-h160-tab-book-banner

LG က Microsoft Surface Pro 3 ကဲ့သို့ ကီးဘုတ် တပ်ဆင်နိုင်တဲ့ တက်ဘလက် အသစ်တစ်ခုကို တီထွင်နေပြီး တက်ဘလက်ကဲ့သို့ သာမက လက်တော့ အဖြစ်ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

တက်ဘလက်မှာ Intel ရဲ့ စတုတ္ထမျိုးဆက် Core Processor တပ်ဆင်ထားမှာ ဖြစ်ပြီး သယ်ယူရလွယ်ကူစေဖို့နဲ့ ဘက်ထရီ သက်တမ်းကြာရှည်စေဖို့ Solid State Drive ကို ထည့်သွင်းထားမယ်လို့ LG ရဲ့ အတွင်းလူများက ပြောကြားပါတယ်။ LG က Surface Pro 3 မှာလိုပဲ ကီးဘုတ်မှာ Touchpad ကိုလည်း တပ်ဆင်ထားဖို့လည်း စဉ်းစားနေပါတယ်။

LG က ပီစီလိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်ပြီး Windows 8.1 ထည့်သွင်းထားတဲ့ Tab-Book ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ရောင်းချခဲ့ပါသေးတယ်။ ဒီနှစ် ဇူလိုင်လထဲမှာ LG က Android 4.2 ပြောင်းလဲထည့် သွင်းထားတဲ့ Tab-Book မျိုးဆက်ကို ရောင်းချခဲ့ပါတယ်။

LG က သူ့ရဲ့ တက်ဘလက်ရောင်းချမှုကို မကျေနပ်သေးပါဘူး။ LG ရဲ့ စမတ်ဖုန်း ထုတ်လုပ်မှုဟာ တက်ဘလက် ထုတ်လုပ်မှုထက် အများကြီး များပြားနေပါတယ်လို့ LG မှ ပြောရေးဆိုခွင့်ရှိသူက ပြော ပါတယ်။

အခု သတင်းဟာ LG က တရားဝင်ကြေညာထားခြင်း မဟုတ်သေးဘဲ ပေါက်ကြားတဲ့ သတင်းဖြစ်တဲ့အတွက် တက်ဘလက်အသစ်ကို စောင့်ကြည့်ရပါမယ်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com