11/17/2014

♪ ကမ္ဘာ့ အပါးလွှာဆုံး စမတ်ဖုန်း ဖြစ်လာမည့် Vivo X5 Max ♫

http://www.pcworld.com.vn/files/articles/2014/1236842/vivo-x5-max2.jpg

Oppo R5 ၏ အထူသည် ၄.၈၅ မီလီမီတာသာ ရှိသဖြင့် ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်ုး အဖြစ် လက်ရှိတွင် သတ်မှတ်ခံထားရပါသည်။ သို့သော် Vivo က ကြေညာတော့မည့် X5 Max စမတ်ဖုန်း၏ အထူသည် ၃.၇၅ မီလီမီတာသာ ရှိမည်ဟု အင်တာနက် စာမျက်နှာများတွင် ရေးသားထားကြသည့် အတွက် Oppo ၏ စံချိန်ကို လွှဲပြောင်းယူတော့မည် ဖြစ်သည်။

Vivo ကလည်း R5 ထက် ပိုမို ပါးလွှာစေရန် X5 Max ကို မည်သို့ တည်ဆောက်ထားသည်ကို ရေးသား ထားပါသည်။ X5 Max ကို တိုင်းတာထားသည့် ဓါတ်ပုံအရ အထူမှာ ၃.၇၅ မီလီမီတာသာ ရှိသည်ဟု သိရပါသည်။

Vivo က ထိုကဲ့သို့ ပါးလွှာစေရန် မျက်နှာပြင်အောက်ရှိ အတွင်းပိုင်း Hardware များကို ကိုးဆယ်ရာခိုင်နှုန်း ဖယ်ရှားထားသည်ဟု ဓါတ်ပုံများက ဖော်ပြထားပါသည်။

Oppo က R5 ကို ပါးလွှာစေရန် 3.5mm Audio Jack ကို ဖြုတ်ထားခဲ့ရ သကဲ့သို့ ယခင်ခေတ်တွင် အသုံးပြုသော 3.5mm microUSB ကို အသုံးပြုထားပါသည်။ ထို့အပြင် R5 တွင် Memory Slot မပါရှိပါ။ Vivo ကမူ X5 Max တွင် အထက်ပါ အစိတ်အပိုင်းများကို ဖယ်ရှားထားမည်မဟုတ်ဟု ပြောထားပါသည်။

X5 Max တွင် ၅.၅ လက်မ Full HD 1080p Display, 1.7GHz Octa-Core Media Tek Chipset, 2GB RAM , Android 4.4 KitKat , 13MP နှင့် 5MP Camera များ တပ်ဆင်ထားမည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။ Vivo X5 Max ကို ဒီဇင်ဘာလတွင် ရောင်းချမည်ဟု မျှော်လင့်ရပါသည်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com