11/28/2014

♪ မြန်မာနိုင်ငံ၌ ဂြိုဟ်တုနှင့် ဆက်နွှယ်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်စီစဉ် ♫


မြန်မာနိုင်ငံ၍ ဂြိုဟ်တုနှင့် ဆက်နွှယ်သော ဝန်ဆောင်မှုများပေးနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း Naung Yoe Technologies ကုမ္ပဏီလီမိတက်နှင့် နယူးဇီလန်အခြေစိုက် Wirelessnation ကုမ္ပဏီတို့ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ “Network Facilities Service ပေး သွားမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ဒီဇိုင်းနဲ့လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံအတွက် ဘာအားသာချက်ရှိမလဲ ဆိုတော့ မှန်ကန်တဲ့ဈေးနှုန်း၊ မှန်ကန်တဲ့ နည်းပညာရမယ်။ ပြည်သူတိုင်းက သင့်တင့်မျှတစွာ အသုံးပြုနိုင် မယ်” ဟု Naung Yoe Technologies ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲဝင်းထွဋ်တင်က ပြောသည်။

အင်တာနက်ဝန်ဆောင်မှုအပါအဝင် ဂြိုဟ်တုနှင့်ဆက်နွှယ်နေသော ဝန်ဆောင်မှုအားလုံးကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုအတွက် လိုင်စင်လျှောက်ထားရန် အဆင့် ကို ဆောင်ရွက် လျက်ရှိကြောင်း၊ လိုင်စင်အတွက် သတ်မှတ်ထားချက်များကို ပြင်ဆင်လျက်ရှိကြောင်းသိရ သည်။

“ပထမဦးဆုံး Satellite စနစ်ကို ပထမတစ်နှစ်အတွင်းမှာ စဖို့လုပ်နေပါတယ်။ Satellite Capacity အတွက် နိုင်ငံခြားကုမ္ပဏီနဲ့ သဘောတူလက်မှတ် ထိုးတာတို့ဘာတို့ လုပ်ရမယ်။ Satellite ပိုင်တဲ့ ကုမ္ပဏီတွေ ဆီက Capacity ဝယ်ရမယ်။ အခြေခံအဆောက်အဦ ဆောက်ရမယ်။ အဲဒီလိုလုပ်နေတဲ့အချိန်မှာ နောင်ရိုး ကဝန်ထမ်း တချို့ကို ကျွန်တော်တို့က ပြည်ပကို Training တွေလွှတ်ဖို့ ရှိတယ်။ အဲဒါတွေကို ပထမတစ်နှစ် အတွင်း မှာလုပ်မယ်။ ပြီးတော့ စမ်းသပ်ပြီး ဝန်ဆောင်မှုပေးနိုင်မှာပါ” ဟု Wirelessnation ကုမ္ပဏီ၏ Technical Director ဦးTom Linn ကပြောသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com