11/27/2014

♪ Samsung ရဲ့ TouchWiz Version အသစ်မှာ Theme များကို ပြောင်းလဲနိုင်မည် ♫

gsmarena_001

Sony, CyanogenMod များက သူတို့ရဲ့ စမတ်ဖုန်းများမှာ Theme များကို ပြောင်းလဲနိုင်အောင် ပြုလုပ်ပေး ထားကြပါတယ်။ အခုတစ်ခါမှာ Samsung ကလည်း သူ့ရဲ့ TouchWiz Version အသစ်မှာ အဆိုပါ စွမ်းဆောင် ချက်ကို ထည့်သွင်းပေးတော့မှာပါ။ Theme များကို ပြောင်းလဲခြင်းဟာ Wallpaper နဲ့ အိုင်ကွန်များကို ပြောင်း လဲတာထက် Android Device ရဲ့ ပုံပန်းသွင်ပြင်ကို များစွာ ပြောင်းလဲစေနိုင်ပါတယ်။

Samsung ရဲ့ Themes Setting ကို Android 5.0 Lollipop ထည့်သွင်းထားတဲ့ Galaxy S5 ရဲ့ ပေါက်ကြား ထွက်ပေါ်လာတဲ့ ဓါတ်ပုံများမှာ တွေ့ရှိရတာ ဖြစ်ပါတယ်။ Samsung က ဘယ်ဖုန်းများမှာ Theme ပြောင်းလဲနိုင် မှုကို ထည့်သွင်းပေးမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ကျွမ်းကျင်သူများရဲ့ ခန့်မှန်းချက်အရတော့ ပြီးခဲ့ တဲ့နှစ်နဲ့ ယခုနှစ်မှာ ထွက်ရှိထားတဲ့ Galaxy S နဲ့ Galaxy Note ဖုန်းများ အပြင် Galaxy Alphas ဖုန်းများမှာ ပါရှိနိုင်ပါတယ်။

နောက်ထပ် ပြောင်းလဲမှုက S Finder ခလုတ်ကို ဘယ်ဘက်အပေါ်ထောင့်ကို ပြောင်းရွှေ့လိုက်ပြီး Quick Connect ခလုတ်ကို ဖယ်ရှားထားပါတယ်။ အဲဒီအတွက် Notification Area မှာ နေရာလွတ်များ ရရှိလာမှာပါ။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com