11/17/2014

♪ နည်းပညာ သတင်းများကို ပြသပေးမယ့် Pilot ♫

2

အင်တာနက်မှ သတင်းများကို ကြည့်ရှုနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ Facebook လို လူမှုကွန်ယက် ကနေ ကြည့်နိုင်သလို ဘရောက်စာတွေကနေ ၊ RSS Feed Reader တွေကနေ ကြည့်နိုင်ပါတယ်။ အဲဒီထဲက ထူးခြားတာ တစ်ခုက နည်းပညာ သတင်းများကိုသာ ရွေးချယ် တင်ပြပေးတဲ့ Pilot ဆိုတဲ့ Android App အသစ်တစ်ခု ဖြစ်ပါတယ်။ Pilot က သင်နှစ်သက်တဲ့ ၊ သိမ်းထားတဲ့ သတင်းများကို လေ့လာမှတ်သားထားပြီး သင့်အကြိုက် သတင်းများကို ပြသပေးနိုင်တဲ့ ဥာဏ်ရည်မြင့် App တစ်ခုဖြစ်ပါတယ်။
Pilot ကို အင်စတော လုပ်ပြီးရင် ဖွင့်ပါ။ ပထမဆုံး အကြိမ်ဖွင့်ရင် Pilot ကို အသုံးပြုနည်းကို ပြသပေးမှာ ဖြစ်ပါတယ်။ ညာမှ ဘယ်သို့ ပွတ်ဆွဲပြီး ပြောင်းလဲ ကြည့်ရှုပါ။
1
2
ပြီးရင်တော့ Pilot ရဲ့ Home Screen ဖြစ်တဲ့ News Feed ကို ရောက်ရှိသွားမှာပါ။ News Feed မှာ တစ်ကြိမ်ကို သတင်းတစ်ခု ပြသပေးထားပါတယ်။
3
သတင်းကို သိမ်းချင်ရင် ညာဘက်သို့ ပွတ်ဆွဲပြီး ဖယ်ရှားချင်ရင် ဘယ်ဘက်သို့ ပွတ်ဆွဲပါ။ သတင်းကို ဖတ်ချင်ရင်တော့ တစ်ချက်နှိပ်ပါ။ ဒါဆိုရင် Pilot ရဲ့ Built-In Browser ကနေ ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီကနေ သတင်းကို Facebook မှာ မျှဝေနိုင်ပြီး Messenger ကနေလည်း ပေးပို့နိုင်ပါတယ်။ ဒါ့အပြင် Evernote လို သတင်း၊ ဆောင်းပါးများ သိမ်းနိုင်တဲ့ App မှာ သိမ်းထားနိုင်ပါတယ်။
45
သိမ်းထားတဲ့ သတင်းများကို ဖတ်ချင်ရင် ညာဘက်အပေါ်ထောင့်မှ Bookmark Icon ကို နှိပ်ပါ။ အဲဒီမှာ သိမ်းထားတဲ့ သတင်းများကို စုစည်းပြသပေးထားပါတယ်။ ဖတ်ချင်တဲ့ သတင်းကို တစ်ချက်နှိပ်ပြီး ဖတ်နိုင်ပါတယ်။ ညာဘက် အပေါ်ထောင့်မှ Export Icon ကိုနှိပ်ရင် Menu တစ်ခု ပေါ်လာမှာ ဖြစ်ပြီး Send articles to Email ကိုနှိပ်ပြီး သင့်ရဲ့ အီးမေး သို့မဟုတ် အခြား အီးမေးတစ်ခုထံသို့ သတင်းကို ပေးပို့နိုင်ပါတယ်။ Clear saved articles ကိုနှိပ်ရင်တော့ သိမ်းထားတဲ့ သတင်းများကို ဖယ်ရှားပေးမှာပါ။ News Feed ကို ပြန်သွားချင်ရင် Cancel ကိုနှိပ်ပြီး ဘယ်ဘက်အပေါ်ထောင့်မှ Pilot Icon ကိုနှိပ်ပါ။
67
Pilot ကို အသုံးပြုဖို့ အကောင့် ပြုလုပ်စရာ မလိုပါဘူး။ RSS Reader များလို နှစ်သက်ရာ သတင်းအရင်းအမြစ်ကို ထည့်သွင်းလို့ မရဘဲ Pilot က သင်နှစ်သက်လေ့ ရှိတဲ့ သတင်းများကို မှတ်သားပြီး အလိုအလျှောက် ပြသပေးတာပါ။ နည်းပညာ သတင်းများကို နှစ်သက်သူများ အတွက် Pilot က အသုံးဝင်မှာပါ။ Pilot ကို Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com